Day: July 27, 2024

ရီးရဲလ်ပရိသတ်တွေနဲ့ မိတ်ဆက်ပွဲမှာ အန်းဒရစ် စိတ်လှုပ်ရှားပြီး ငိုကြွေးခဲ့

ဘရာဇီးလ်ဆယ်ကျော်သက် အန်းဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်း ကစားသမားသစ်အဖြစ် မိတ်ဆက်ခံရချိန်မှာ ခံစားချက်တွေမထိန်းချုပ်နိုင်ဘဲ ငိုကြွေးနေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အန်းဒရစ်ကို ခေါ်ယူဖို့ ၂၀၂၂ ဒီဇင်ဘာကတည်းက ဘရာဇီးလ်ကလပ် ပါလ်မီးရပ်စ်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပေမယ့် အသက်(၁၈)နှစ်ပြည့်မှ တရားဝင်ခေါ်ယူခွင့်ရရှိခဲ့တာပါ။ အန်းဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကစားသမားသစ်အဖြစ် မိတ်ဆက်ခံရချိန်...

နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမား(၁၂)ဦးအထိ ထွက်ခွာခွင့်ပြုဖို့ ချယ်လ်ဆီး ပြင်ဆင်

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့လစာငွေပမာဏကို လျှော့ချဖို့နဲ့ လူစာရင်းကို ကျစ်လစ်အောင်လုပ်ဖို့အတွက် ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမား(၁၂)ဦးအထိ ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်နေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အငှားသွားရောက်ကစားပြီး ပြန်ရောက်လာခဲ့တဲ့ ကစားသမားတွေကို ရောင်းချဖို့နဲ့ လူငယ်ကစားသမားအချို့ကို အငှားစေလွှတ်ဖို့ စီစဉ်နေတာပါ။ ချယ်လ်ဆီးအသင်းဟာ မကြာသေးခင်က...

အိုလံပစ်ပြိုင်ပွဲမှာ မော်ရိုကိုအသင်း ဘတ်စ်ကားကို ဟာကီမီ မောင်းနှင်တယ်လို့ ပရိသတ်တွေ ထင်မြင်ခဲ့

ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်နေတဲ့ ရုပ်သံတွေမှာ PSG အသင်းနောက်ခံလူ ဟာကီမီဟာ အိုလံပစ်ပြိုင်ပွဲမှာ မော်ရိုကိုအသင်းဘတ်စကားကို မောင်းနှင်ခဲ့တယ်လို့ ပရိသတ်တွေက ထင်မြင်ခဲ့ပါတယ်။ ဟာကီမီဟာ ပါရီအိုလံပစ်ပြိုင်ပွဲမှာ မော်ရိုကိုအမျိုးသားဘောလုံးအသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်နေတာပါ။ မော်ရိုကိုအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။...

မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကိစ္စကို မိမိ ငြင်းဆိုထားခြင်း မရှိဘူးလို့ ဂွါဒီယိုလာ ဆို

စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာက သူဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ငြင်းဆန်ထားခြင်းမရှိဘူးလို့ အမေရိကန်ရာသီကြိုခရီးစဉ်မှာ ပြောခဲ့ပါတယ်။ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် လာမယ့်ရာသီအကုန်မှာ အသင်းက သူထွက်ခွာနိုင်တယ်လို့ ပြီးခဲ့တဲ့ရာသီက ပြောထားသူပါ။ ဒါပေမယ့် ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနည်းပြဘ၀ (၉)ရာသီမြောက်အတွက်...

ပါကယ်တာ ဘက်ကရပ်တည်ပြီး FA ကို အားကစားခုံရုံးမှာ ရင်ဆိုင်တုံ့ပြန်သွားမယ့် ဝက်စ်ဟမ်းအသင်း

ဝက်စ်ဟမ်းအသင်းဟာ သူတို့ရဲ့ကွင်းလယ်လူပါကယ်တာကို အရေးယူဖို့ စီစဉ်နေတဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ကို အားကစားဥပဒေလမ်းကြောင်းအရ ပြန်လည်တုံ့ပြန် ရင်ဆိုင်သွားဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ လူဆန်နီမြို့မှာရှိတဲ့ နိုင်ငံတကာအားကစားခုံရုံး(Court of Arbitration for Sport)ကနေ FA ကို ရင်ဆိုင်တုံ့ပြန်သွားဖို့...

၂၁ ရာစုမှာ တန်းမဆင်းတဲ့ မှတ်တမ်းကောင်းကို ဆေးလ်ဗားရဲ့ အကူအညီနဲ့ ဖလူမင်နန့်စ် ဆက်ထိန်းထားနိုင်မလား

ဘရာဇီးလ်ကလပ် ဖလူမင်နန့်စ်အသင်းဟာ (၂၁)ရာစုမှာ ဘရာဇီးလ်ပြည်တွင်းလိဂ်ရဲ့ အမြင့်ဆုံးအတန်းဖြစ်တဲ့ Campeonato Brazileiro Serie A မှာ အစဉ်အမြဲကစားနေတဲ့အသင်းဖြစ်ပါတယ်။ ဒီအသင်းက ဒီရာသီမှာတော့ အခြေအနေဆိုးနေပြီး အသင်း(၂၀)ရှိတဲ့ Campeonato Brazileiro Serie A မှာ...

ပရော်ဖက်ရှင်နယ် ကလပ်အသင်းဘဝကို စွန့်လွှတ်ခဲ့တဲ့ ဘော်ဒိုးအသင်း

ပြင်သစ်ကလပ် ဘော်ဒိုးအသင်းဟာ သူတို့ရဲ့ပရော်ဖက်ရှင်ကလပ်အသင်းဘဝကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ကို အသိပေးအကြောင်းကြားခဲ့ပါတယ်။ ကလပ်အသင်းကို ပရော်ဖက်ရှင်ကလပ်အသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်တဲ့အခြေအနေမရှိတော့တာကြောင့် ဘော်ဒိုးအသင်းတာဝန်ရှိသူတွေက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဘော်ဒိုးအသင်းဟာ သူတို့ရဲ့ ဘဏ္ဍာရေးအကျပ်အတည်းကို မဖြေရှင်းနိုင်လို့ ပြင်သစ်လိဂ်တတိယတန်းကို တန်းဆင်းကစားဖို့ ပြစ်ဒဏ်ချခံထားရပါတယ်။ ဇူလိုင်လအစောပိုင်းက...