ကစားသမားဘဝက အပြီးတိုင်အနားယူပြီးနည်းပြဘဝကို လုံးလုံးကူးပြောင်းတော့မယ့် ဖီးလ်ဂျူံးစ်

0

မန်ယူနိုက်တက်အသင်းရဲ့နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ ဖီးလ်ဂျူံးစ်က ဘောလုံးသမားဘဝကနေ သူ အပြီးအပိုင်အနားယူပြီး နည်းပြတစ်ဦးဘဝကို လုံးလုံးကူးပြောင်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဖီးလ်ဂျူံးစ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားဘဝမှာ အနှောင့်အယှက်များစွာဖြစ်ခဲ့ရပြီး ပွဲကစားခွင့်များစွာ ဆုံးရှုံးခဲ့သူပါ။ ၂၀၁၁ ခုနှစ်က ဘလက်ဘန်းအသင်းကနေ ပြောင်းရွှေ့လာပြီးနောက် မန်ယူနိုက်တက်အသင်းမှာ အဓိကနောက်ခံလူတစ်ဦးဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာတွေကြောင့် မကြာခဏအနားယူခဲ့ရပါတယ်။

၂၀၂၂-၂၃ ရာသီမှာတော့ တစ်ရာသီလုံး တစ်ပွဲတောင် မကစားခဲ့ရဘဲ အဲဒီရာသီအကုန်မှာ မန်ယူနိုက်တက်အသင်းကနေ အနားယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်အကယ်ဒမီမှာ နည်းပြပညာရပ်တွေ သင်ယူခဲ့ပြီး မန်ယူနိုက်တက် ယူ-၁၄ အသင်းနဲ့ ယူ-၁၈ အသင်းရဲ့နည်းပြအဖွဲ့တွေမှာ ပါဝင်ကူညီခဲ့ပါတယ်။

အခုအသက်(၃၂)နှစ်အရွယ်ရှိသူ ဖီးလ်ဂျူံးစ်က ဘောလုံးသမားဘဝကို လုံးဝအဆုံးသတ်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး နည်းပြတစ်ဦးဖြစ်လာဖို့ အာရုံစိုက်ကြိုးစားသွားမယ်လို့ ဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *