Day: July 3, 2024

ပွဲပယ်ကြောင့် ကိုပါအမေရိကဖလား ကွာတားဖိုင်နယ် ပွဲစဉ်ကို ဗင်နီစီယပ်စ် လွဲချော်

ဒီမနက်ကစားခဲ့တဲ့ ဘရာဇီးလ်(၁-၁) ကိုလံဘီယာ ကိုပါအမေရိကဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာ အဝါကတ်ပြသခံခဲ့ရတဲ့ ဘရာဇီးလ်အသင်းတောင်ပံကစားသမား ဗင်နီစီယပ်စ်ဟာ ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကိုပါအမေရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို ပွဲပယ်ကြောင့် လွဲချော်မယ်လို့ သိရပါတယ်။ ဗင်နီစီယပ်စ်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇)မိနစ်မှာတင် ကိုလံဘီယာအသင်းခေါင်းဆောင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ကွင်းလယ်ဒိုင်လူကြီးရဲ့အဝါကတ်ပြသခြင်းကို ခံခဲ့ရတာပါ။...

ယူရို-၂၀၂၄ ကွာတားဖိုင်နယ် အတွဲအဖက်များ

ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲတွေကို တစ်နေ့(၂)ပွဲနှုန်းနဲ့ ကစားမှာဖြစ်ပြီး အခုလာမယ့် (ဇူလိုင် ၅ ရက်)သောကြာညနဲ့ (ဇူလိုင် ၆ ရက်)စနေညတွေမှာ ကစားသွားမှာပါ။ Round of 16 အဆင့်ပွဲတွေအပြီး ဒီနေ့(ဗုဒ္ဓဟူး)ညနဲ့ မနက်ဖြန်(ကြာသပတေး)ညတွေမှာတော့ ယူရိုပွဲတွေ ရပ်နားထားမှာဖြစ်ပါတယ်။...

ဘယ်ပြိုင်ပွဲမှာမှ မရှိတဲ့ ပွဲချိန်တစ်မိနစ်မတိုင်ခင် သွင်းတဲ့ အမြန်ဆုံးဂိုး(၂)ဂိုး တွေ့ရတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ

မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ Round of 16 အဆင့်ပွဲစဉ် သြစတြီးယား(၁-၂)တူရကီပွဲမှာ တူရကီနောက်ခံလူ ဒီမီရယ်သွင်းယူခဲ့တဲ့ အဖွင့်ဂိုးက ပွဲစပြီးမကြာခင် (၅၇)စက္ကန့်မှာ သွင်းယူခဲ့တာပါ။ ယူရို-၂၀၂၄ ပြိုင်ပွဲဟာ အရင်ဘယ်ပြိုင်ပွဲမှာမှ မရှိခဲ့တဲ့ ပွဲစပြီးပြီးချင်း ပွဲချိန်(၁)မိနစ်မပြည့်မီ...

ယူရို-၂၀၂၄ Round of 16 အဆင့်ပွဲစဉ် သြစတြီးယား(၁-၂)တူရကီပွဲ Highlight Video

■ Video - ယူရို-၂၀၂၄ Round of 16 အဆင့်ပွဲစဉ် သြစတြီးယား(၁-၂)တူရကီပွဲမှာ တူရကီနောက်ခံလူ ဒီမီရယ်သွင်းယူခဲ့တဲ့ အဖွင့်ဂိုး(၅၇ စက္ကန့်)နဲ့ ဒုတိယဂိုး(၅၉ မိနစ်)၊ သြစတြီးယားအသင်းအတွက် တိုက်စစ်မှူးဂရီဂေါ်ရစ်ချ်ရဲ့ချေပဂိုး(၆၆ မိနစ်)၊ ထပ်ဆောင်းအချိန်ပို နောက်ဆုံးမိနစ်(၉၀+၄)မှာ...

တူရကီ ဂိုးသမား ဂူနော့ခ်ရဲ့ကာကွယ်မှုကို ဂေါ်ဒွန်ဘန့်ခ်စ်ရဲ့ကာကွယ်မှုနဲ့ မီဒီယာတွေ နှိုင်းယှဉ်ခဲ့

မနေ့က ဩစတြီးယား(၁-၂)တူရကီ Round of 16 ပွဲစဉ်မှာ တူရကီဂိုးသမား ဂူနော့ခ်ရဲ့ကာကွယ်မှုကို အင်္ဂလန်ဂိုးသမားကြီး ဂေါ်ဒွန်ဘန့်ခ်စ်ရဲ့ကာကွယ်မှုနဲ့ မီဒီယာတွေ၊ ဘောလုံးဝေဖန်သူတွေက နှိုင်းယှဉ်ဖော်ပြခဲ့ကြပါတယ်။ ဒီပွဲစဉ်ရဲ့ထပ်ဆောင်းအချိန်ပို နောက်ဆုံးမိနစ်မှာ ဩစတြီးယားကွင်းလယ်လူ ဘမ်ဂတ်နာရဲ့ အပိုင်ခေါင်းတိုက်သွင်းယူမှုကို ဂူနော့ခ်က အံ့အားသင့်ဖွယ်လက်စွမ်းပြပြီး...

ရိုမေးနီးယားနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဂတ်ပိုကို ပရိသတ်တွေ ဆိုရှယ်မီဒီယာမှာ ချီးကျူး

မနေ့က ရိုမေးနီးယား(၀-၃)နယ်သာလန် Round of 16 ပွဲစဉ်မှာ နယ်သာလန်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်ကစားသမား ဂတ်ပိုကို ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ချီးကျူးခဲ့ပါတယ်။ဂတ်ပိုဟာ ဒီပွဲစဉ်မှာ နယ်သာလန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သလို မယ်လန်ရဲ့သွင်းဂိုးတစ်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။ ဂတ်ပိုဟာ ဒီပွဲစဉ်မှာ...

မိမိရဲ့ကစားသမားဘ၀က (၁၀၀)% မပြီးဆုံးသေးဘဲ ဘောလုံးသမားအဖြစ်ရှိနေဆဲလို့ ပေါ့ဘာဆို

တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိခဲ့ရလို့ ဘောလုံးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ကာလကြာရှည်စွာဆိုင်းငံ့ခြင်းခံထားရတဲ့ ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ပေါ့ဘာက သူဟာ လုံးဝမပြီးဆုံးသေးဘဲ (၁၀၀)ရာခိုင်နှုန်းဘောလုံးသမားအဖြစ် ရှိနေဆဲလို့ဆိုခဲ့ပါတယ်။ ဘောလုံးပရိသတ်တွေရှေ့ကနေ ပျောက်ကွယ်နေတဲ့ ပေါ့ဘာဟာ ဘယ်လ်ဂျီယံအသင်းကို ပြင်သစ်အသင်းက (ဝ-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ Round...

ယူရို-၂၀၂၄ Round of 16 အဆင့်ပွဲစဉ် ရိုမေးနီးယား(ဝ-၃)နယ်သာလန်ပွဲ Highlight Video

■ Video - ယူရို-၂၀၂၄ Round of 16 အဆင့်ပွဲစဉ် ရိုမေးနီးယား(ဝ-၃)နယ်သာလန်ပွဲမှာ နယ်သာလန်အသင်းအတွက် ဂတ်ပိုသွင်းယူခဲ့တဲ့အဖွင့်ဂိုး(၂၀ မိနစ်)နဲ့ မယ်လန်သွင်းယူခဲ့တဲ့ဂိုး(၂)ဂိုး(၈၃ မိနစ်၊ ၉၀+၃ မိနစ်)

ရိုမေနီးယားကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ နယ်သာလန် ခြေစွမ်းပြနေတဲ့ ဩစတြီးယားကို ကျော်ဖြတ်ခဲ့တဲ့ တူရကီ

ရိုမေးနီးယား(ဝ-၃)နယ်သာလန်သြစတြီးယား(၁-၂)တူရကီ (ယူရို-၂၀၂၄ Round of 16) အုပ်စုနောက်ဆုံးပွဲမှာ သြစတြီးယားကိုရှုံးခဲ့တဲ့ နယ်သာလန်က ရိုမေးနီးယားနဲ့ပွဲမှာတော့ ပုံစံကောင်းကို ပြန်လည်ပြသခဲ့ပြီး ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရယူခဲ့ပါတယ်။ သြစတြီးယားနဲ့ပွဲမှာ (အက်စ်ကိုဘာကို သေနတ်နဲ့ပစ်သလို နယ်သာလန်ပရိသတ်တွေအမှုန့်ခြေချင်စရာကောင်းတဲ့) Own Goal သွင်းခဲ့သူ...

ကိုပါအမေရိကပြိုင်ပွဲ သမိုင်းတစ်လျှောက် အုပ်စုကထွက်ခဲ့ရတဲ့ ပထမဆုံးအိမ်ရှင် အမေရိကန်အသင်း

ဒီနှစ်ကိုပါအမေရိကပြိုင်ပွဲရဲ့အိမ်ရှင်အသင်းဖြစ်တဲ့အမေရိကန်အသင်းက ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အုပ်စုကထွက်ရတဲ့ ပထမဆုံးအိမ်ရှင်အသင်းဖြစ်လာပါတယ်။ ဒီနေ့မနက်ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဥရုဂွေးအသင်းကို (ဝ-၁)ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် အမေရိကန်အသင်းအနေနဲ့ (၁)ပွဲနိုင်၊ (၂)ပွဲရှုံးရမှတ်(၃)မှတ်သာရခဲ့တာကြောင့် အုပ်စုတတိယနေရာသာရပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။ အိမ်ရှင်အမေရိကန်အသင်းအနေနဲ့ အုပ်စုအဖွင့်မှာ ဘိုလစ်ဗီးယားအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ကစားနိုင်ခဲ့ပေမယ့် အုပ်စုဒုတိယပွဲမှာ ပနားမားကို...