ပေါင်(၄၅၀၀၀) အတွက် ထောင်ဒဏ်ကျခံရတော့မယ့် မန်ယူနိုက်တက်ကွင်းလယ်လူဟောင်း အန်ဒါဆန်

0

မန်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄)ကြိမ်တိုင်ဆွတ်ခူးခဲ့ဖူးတဲ့ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူဟောင်း အန်ဒါဆန်ဟာ ဘရာဇီးလ်နိုင်ငံမှာ ပေါင်(၄၅၀၀၀)အတွက် ထောင်ဒဏ်ကျခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

တကယ်တော့ ဒီငွေပမာဏဆိုတာ မန်ယူနိုက်တက်အသင်းမှာ သူကစားခဲ့စဉ်က တစ်ပတ်ဝင်ငွေပမာဏပဲ ရှိပါတယ်။မန်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄)ကြိမ်တိုင်ဆွတ်ခူးခဲ့ဖူးတဲ့ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူဟောင်း အန်ဒါဆန်ဟာ ဘရာဇီးလ်နိုင်ငံမှာ ပေါင်(၄၅၀၀၀)အတွက် ထောင်ဒဏ်ကျခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

တကယ်တော့ ဒီငွေပမာဏဆိုတာ မန်ယူနိုက်တက်အသင်းမှာ သူကစားခဲ့စဉ်က တစ်ပတ်ဝင်ငွေပမာဏပဲ ရှိပါတယ်။

အခုအခါမှာ အသက်(၃၆)နှစ်ရှိပြီဖြစ်တဲ့ အန်ဒါဆန်ဟာ သူပေးစရာရှိတဲ့ ကလေးစရိတ် ပေါင်(၄၅၀၀၀)ကို ပေးဖို့ပျက်ကွက်နေခဲ့တာဖြစ်ပြီး အခုအခါ ဘရာဇီးလ်တရားရုံးက ဒီငွေကို မပေးရင် ထောင်ဒဏ်ကျခံဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်နိုင်ငံ တောင်ပိုင်းမြို့တစ်မြို့ဖြစ်တဲ့ ပေါ်တိုအလီဂရီမှာရှိတဲ့ တရားရုံးက ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲက ဒီအမှုအတွက် ပြစ်ဒဏ်ချထားတာဖြစ်ပြီး အခုမှ သူ့ရဲ့ပြစ်မှုအကြောင်းကို အများသိအောင် ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်သတင်းဝက်ဘ်ဆိုက် GZH ရဲ့ဖော်ပြချက်အရ အန်ဒါဆန်အနေနဲ့ ထောင်ဒဏ်တစ်လ ကျခံရမှာဖြစ်ပြီး နေ့ဘက်မှာ အပြင်ထွက်အလုပ်လုပ်ခွင့်/စာသင်ကြားခွင့်ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အကျဉ်းထောင်ကို သတ်မှတ်ချိန်အတိုင်းပြန်လာရမှာဖြစ်ပြီး ညအိပ်ရမယ်လို့ ဆိုပါတယ်။

အန်ဒါဆန်ဟာ လွန်ခဲ့တဲ့(၄)နှစ်ကလည်း တရားမဝင်အွန်လိုင်းငွေကြေးတွေနဲ့ အတူ ပေါင်(၄.၇)သန်းနဲ့ တန်တဲ့ငွေကြေးကို ခဝါချတယ်လို့ စွပ်စွဲခံရပြီး တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရပါသေးတယ်။

အန်ဒါဆန်က သူဟာ ကလေး(၄)ယောက်ရဲ့ဖခင်ဖြစ်တယ်လို့ ၂၀၁၅ ခုနှစ်အတွင်းက ထုတ်ဖော်ပြောကြားဖူးပြီး အခုနှစ်အစပိုင်း ဘရာဇီးလ်သတင်းစာတစ်စောင်နဲ့ အင်တာဗျူးမှာတော့ သူ့မှာ ကလေး(၉)ယောက်ရှိတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *