FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးကိုအနိုင်ယူပြီး ရှုံးကြွေးဆပ်နိုင်ခဲ့တဲ့ မန်ယူနိုက်တက်

0

မန်စီးတီး ( ၁ – ၂ ) မန်ယူနိုက်တက်

(FA ဖလားဗိုလ်လုပွဲ)

တစ်ရာသီလုံး ရလဒ်တွေအနုတ်လက္ခဏာပြနေခဲ့တဲ့ မန်ယူနိုက်တက်အသင်းဟာ
ဒီရာသီ ပရီးမိးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းကို ရှုံးကြွေးဆပ်အနိုင်ယူပြီး FA ဖလားကိုသိမ်းပိုက်ခဲ့ပါတယ်။

မန်စီးတီးအသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ
FA ဖလားဗိုလ်လုပွဲမှာ (၂)နှစ်ဆက်တိုက် တွေ့ဆုံယှဉ်ပြိုင်ခဲ့ရပါတယ်။

ပထမရာသီ မှာ မန်စီးတီးအသင်းက မန်ယူနိုက်တက်ကိုအနိုင်ယူပြီး ဖလား(၃)လုံးချန်ပီယံ ဖြစ်ခဲ့ပေမယ့်
ဒီရာသီတွေ့ဆုံမှုမှာတော့ မန်ယူနိုက်တက်က အနိုင်ရရှိခဲ့ပါတယ်။ ဒီရာသီ ဖလား(၃)လုံးချန်ပီယံ မဖြစ်နိုင်တော့တဲ့ မန်စီးတီးအသင်းဟာ (၂)နှစ်ဆက် FA ဖလားချန်ပီယံ ဆိုတဲ့ စံချိန်နဲ့လည်းဝေးကွာခဲ့ရပြီဖြစ်ပါတယ်။

FA ချန်ပီယံဆုဖလားနဲ့အတူ အောင်ပွဲခံနေကြသော မန်ယူနိုက်တက်ကစားသမားများ

ပထမပိုင်းမှာ မန်စီးတီးအသင်းက မန်ယူနိုက်တက်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေမလုပ်နိုင်ခဲ့ပါဘူး။ ပထမပိုင်း မိနစ် (၃၀)မှာ ဒါလော့ရဲ့ ဖြတ်တင်ဘောကို တားဆီးဖို့ ကြိုးစားခဲ့တဲ့ ဂွာဗယ်ဒိုနဲ့ ဂိုးသမားအော်တီဂါတို့ နားလည်မှုလွဲခဲ့ရာကနေတဆင့် ဂါနာချိုက အခွင့်အရေးကို အပိုင်အသုံးချပြီး မန်ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးရပြီး (၈)မိနစ်အကြာ မိနစ်(၃၈)မှာပဲ ဘရုနိုဖာနန်ဒက်စ်ရဲ့ ချဗပးမှုကနေတဆင့် ကိုဘီမိုင်နူးက မန်ယူနိုက်တက်အတွက် ဒုတိယဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မန်စီးတီးအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှုတွေလုပ်နိုင်ခဲ့ပြီး မိနစ် (၈၇)မှာ ဒိုကူရဲ့ အားပြင်းတဲ့ကန်သွင်းချက်နဲ့အတူ ချေပဂိုးတစ်ဂိုးရခဲ့ပေမယ့် အနိုင်ရလဒ်ထွက်ပေါ်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဒီညပွဲမှာ မန်ယူနိုက်တက်ချန်ပီယံဖြစ်ခဲ့ပေမယ့် ပွဲမတိုင်မီ တစ်ရက်အလိုကတည်းက မန်ယူနိုက်တက်က နည်းပြတန်ဟတ်နဲ့လမ်းခွဲမယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ တန်ဟတ်ဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ယူနိုက်တက်ကို ကာရာဘောင်းလိဂ်ဖလားရယူပေးနိုင်ခဲ့သလို ဒီရာသီမှာလည်း FA ဖလားကိုဆွတ်ခူးနိုင်ခဲ့တာပါတယ်။

ယခုလို (၂)ရာသီဆက် မန်ယူနိုက်တက်ကို ဖလားရယူပေးနိုင်ခဲ့တဲ့ တန်ဟတ်ရဲ့အနာဂတ်အပေါ် အသင်းရဲ့ဆုံးဖြတ်ချက် ပြောင်းလဲသွားနိုင်မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *