ရီးရဲလ်မက်ဒရစ်ကစားသမားတွေ လွှမ်းမိုးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ချန်ပီယံလိဂ် အကောင်းဆုံးဆုများ

0

၂၀၂၃-၂၄ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးဆုတွေကို ချီးမြှင့်ခဲ့ရာမှာ ချန်ပီယံရီးရဲလ်မက်ဒရစ် ကစားသမားတွေက ဆုတွေကို သိမ်းကျူံးရယူခဲ့ပါတယ်။

ဒီနှစ်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု(Best Player of the Season)ကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘရာဇီးလ်တိုက်စစ်မှူးဗင်နီစီယပ်စ်က ဆွတ်ခူးခဲ့ပြီး၊ အကောင်းဆုံးလူငယ်ကစားသမားဆု(Best Young Player Award)ကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့အင်္ဂလန်ကွင်းလယ်လူဘယ်လင်ဂမ်က ဆွတ်ခူးခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နေရာအလိုက် အကောင်းဆုံးအသင်း(Best XI of the Season)

အကောင်းဆုံးဂိုးသွင်းသူဆု(Best Goal of the Season)ကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့စပိန်ကွင်းလယ်လူဗယ်ဗာလ်ဒီက ဆွတ်ခူးခဲ့ပြီး မန်စီးတီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်း ကွာတားဖိုင်နယ်ပထမအကျော့မှာ (၃-၃)ဂိုးစီသရေကျစေမယ့် ချေပဂိုးအတွက် ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၃-၂၄ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နေရာအလိုက် အကောင်းဆုံးအသင်း(Best XI of the Season)ကို ရွေးချယ်ရာမှာလည်း ရီးရဲလ်မက်ဒရစ်ကစားသမားတွေဖြစ်တဲ့ ဗင်နီစီယပ်စ်(ဘယ်တောင်ပံတိုက်စစ်)၊ ဘယ်လင်ဂမ်(ကွင်းလယဗဟို )၊ ကာဗာဟယ်လ်(ဘယ်နောက်ခံ)၊ ရူဒီဂါ(ခံစစ်ဗဟို)တို့က ရွေးချယ်ခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *