အန်ဖီးလ်ကွင်းမှာ ဂိုးအများဆုံးသွင်းသူ(၅)ဦးစာရင်းထဲဝင်လာတဲ့ ဆာလာ

0

လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူးဆာလာအနေနဲ့ အခုတစ်ပတ်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) လီဗာပူးလ်(၂-ဝ)ဘရန့်ဖို့ဒ်ပွဲမှာ အနိုင်ဂိုး(၁)ဂိုးသွင်းယူခဲ့ပြီးနောက် အန်ဖီးလ်ကွင်းမှာ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်က (၁၁၈)ဂိုးအထိရှိလာခဲ့ပါတယ်။

ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပွဲဦးထွက် ပရီးမီးယားလိဂ်(၂)ပွဲစလုံးဂိုးသွင်းယူပေးခဲ့ပြီး အသင်းအတွက် သူ့ရဲ့ပြိုင်ပွဲစုံသွင်းဂိုးက (၂၁၃)ဂိုးအထိရှိလာပါတယ်။ ဒီအထဲမှာ ထက်ဝက်ကျော်ပမာဏဖြစ်တဲ့ (၁၁၈)ဂိုးက အိမ်ကွင်းအန်ဖီးလ်မှာ သွင်းယူခဲ့တာပါ။

ဒါကြောင့် ဆာလာအနေနဲ့ အန်ဖီးလ်ကွင်း ဂိုးအများဆုံးသွင်းသူစာရင်းမှာ အရင်မှတ်တမ်းတူနေတဲ့ လီဗာပူးလ်တိုက်စစ်မှူးဟောင်းရော်ဘီဖောင်လာကို ကျော်ဖြတ်ပြီး ထိပ်ဆုံး(၅)ဦးစာရင်းထဲဝင်လာခဲ့ပါတယ်။

သူ့ထက် အန်ဖီးလ်မှာ ဂိုးပိုသွင်းထားကြသူ(၄)ဦးသာရှိပြီး ဒီကစားသမားတွေက အီယန်ရပ်ရှ်(၁၈၅ ဂိုး)၊ ရော်ဂျာဟန့်ခ်(၁၇၃)ဂိုး၊ ဂေါ်ဒွန်ဟော့ဒ်ဆန်(၁၅၉ ဂိုး)၊ ဘီလီလစ်ဒယ်လ်(၁၃၇ ဂိုး)တို့ ဖြစ်ပါတယ်။

ဒါကြောင့် ဆာလာအနေနဲ့ လီဗာပူးလ်အသင်းမှာ ရည်ရှည်ဆက်ရှိနေပြီး အန်ဖီးလ်ကွင်းမှာ ဂိုးအများဆုံးသွင်းသူဆိုတဲ့ စံချိန်မှတ်တမ်းကို ပိုင်ဆိုင်နိုင်မလား … ဖောင်လာအပြီး ရှေ့က ကစားသမားဘယ်နှယောက်ကို ထပ်ကျော်ဖြတ်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *