၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေးဂိုးလုံးဝမရှိဘဲ Clean Sheet (၈)ပွဲဆက်ရယူခဲ့တဲ့ ဂျပန်

0

ဂျပန်လက်ရွေးစင်အသင်းဟာ ၂၀၂၆ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)မှာ ပေးဂိုးလုံးဝမရှိဘဲ ပွဲတိုင်းကို Clean Sheet တွေနဲ့ အနိုင်ယူခဲ့တဲ့ သူတို့ရဲ့မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။

ဂျပန်အသင်းဟာ ခြေစစ်ပွဲ(ဒုတိယအဆင့်)မှာ (၆)ပွဲကစား (၂၄)ဂိုးသွင်းပြီး ပေးဂိုးမရှိခဲ့သလို၊ အခု ခြေစစ်ပွဲ(တတိယအဆင့်)မှာလည်း (၂)ပွဲကစား (၁၂)ဂိုးသွင်းပြီး ပေးဂိုးလုံးဝမရှိခဲ့တာပါ။

ဒါကြောင့် ဂျပန်လက်ရွေးစင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား‌ခြေစစ်ပွဲမှာ စုစုပေါင်း(၈)ပွဲကစားထားပြီး (၈)ပွဲလုံးကို Clean Sheet ရရှိထားသလို သွင်းဂိုးစုစုပေါင်း(၃၆)ဂိုး၊ ပေးဂိုးမရှိ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။

ခြေစစ်ပွဲ ဒုတိယအဆင့်မှာ မြန်မာအသင်းနဲ့ စကစားခဲ့တဲ့အိမ်ကွင်းပွဲကစပြီး ဂျပန်အသင်းက Clean Sheet နိုင်ပွဲတွေ ဆက်တိုက် ရယူခဲ့တာပါ။ဒုတိယအဆင့်အုပ်စုပွဲတွေမှာ မြန်မာကို (၅-ဝ)(၅-ဝ)၊ မြောက်ကိုရီးယားကို (၁-ဝ)၊ (၃-ဝ)၊ ဆီးရီးယားကို (၅-ဝ)(၅-ဝ)ဂိုးရလဒ်တွေနဲ့ အနိုင်ရခဲ့ပြီး အုပ်စုဗိုလ်နေရာကို သက်သောင့်သက်သာရရှိခဲ့ပါတယ်။

တတိယအဆင့် ခြေစစ်ပွဲအုပ်စုအဖွင့်မှာ တရုတ်အသင်းကို (၇-ဝ)ဂိုးနဲ့ အနိုင်ကစားခဲ့သလို မနေ့က ကစားခဲ့တဲ့ ဒုတိယပွဲမှာ ဘာရိန်းကို (၅-ဝ)ဂိုးတွေနဲ့ အနိုင်ယူခဲ့တာပါ။

ဒီခြေစစ်ပွဲတွေကစားခဲ့တဲ့ကာလအတွင်း ၂၀၂၃ အာရှဖလားပြိုင်ပွဲမှာ အီရတ်၊ အီရန်အစရှိတဲ့အသင်းတွေကို ရှုးနိမ့်ခဲ့ပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလား‌ခြေစစ်ပွဲ(၈)ပွဲမှာတော့ ဂျပန်အသင်းအနေနဲ့ Clean Sheet နိုင်ပွဲတွေ ဆက်တိုက်ရယူနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *