ပရီးမီးယားလိဂ်ရာသီအဖွင့်ဂိုးသွင်းယူနိုင်တဲ့

0

တတိယမြောက် မန်ယူနိုက်တက်ကစားသမား ဇက်ခ်ဇီ

၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူနိုက်တက်(၁-ဝ)ဖူလ်ဟမ်ပွဲမှာ မန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲတဲ့ နယ်သာလန်တိုက်စစ်မှူးဇက်ခ်ဇီဟာ ပရီးမီးယားလိဂ်ရာသီတစ်ခုမှာ အဖွင့်ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက် မန်ယူနိုက်တက်ကစားသမားဖြစ်လာပါတယ်။

အရင်က ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ဒီလို ပရီးမီးယားလိဂ်ရာသီအဖွင့်ဂိုးသွင်းယူနိုင်တဲ့ မန်ယူနိုက်တက်ကစားသမားက (၂)ဦးသာရှိခဲ့တာပါ။

သူတို့(၂)ဦးက ၂၀၀၅-၀၆ ရာသီပွဲစဉ်(၁) မန်ယူနိုက်တက်-အဲဗာတန်ပွဲမှာ အဖွင့်ဂိုးသွင်းခဲ့တဲ့ နယ်သာလန်တိုက်စစ်မှူးဗန်နစ္စတယ်ရွိုင်းနဲ့ ၂၀၁၈-၁၉ ရာသီ ပွဲစဉ်(၁) မန်ယူနိုက်တက်-လက်စတာပွဲမှာ အဖွင့်ဂိုးသွင်းခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူပေါ့ဘာတို့ဖြစ်ပါတယ်။

ဒါကြောင့် ဇက်ခ်ဇီက ဒီလိုမှတ်တမ်းမျိုးကို ရယူနိုင်တဲ့ တတိယမြောက် မန်ယူနိုက်တက်ကစားသမားဖြစ်လာပါတယ်။ မန်ယူနိုက်တက်အသင်းမှာ တိုက်စစ်ကို အဓိကလမ်းညွှန်သွားမယ့် လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းရဲ့ကိုင်တွယ်မှုအောက်မှာ ဇက်ခ်ဇီတစ်ယောက် အသင်းအတွက် ဘယ်လောက်အထိ အကျိုးပြုနိုင်မလဲ .. သူ့ရဲ့သွင်းဂိုးတွေကို ဘယ်လောက်အထိ တွေ့မြင်ရမလဲဆိုတာ စိတ်ဝင်စားစရာပါ။

Leave a Reply

Your email address will not be published. Required fields are marked *