နောက်ရာသီနည်းပြ ဘယ်သူလဲဆိုတာရှင်းရှင်းလင်းလင်းသိရမှ အသင်းနဲ့ စာချုပ်သစ်ချုပ်မယ့် ကိုဘီမိုင်နူး

0

မန်ယူနိုက်တက်အသင်းရဲ့အင်္ဂလန်ကွင်းလယ်လူ ကိုဘီမေနူးဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုမယ့်ကိစ္စကို ယူရို-၂၀၂၄ ပြိုင်ပွဲပြီးမှ အပြီးသတ်ပြုလုပ်ဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒီစာချုပ်သစ်ချုပ်ဆိုခဲ့ရင် လက်ရှိအသင်းမှာ တစ်ပတ် ပေါင်(၂၀၀၀၀)ဝန်းကျင်သာရနေတဲ့ မေနူးအနေနဲ့ လစာ(၄)ဆလောက် မြင့်တက်သွားမှာဖြစ်ပြီး တစ်ပတ်ပေါင်(၈၀၀၀၀)ဝန်းကျင်ရရှိမှာပါ။

FA ဖလားနဲ့အတူ အောင်ပွဲခံနေတဲ့ ကိုဘီမိုင်နူး

ကလပ်နဲ့ ကစားသမားကိုယ်စားလှယ်တွေအကြား နှစ်ဦးနှစ်ဖက် ဆွေးနွေးရာမှာ သဘောတူညီမှုရခဲ့ပြီးမှ မေနူးက စာချုပ်မှာ အပြီးသတ်လက်မှတ်ရေးထိုးဖို့ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

မေနူးအနေနဲ့ မန်ယူနိုက်တက်အသင်းမှာ နည်းပြတန်ဟတ်ရဲ့အနာဂတ်နဲ့ နောက်ရာသီမှာ နည်းပြသစ်ဘယ်သူဖြစ်လာမလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိပြီးမှ စာချုပ်သစ်မှာ လက်မှတ်ထိုးဖို့ ဆုံးဖြတ်သွားမယ်လို့ Daily Star သတင်းစာက ဖော်ပြခဲ့ပါတယ်။

သူရဲ့ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂၄ ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ကိုလည်း မေနူးက စိတ်အားထက်သန်နေပြီး ဒီပြိုင်ပွဲအတွက် အပြည့်အ၀ အာရုံစိုက်ထားကြောင်းလည်း Daily Star က ဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *