အာဆင်နယ်အကောင်းဆုံးကစားသမားဆုကို (၂)နှစ်ဆက်တိုက် ဆွတ်ခူးခဲ့တဲ့ အော်တီဂါ

0

အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂါဟာ ၂၀၂၃-၂၄ ရာသီအတွက် ချီးမြှင့်တဲ့ အာဆင်နယ်အကောင်းဆုံးကစားသမားဆု(Arsenal Player of the Season)ကို ဆွတ်ခူးခဲ့ကြောင့် အာဆင်နယ်အသင်းက အသင်းဝက်ဘ်ဆိုက်ကနေ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

နော်ဝေကွင်းလယ်လူအော်ဒီဂါဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီတုန်းကလည်း ဒီဆုကို ဆွတ်ခူးနိုင်ခဲ့လို့ (၂)နှစ်ဆက်တိုက်အဖြစ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအားပေးသူပရိသတ်တွေက ဒီဆုအတွက် အွန်လိုင်းကနေတစ်ဆင့်မဲပေးခဲ့ကြပြီး အော်ဒီဂါအနေနဲ့ မဲအများဆုံးအဖြစ် (၃၃)% ရရှိခဲ့ကြောင်း သိရပါတယ်။

ပရိသတ်တွေရဲ့မဲပေးမှုမှာ ဒုတိယနေရာကို အင်္ဂလန်ကွင်းလယ်လူဒက်ကလန်ရိုက်စ်က ရရှိခဲ့ပြီး တတိယနေရာကို ပြင်သစ်နောက်ခံလူဆာလီဘာက ရရှိခဲ့ပါတယ်။

အော်ဒီဂါဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၅၂)ပွဲမှာ (၄၈)ပွဲကို ပါဝင်ကစားခဲ့ပြီး အသင်းအတွက် (၁၁)ဂိုးသွင်းကာ (၁၁)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိဖို့ ကြိုးစားခဲ့တဲ့ ခရီးလမ်းတစ်လျှောက်မှာ အသင်းရဲ့အဓိကတွန်းအားတစ်ခုလိုဖြစ်ခဲ့တာကြောင့် သူ့ကို ပရိသတ်တွေက အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒီဆုကို လွန်ခဲ့တဲ့ (၅၇)နှစ်ဖြစ်တဲ့ ၁၉၆၇ ခုနှစ်ကတည်းက နှစ်စဉ်ချီးမြှင့်ခဲ့တာဖြစ်ပြီး အကြိမ်အများဆုံးဆွတ်ခူးခဲ့သူက အာဆင်နယ် ဂန္ထဝင်တိုက်စစ်မှူးအွန်နရီဖြစ်ပါတယ်။ အွန်နရီဟာ (၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅)ခုနှစ်တွေက (၃)ကြိမ်ဆက်တိုက်ရယူခဲ့ခြင်းအပါအဝင် ဒီဆုကို စုစုပေါင်း(၄)ကြိမ်ဆွတ်ခူးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *