ဟက်ထရစ်မှတ်ထမ်းမှာ အဂွဲရိုး၊ ဘာပေတို့ကို အသာရနေပြီး ဟာရီကိန်းကိုကျော်ဖြတ်ခဲ့တဲ့ ဟာလန်း

0

မနေ့က နော်ဝေအသင်းနဲ့ ကိုဆိုဗိုအသင်းတို့ကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ မန်စီးတီးအသင်းရဲ့နော်ဝေတိုက်စစ်မှူးအာလင်းဟာလန်းက အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ဒီပွဲမှာ နော်ဝေအသင်းက ဟာလန်းရဲ့ဂိုး(၃)ဂိုးနဲ့အတူ (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဟာလန်းအနေနဲ့ သူ့ကစားသမားဘဝမှာ သွင်းယူတဲ့ ဟက်ထရစ်အကြိမ်အရေအတွက်က (၂၂)ကြိမ်အထိရှိလာပါတယ်။

ဒီအရေအတွက်က အခြားနာမည်ကြီးတိုက်စစ်မှူး ဘာပေ၊ ပရီးမီးယားလိဂ်ရဲ့ ဟက်ထရစ်ဘုရင် မန်စီးတီးတိုက်စစ်မှူးဟောင်း အဂွဲရိုး (နှစ်ဦးစလုံး ၁၈ ကြိမ်စီသွင်းယူထား)တို့ကို အသာရနေတဲ့အပြင် သူနဲ့အတူ ပူးတွဲရပ်တည်နေတဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းကိုလည်း ကျော်ဖြတ်သွားစေခဲ့ပါတယ်။

ဟာရီကိန်းက သူ့ကစားသမားဘဝမှာ ဟက်ထရစ်(၂၁)ကြိမ်သွင်းယူထားတာပါ။ လက်ရှိကစားသမားတွေထဲမှာ ကစားသမားဘဝ(နိုင်ငံတကာပွဲ+ကလပ်ပွဲ) ဟက်ထရစ်အများဆုံးသွင်းယူသူအဖြစ် ဦးဆောင်နေသူတွေက စီရော်နယ်ဒို (၆၀ ကြိမ်)၊ မက်ဆီ(၅၇ ကြိမ်)၊ လီဝန်ဒေါစကီး(၃၁ ကြိမ်)၊ ဆွာရက်ဇ်(၂၉ ကြိမ်)တို့ဖြစ်ပြီး ဒီကစားသမားတွေနောက်မှာ ဟာလန်းက (၂၂ ကြိမ်)နဲ့ ရပ်တည်နေပါတယ််။

Leave a Reply

Your email address will not be published. Required fields are marked *