ကွယ်လွန်သူ ဦးလေးဖြစ်သူအတွက် ရည်စူးခဲ့တဲ့ ဘာပေရဲ့ဂိုး

0

မနေ့က ပြင်သစ်(၃-ဝ)လူဇင်ဘတ်ခြေစမ်းပွဲမှာ ပြင်သစ်အသင်းအတွက်ဂိုးသွင်းယူခဲ့တဲ့ အသင်းခေါင်းဆောင် ဘာပေဟာ သူ့ရဲ့သွင်းဂိုးကို ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးလေးဖြစ်သူအတွက် ရည်ညွှန်းခဲ့ပါတယ်။

ဘာပေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဦးလေးဖြစ်သူ အဲလက်စ် ကွယ်လွန်သွားခဲ့တဲ့အတွက် ဝမ်းနည်းကြေကွဲနေတာပါ။

ဘာပေဟာ လူဇင်ဘတ်အသင်းနဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် သူ့ရဲ့ပြင်သစ်အင်္ကျီအောက်မှာဝတ်ဆင်ခဲ့တဲ့ ကွယ်လွန်သူ ဦးလေးရဲ့ပုံနဲ့အတူ “Rest In Peace Uncle”ဆိုပြီးရေးသားထားတဲ့စာသားပါ တီရှပ်ကို ပြသခဲ့တာဖြစ်ပါတယ်။ ဘာပေဟာ အခုရက်သတ္တပတ်အစောပိုင်းက “အန်ကယ်အဲလက်စ် ငြိမ်းချမ်းစွာအနားယူပါ။ ကျွန်တော်တို့ ဦးလေးကို လွမ်းနေမယ့်အကြောင်းအရာတွေကို ပြောဖို့ စကားလုံးတောင်ရှာဖွေလို့မရဘူး”လို့ Instagram မှာ ရေးသားခဲ့တာပါ။

ဘာပေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရီးရဲလ်မက်ဒရစ်အသင်းထံ အပြောင်းအရွှေ့အတည်ပြုပြီးနောက် ပထမဆုံးကစားခဲ့ရတဲ့ လူဇင်ဘတ်အသင်းနဲ့ ခြေစမ်းပွဲမှာ ပြင်သစ်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာပေဟာ သွင်းဂိုးအပြင် ပြင်သစ်အသင်းသွင်းယူခဲ့တဲ့ သွင်းဂိုး(၂)ဂိုးကို ဖန်တီးမှုပြုလုပ်ပေးသွားတာပါ။ ပြင်သစ်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် ကနေဒါအသင်းနဲ့ ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲမှာ ပါဝင်နေတဲ့ ပြင်သစ်အသင်းဟာ ဒီပြိုင်ပွဲမှာ သြစတြီးယား၊နယ်သာလန်၊ပိုလန်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *