စပိန်ကလွဲပြီး လက်ရှိချန်ပီယံအသင်းတွေ အခြေအနေ မကောင်းတာကို အီတလီ ရပ်တန့်နိုင်မလား

0

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်လုံးမှာ လက်ရှိချန်ပီယံအသင်းက နောက်ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် ပြန်ဗိုလ်စွဲတာ စပိန်တစ်သင်းပဲရှိပါတယ်။

စပိန်အသင်းက ယူရို-၂၀၀၈ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် နောက်ပြိုင်ပွဲဖြစ်တဲ့ ယူရို -၂၀၁၂ ပြိုင်ပွဲမှာ ဆက်တိုက်ဗိုလ်စွဲခဲ့တာပါ။

အဲဒီတုန်းက စပိန်အသင်းက ယူရိုပြိုင်ပွဲ နှစ်ခုအပါအဝင် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ချန်ပီယံ ဖြစ်ခဲ့ပြီး အဓိက နိုင်ငံတကာပြိုင်ပွဲကြီး ၃ ခုဆက်တိုက်မှာ ဗိုလ်စွဲခဲ့တာပါ။

စပိန်အသင်းအနေနဲ့ နိုင်ငံတကာဘောလုံးလောကမှာ ထူးထူးခြားခြား လွှမ်းမိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပြိုင်ပွဲ(၇)ကြိမ်ကိုကြည့်မယ်ဆိုရင် စပိန်တစ်သင်းကလွဲလို့ ကျန်လက်ရှိချန်ပီယံအသင်းတွေအနေနဲ့ ကွာတားဖိုင်နယ်အဆင့်ကိုတောင် မကျော်နိုင်တာ အောက်ပါအတိုင်းတွေ့ရမှာပါ။

၁၉၉၂ ချန်ပီယံဒိန်းမတ်၊ ၁၉၉၆ ချန်ပီယံ ဂျာမနီ၊ ၂၀၀၄ ချန်ပီယံ ဂရိအသင်းတို့အနေနဲ့ နောက်ပြိုင်ပွဲမှာ အုပ်စုကထွက်ရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။

ဒါကြောင့် ဒီနှစ်ကျင်းပမယ့် ယူရို(၂၀၂၄)ပြိုင်ပွဲမှာလည်း လက်ရှိချန်ပီယံအီတလီအသင်းအနေနဲ့ ဘယ်အဆင့်အထိတက်လှမ်းနိုင်မလဲ …

ဒီနောက်ပိုင်းပြိုင်ပွဲတွေမှာ (စပိန်ကလွဲလို့) လက်ရှိချန်ပီယံအသင်းတွေရုန်းကန်ရတဲ့အစဉ်အလာကို တွန်းလှန်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပြိုင်ပွဲ(၇)ကြိမ်မှာ
လက်ရှိချန်ပီယံအသင်းတွေရဲ့ရပ်တည်မှုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ပြိုင်ပွဲ – လက်ရှိ ချန်ပီယံ၏ ရပ်တည်မှု

ယူရို(၁၉၉၆) – ဒိန်းမတ်(အုပ်စု)
ယူရို(၂၀၀၀) – ဂျာမနီ(အုပ်စု)
ယူရို(၂၀၀၄) – ပြင်သစ်(ကွာတားဖိုင်နယ်)
ယူရို(၂၀၀၈) – ဂရိ(အုပ်စု)
ယူရို(၂၀၁၂) – စပိန်(ချန်ပီယံ)
ယူရို(၂၀၁၆) – စပိန်(ရှုံးထွက် ၁၆ သင်း)
ယူရို(၂၀၂၀) – ပေါ်တူဂီ(ရှုံးထွက် ၁၆ သင်း)
ယူရို(၂၀၂၄) – အီတလီ( ? )

Leave a Reply

Your email address will not be published. Required fields are marked *