သန့်ရှင်းရေးဝန်ထမ်းအပါအဝင် ဝန်ထမ်း (၅၀၀)ကျော်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် စရိတ်ငြိမ်းခေါ်သွားမယ့် ဒေါ့မွန်အသင်း

0

လာမယ့်ဇွန်(၁)ရက်နေ့မှာ ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အသင်းက ဝန်ထမ်း(၅၁၉)ဦးစလုံးကြည့်ရှုခွင့်ရရှိစေဖို့ ဂျာမန်ကလပ် ဒေါ့မွန်အသင်းက စီစဉ်ထားပါတယ်။ BPJS 88

ဒီဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က ဝင်ဘလေကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ဒီကွင်းကို အသင်းက သန့်ရှင်းရေးဝန်ထမ်းတွေအပါအဝင် ဝန်ထမ်းအားလုံး လိုက်ပါကြည့်ရှုနိုင်အောင် ဒေါ့မွန်အသင်းထိပ်တန်းတာဝန်ရှိသူတွေက စီစဉ်နေခြင်းဖြစ်ပါတယ်။

အသင်းက အောက်ခြေဝန်ထမ်းတွေသာမက ယူ-၁၉၊ ယူ-၁၆၊ ယူ-၁၂ အစရှိတဲ့ လူငယ်အသင်းတွေက လူငယ်ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေအပါအဝင် ဒေါ့မွန်အသင်းနဲ့ ပတ်သက်သူအားလုံးကို ဂျာမန်မြေကနေ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို ခေါ်ဆောင်သွားမှာဖြစ်ပြီး ဒီ လူ(၅၀၀)ကျော်ရဲ့ ခရီးသွားလာစရိတ်၊ တည်းခိုနေထိုင်စရိတ်၊ စားသောက်စရိတ်တွေကို အသင်းဘက်က ကျခံပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ BPJS88

ဒေါ့မွန်အသင်းဟာ ၂၀၁၃ ခုနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နောက်ဆုံး တက်ရောက်ခဲ့ဖူးပြီး အဲဒီတုန်းကလည်း ဝင်ဘလေကွင်းမှာ ဗိုလ်လုပွဲကို ကစားခဲ့ရတာဖြစ်ပါတယ်။ အဲဒီတုန်းက All German Final အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဗိုလ်လုပွဲကစားခဲ့ရပေမယ့် အခုအချိန်မှာတော့ ချန်ပီယံလိဂ်ဘုရင်လို့ သတ်မှတ်ခံထားရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗိုလ်လုပွဲကို ကစားရမှာပါ။

ဒေါ့မွန်အသင်းဟာ ကလပ်အသင်းသမိုင်းတစ်လျှောက်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တတိယအကြိမ်မြောက် တက်ရောက်တာဖြစ်ပြီး ၁၉၉၇ ခုနှစ်ဗိုလ်လုပွဲမှာ အီတလီကလပ်ဂျူဗင်တပ်စ်အသင်းကို အနိုင်ယူဗိုလ်စွဲခဲ့ဖူးပါတယ်။

ဒေါ့မွန်အသင်းဟာ ဝင်ဘလေကွင်းအတွင်းကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ပွဲကြည့်စင်ပေါ်မှာ ကလပ်အသင်းအရောင်အသွေးဖြစ်တဲ့ အဝါရောင်နဲ့ အနက်ရောင် လွှမ်းခြုံနေစေဖို့လည်း အလိုရှိနေပြီး ကလပ်အသင်းဝန်ထမ်းတွေရော၊ ပရိသတ်တွေကိုပါ အသင်းရဲ့အရောင်အသွေးနဲ့ အင်တိုက်အားတိုက်အားပေးဖို့ တိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *