မန််စီးတီးအနာဂတ်ကို အခုနှစ် ခရစ္စမတ်ကာလမတိုင်မီ ဆုံးဖြတ်ရမယ့် ဂွါဒီယိုလာ

0

မန်စီးတီးအသင်းနဲ့ စပိန်လူမျိုးနည်းပြဂွါဒီယိုလာတို့ ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်က လာမယ့်နှစ်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းမှာ ဆက်ရှိမရှိဆိုတာကို ယတိပြတ်ပြတ်သားသားပြောဆိုခြင်းမရှိသေးဘဲ သူ့အနာဂတ်က မရှင်းမလင်းဘဲ ရှိနေပါသေးတယ်။

ပြီးခဲ့တဲ့ ရာသီကုန်က မိမိအနေနဲ့ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ မန်စီးတီးအသင်းက အနားယူနိုင်တယ်လို့ ဂွါဒီယိုလာက ဆိုထားဖူးပြီး မကြာသေးမီကလည်း မန်စီးတီးအသင်းနဲ့ စာချုပ်သစ်မချုပ်ဘူးလို့ မိမိမငြင်းဆိုနိုင်ဘူးလို့ ဆိုခဲ့တာကြောင့် သူ့ရဲ့အနာဂတ်ကို တိတိကျကျမသိရှိရသေးတာပါ။

ဒါကြောင့် မန်စီးတီးအသင်းပိုင်ရှင်တွေအနေနဲ့ ဂွါဒီယိုလာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရှိလိုနေကြပါတယ်။

မန်စီးတီးအသင်းပိုင်ရှင်အာရပ်စော်ဘွားတွေက ဂွါဒီယိုလာအနေနဲ့ အခုနှစ် ခရစ္စမတ်ကာလမတိုင်မီ စာချုပ်သစ်ချုပ်ဆိုခြင်း ရှိမရှိဆိုတာကို ယတိပြတ်ဆုံးဖြတ်ဖို့ သူ့ကို အသိပေးထားကြောင်း သိရပါတယ်။

ဂွါဒီယိုလာဟာ ၂၀၁၆ နွေရာသီမှာ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိပရီးမီးယားလိဂ်နည်းပြတွေထဲမှာ လက်ရှိအသင်းမှာ သက်တမ်းအရင့်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်နေပါတယ်။

လက်ရှိပရီးမီးယားလိဂ်နည်းပြတွေထဲမှာ လက်ရှိအသင်းမှာ သက်တမ်းအရင့်ဆုံးနည်းပြများ

■ ဂွါဒီယိုလာ(မန်စီးတီး) – (၈)နှစ်(၁)လ
■ သောမတ်စ်ဖရန့်ခ်(ဘရန့်ဖို့ဒ်) – (၅)နှစ်(၁၀)လ
■ အာတီတာ(အာဆင်နယ်) – (၄)နှစ်(၇)လ
■ မာကိုဆေးလ်ဗား(ဖူလ်ဟမ်) – (၃)နှစ်(၁)လ
■ အက်ဒီဟောင်း(နယူးကာဆယ်) – (၂)နှစ်(၉)လ

Leave a Reply

Your email address will not be published. Required fields are marked *