အသက်(၂၃)နှစ်မပြည့်ခင် ပရီးမီးယားလိဂ်မှာ နိုင်ပွဲ(၁၀၀)ပြည့်တဲ့ စတုတ္ထမြောက် ကစားသမား ဆာကာ

0

မနေ့က ပရီးမီးယားလိဂ်ပွဲစဉ်(၂) အက်စတွန်ဗီလာ(ဝ-၂)အာဆင်နယ်ပွဲမှာ အာဆင်နယ်အသင်းအနိုင်ရခဲ့ပြီးနောက် အာဆင်နယ်အသင်းရဲ့အင်္ဂလန်တောင်ပံကစားသမားဆာကာဟာ ပရီးမီးယားလိဂ်မှာနိုင်ပွဲ(၁၀၀)ပြည့်ခဲ့ပါတယ်။

အသက်(၂၂) နှစ်၊ (၁၁)လအရွယ်ရှိတဲ့ ဆာကာအနေနဲ့ အသက်(၂၃)နှစ်မပြည့်ခင်မှာ ဒီမှတ်တမ်းကိုရရှိတဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာပါတယ်။

ဆာကာဟာ ၂၀၁၈-၁၉ ရာသီက စပြီး ပရီးမီးယားလိဂ်မှာ ပွဲဦးထွက်ကစားခွင့်ရခဲ့ပြီး (၇)ရာသီအတွင်း ဒီပြိုင်ပွဲမှာ ကစားခဲ့တာ ပွဲပေါင်း(၁၇၂)ပွဲရှိခဲ့ပြီဖြစ်ပါတယ်။

ဒီ(၁၇၂)ပွဲမှာ နိုင်ပွဲ(၁၀၀)ပွဲ၊ သရေပွဲ(၃၀)ပွဲ၊ ရှုံးပွဲ(၄၂)ရရှိထားတာဖြစ်ပါတယ်။

အရင်က ဆာကာလို အသက်(၂၃)နှစ်မပြည့်ခင်မှာ ဒီမှတ်တမ်းကိုရရှိခဲ့တဲ့ ကစားသမားတွေက ဝိန်းရွန်နီ၊ ဆက်စ်ဖာဘရီဂတ်စ်၊ ဖီးလ်ဖိုဒန်တို့ဖြစ်ပါတယ်။

ရွန်နီက ပွဲ(၁၀၀)ပြည့်ချိန်မှာ (၂၂)နှစ်(၈၆)ရက်၊ ဖာဘရီဂတ်စ်က ပွဲ(၁၀၀)ပြည့်ချိန်မှာ (၂၂)နှစ်(၁၀၈)ရက်၊ ဖိုဒန်က ပွဲ(၁၀၀)ပြည့်ချိန်မှာ (၂၂)နှစ်(၃၅၈)ရက်အသီးသီးရှိခဲ့ကြပြီး ဆာကာကတော့ ပွဲ(၁၀၀)ပြည့်ချိန်မှာ (၂၂)နှစ်(၃၅၄)ရက်ရှိခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *