Day: July 12, 2024

ဘာပေကို Ninja Turtles မျက်နှာဖုံးနဲ့ လှောင်ပြောင်ဖို့ ယာမားလ် စီစဉ်ခဲ့

စပိန်ကြယ်ပွင့် လာမင်းယာမားလ်ဟာ စပိန်အသင်းက ပြင်သစ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေကို Ninja Turtles မျက်နှာဖုံးနဲ့ လှောင်ပြောင်မှုပြုလုပ်ဖို့ စီစဉ်ခဲ့တယ်ဆိုတဲ့ ရုပ်သံထွက်ပေါ်လာခဲ့ပါတယ်။ လာမင်းယာမားလ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ...

နည်းပြရာထူးအတွက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ရဲ့ချဉ်းကပ်မှုကို ကလော့ပ် ငြင်းပယ်

လီဗာပူးလ်အသင်းနည်းပြဟောင်း ကလော့ပ်ဟာ အမေရိကန်နည်းပြသစ်ရာထူးအတွက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ရဲ့ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့ပါတယ်။ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ အမေရိကန်အသင်း ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ဘာဟယ်တာကို ရာထူးက ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာပါ။ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ ဘာဟယ်တာကို ထုတ်ပယ်ပြီးနောက် ချက်ချင်းဆိုသလို နည်းပြသစ်ရှာဖွေမှု လုပ်ငန်းစဉ်ကို...

ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ ရှုံးရှုံးနိုင်နိုင် ဆောက်ဂိတ်ကို ၂၀၂၆ ကမ္ဘာ့ဖလားအပြီးထိ FA ထိန်းထားလို

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ လာမယ့် စပိန်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ ဘယ်လိုရလဒ်ထွက်ထွက် နည်းပြဆောက်ဂိတ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ပြီးကိုင်တွယ်စေချင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ဆောက်ဂိတ်ဟာ သူ့ရဲ့အနာဂတ်မရေမရာမှုတွေနဲ့အတူ အင်္ဂလန်အသင်းကို ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ရှိအောင် ဦးဆောင်ကိုင်တွယ်ထားသူပါ။ ဆောက်ဂိတ်နဲ့...

(၅)ပွဲမှာ အကောင်းဆုံးကစားသမားဆု (၄) ကြိမ်ရယူပြီး ကိုပါအမေရိကမှာ ခြေစွမ်းပြနေတဲ့ ဟားမိစ်ရိုဒရီဂွတ်ဇ်

ဥရောပကလပ်တွေဖြစ်တဲ့ ပေါ်တို၊ မိုနာကို၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ အဲဗာတန်၊ အိုလံပီယာကော့စ်အစရှိတဲ့အသင်းတွေမှာ ကစားခဲ့ပြီး အခုအချိန်မှာ တောင်အမေရိကတိုက်က ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းမှာ ကစားနေတဲ့ ဟားမိစ်ရိုဒရီဂွက်ဇ်(၃၂ နှစ်)က ဥရောပကို စွန့်ခွာခဲ့ပေမယ့် သူက အရင်ကလိုပဲ ဒေါင်ဒေါင်မြည်ကစားသမားတစ်ဦးဖြစ်နေဆဲဆိုတာ...

ယူရို-၂၀၂၄ ဗိုလ်လုပွဲရောက် စပိန်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ချန်ပီယံဖြစ်နိုင်ခြေ ရာခိုင်နှုန်း

ဘောလုံးအချက်အလက် ဝက်ဘ်ဆိုက်တွေ ထုတ်ပြန်ပေးနေတဲ့ Opta ဝက်ဘ်ဆိုက်က ယူရို-၂၀၂၄ ဗိုလ်လုပွဲ ရောက်အသင်း(၂)သင်းဖြစ်တဲ့ စပိန်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းကို တွက်ချက်ထုတ်ပြန်ခဲ့ပါတယ်။ Opta ရဲ့ထုတ်ပြန်ချက်အရ စပိန်အသင်းက ချန်ပီယံဖြစ်နိုင်ခြေ (၆၀.၃၈%)အထိရှိနေပြီး အင်္ဂလန်အသင်းက ချန်ပီယံဖြစ်နိုင်ခြေ (၃၉.၆၂%)သတ်မှတ်ခံထားရပါတယ်။...

အင်္ဂလန်နည်းပြဆောက်ဂိတ်နဲ့ ရုပ်ချင်းဆင်နေလို့ ပရိသတ်တွေ ဩဘာပေးခံလိုက်ရတဲ့ ဂျာမန်ရဲ

ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ် အင်္ဂလန်-နယ်သာလန်ပွဲမကစားမီ ဒီပွဲကစားမယ့် ဒေါ့မွန်မြို့ကို ရောက်ရှိနေတဲ့ အင်္ဂလန်ပရိသတ်တွေဟာ Venue BVB Stadion Dortmund ကွင်းအနီးမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ဂျာမန်ရဲ အနားမှာ ဝန်းရံခဲ့ကြပါတယ်။ အကြောင်းကတော့ ဒီရဲက အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်နဲ့ အမွှာညီအစ်ကိုလို့...