ပရီးမီးယားလိဂ်မှာ (၁၀)ရာသီဆက်တိုက် ဂိုးသွင်းတဲ့မှတ်တမ်းတစ်ခုရခဲ့တဲ့ ဆွန်ဟောင်မင်

0

စပါးအသင်းခေါင်းဆောင် တောင်ကိုရီးယားတောင်ပံတိုက်စစ်ကစားသမားဆွန်ဟောင်မင်ဟာ မနေ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) စပါး(၄-ဝ)အဲဗာတန်ပွဲစဉ်မှာ အသင်းအတွက် ဂိုး(၂)ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ဒီပြိုင်ပွဲမှာ (၁၀)ရာသီဆက်တိုက် ဂိုးသွင်းနိုင်တဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ ၂၀၁၅ နွေရာသီမှာ လေဗာကူဆင်အသင်းကနေ စပါးအသင်းကို ပေါင်(၂၂)သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ခြေစွမ်းအပြနိုင်ဆုံးအာရှသားအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဆွန်ဟောင်မင်အနေနဲ့ စတင်ရောက်ရှိလာတဲ့ရာသီကတည်းက အသင်းအတွက် ရာသီတိုင်းပရီးမီးယားလိဂ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဒီနောက်ပိုင်းနှစ်တွေမှာ သူ့ရဲ့သွင်းဂိုးတွေက အရေအတွက် ပိုမိုများပြားလာခဲ့သလို၊ တောင်ပံကစားသမားတစ်ဦးဘဝကနေ တိုက်စစ်မှူးတစ်ဦးဖြစ်လာပါတယ်။

စပါးအသင်းမှာ ဂိုးသွင်းဘုရင်ဖြစ်သူ ဟာရီကိန်းဘိုင်ယန်ကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီက ဆွန်ဟောင်မင်အနေနဲ့ စပါးအသင်းအတွက် ပရီးမီးယားလိဂ်ဂိုး(၁၇)ဂိုးသွင်းယူပြီး အသင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *