(၉၀+) မိနစ် ပေးဂိုးတွေနဲ့ မကြာခဏ ကံဆိုးမိုးမှောင်ကျနေတဲ့ မန်ယူနိုက်တက်အသင်း

0

မန်ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) ဘရိုက်တန်(၂-၁)မန်ယူနိုက်တက်ပွဲမှာ ဘရိုက်တန်အသင်းကို မိနစ်(၉၀)နောက်ပိုင်းပေးခဲ့ရတဲ့ (၉၀+၅)မိနစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းအနေနဲ့ ၂၀၂၂-၂၃ ရာသီအစက စပြီး ပရီးမီးယားလိဂ်မှာ (၉၀)မိနစ်နောက်ပိုင်း ထပ်ဆောင်းအချိန်ပိုမှာ ပေးခဲ့ရတဲ့ ဂိုးတွေနဲ့ ရှုံးနိမ့်နေတာ ဒီပွဲအပါအဝင် (၆)ပွဲအထိ ရှိနေပြီဖြစ်ပါတယ်။

ဒီကာလအတွင်း ဒီလောက်ပွဲအရေအတွက်အထိ ရှုံးနိမ့်တာ မန်ယူနိုက်တက်အသင်းပဲရှိပြီး တခြားဘယ်ပရီးမီးယားလိဂ်အသင်းထက်မဆို ပိုမိုများပြားတဲ့ ကိန်းဂဏန်းတစ်ခုဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းအနေနဲ့ နောက်ဆုံး(၂)ရာသီနဲ့ ဒီရာသီ(၂)ပွဲ (စုစုပေါင်း ၇၈ ပွဲ)မှာ (၆)ပွဲအထိ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒီမတိုင်ခင် (၂၀၂၂-၂၃ ရာသီမတိုင်မီ) ပရီးမီးယားလိဂ်ရာသီ (၃၀)ရာသီအတွင်းမှာ ဒီလို (၉၀+)မိနစ်ဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့တာ (၂)ပွဲသာရှိခဲ့ပါတယ်။

ဒါကြောင့် အရင်က”ပွဲသိမ်းခရာမမှုတ်မချင်း ဒီပွဲမန်ယူနိုက်တက်အသင်းအနိုင်မရဘူးလို့ ပြောလို့မရဘူး”ဆိုတဲ့ ဆိုစမှတ်ဖြစ်ခဲ့တဲ့ စကားအစား “ပွဲသိမ်းခရာမမှုတ်မချင်း ဒီပွဲမန်ယူနိုက်တက်အသင်းမရှုံးဘူးလို့ ပြောလို့မရဘူး”လို့ ပြောင်းလဲရတော့မှာပါ။

မန်ယူနိုက်တက်အသင်းအနေနဲ့ ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့တာကလည်း ဒီအသင်းနဲ့ ဆုံတွေ့တဲ့နောက်ဆုံးပရီးမီးယားလိဂ်(၆)ပွဲမှာ (၅)ပွဲမြောက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ဘရိုက်တန်ကွင်းမှာ (၂-ဝ)ဂိုးနဲ့ တစ်ပွဲသာ အနိုင်ရပြီး ကျန်ပရီးမီးယားလိဂ်နောက်ဆုံးတွေ့ဆုံမှု(၅)ပွဲစလုံးအရေးနိမ့်ခဲ့တာပါ။

ဘရိုက်တန်နဲ့ မန်ယူနိုက်တက်အသင်း နောက်ဆုံးတွေ့ဆုံမှု(၆)ပွဲ

■ ၂၀၂၁-၂၂ ဘရိုက်တန်(၄-ဝ)မန်ယူနိုက်တက်
■ ၂၀၂၂-၂၃ မန်ယူနိုက်တက်(၁-၂)ဘရိုက်တန်
■ ၂၀၂၂-၂၃ ဘရိုက်တန်(၁-ဝ)မန်ယူနိုက်တက်
■ ၂၀၂၃-၂၄ ဘရိုက်တန်(ဝ-၂)မန်ယူနိုက်တက်
■ ၂၀၂၃-၂၄ မန်ယူနိုက်တက်(၁-၃)ဘရိုက်တန်
■ ၂၀၂၄-၂၅ ဘရိုက်တန်(၂-၁)မန်ယူနိုက်တက်

Leave a Reply

Your email address will not be published. Required fields are marked *