လာလီဂါတစ်လတာအကောင်းဆုံးနည်းပြဆုရခဲ့တဲ့ ပထမဆုံး ဂျာမန်လူမျိုး နည်းပြဟန်ဆီဖလစ်

0

၂၀၂၄-၂၅ ဘောလုံးရာသီရဲ့ပထမဆုံးလဖြစ်တဲ့ သြဂုတ်လအတွက် လာလီဂါတစ်လတာအကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာအသင်းရဲ့ဂျာမန်လူမျိုးနည်းပြ ဟန်ဆီဖလစ်က ဆွတ်ခူးရရှိခဲ့ပါတယ်။

ဟန်ဆီဖလစ်ဟာ လာလီဂါရောက် ဂျာမန်လူမျိုးနည်းပြတွေထဲမှာ ဒီဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာပါတယ်။

ဟန်ဆီဖလစ်ရဲ့ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေရှိပေမယ့် ပြီးခဲ့တဲ့သြဂုတ်လအတွင်းကစားခဲ့တဲ့ လာလီဂါ(၄)ပွဲစလုံးကို ရာနှုန်းပြည့်အနိုင်ကစားနိုင်ခဲ့ပါတယ်။

ဒီရာသီလာလီဂါမှာ ဘာစီလိုနာအသင်းဟာ ချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းအပါအဝင် အခြားအသင်းတွေကို အနည်းဆုံးရမှတ်(၄)မှတ်ဖြတ်ဦးဆောင်နေပြီး တစ်ကျော့ပြန်ချန်ပီယံခရီးအတွက် အခြေအနေကောင်းနေပါတယ်။

ဒါကြောင့် ဘာစီလိုနာအသင်းရဲ့နိုင်ပွဲတွေအတွက် အဓိကနေရာကခြေစွမ်းပြခဲ့တဲ့ လူငယ်ကစားသမားလာမင်းယာမားလ်ကိုလည်း လာလီဂါ အဖွဲ့ချုပ်က သြဂုတ်လအတွက် လာလီဂါ ယူ-၂၃ အကောင်းဆုံးကစားသမားဆုချီးမြှင့်ခဲ့ပါတယ်။

သြဂုတ်လအတွက် လာလီဂါအကောင်းဆုံးကစားသမားဆုကို လက်ရှိအချိန်မှာ မချီးမြှင့်ရသေးဘဲ ယာမားလ်က ဒီဆုကိုလည်းရရှိဖို့ ထပ်မံရေပန်းစားနေသလို ဘာစီလိုနာတောင်ပံတိုက်စစ်ကစားသမားရာဖင်ညာလည်း ဒီဆုကို ရနိုင်သူအဖြစ် ရေပန်းစားနေပါတယ်။

လာလီဂါအကောင်းဆုံးနည်းပြဆုနဲ့ ကစားသမားဆုတွေကို ၂၀၁၃-၁၄ ရာသီက စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး လာလီဂါ ယူ-၂၃ အကောင်းဆုံးကစားသမားဆုကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီက စတင်ချီးမြှင့်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *