၂၀၂၄ ခုနှစ်အတွင်း ဂိုးအခွင့်အလမ်းအများဆုံးဆုံးရှုံးတဲ့အသင်းအဖြစ် ဦးဆောင်နေတဲ့လီဗာပူးလ်

0

၂၀၂၄ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးရနိုင်တဲ့ ကြီးမားတဲ့အခွင့်အလမ်း(Big Chance)တွေကို အများဆုံး ဆုံးရှုံးတဲ့အသင်းအဖြစ် လီဗာပူးလ်အသင်းက ထိပ်ဆုံးက ပြတ်ပြတ်သားသားဦးဆောင်နေပါတယ်။

အခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းရဲ့ဂိုးအခွင့်အလမ်းဆုံးရှုံးမှုက (၄၇)ကြိမ်အထိရှိနေပြီး ဒုတိယနေရာက မန်စီးတီးအသင်းထက် (၈)ကြိမ်အထိ ပိုမိုများပြားနေတာပါ။

ဒုတိယနေရာမှာ ပရီးမီးယားလိဂ်(၄)ကြိမ်ဆက်ချန်ပီယံ မန်စီးတီးအသင်းက (၃၉)ကြိမ်နဲ့ရှိနေပြီး နောက်မှာ နယူးကာဆယ်(၃၄ ကြိမ်)၊ ချယ်လ်ဆီး(၃၄ ကြိမ်)၊ အာဆင်နယ်(၃၃ ကြိမ်)တို့ ရှိနေပါတယ်။

လီဗာပူးလ်အသင်းရဲ့ဂိုးရပိုင်ခွင့်တွေကို အများဆုံးဖြုန်းတီးခဲ့သူအဖြစ် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို ပရိသတ်တွေက ပြစ်တင်ဝေဖန်ခဲ့ကြပြီး လီဗာပူးလ် ပရိသတ်တချို့အနေနဲ့ သူ့ကို အသင်းက ပြန်လည်ရောင်းချဖို့တောင် တောင်းဆိုမှုတွေရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *