Day: July 18, 2024

ချယ်လ်ဆီးအသင်းအတွင်းမှာ တောက်လောင်နေတဲ့ မီးနဲ့ ဂျက်ဆန်ရဲ့ စစ်ပြေငြိမ်းရေး ကြိုးပမ်းမှု

ချယ်လ်ဆီးအသင်းရဲ့ဆီနီဂေါတိုက်စစ်မှူး နီကိုလပ်စ်ဂျက်ဆင်က လူမျိုးရေးခွဲခြားမှုကြောင့် ဖိအားဒဏ်တွေခံနေရတဲ့ အသင်းဖော်ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ဖိအားတချို့လျော့ပါးစေဖို့ ရည်ရွယ်ချက်နဲ့ သူ့ရဲ့Instagram မှာ ဗီဒီယိုဖိုင်လေးတစ်ခုတင်ခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ ချယ်လ်ဆီးအသင်းရဲ့ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းမှာ ဖာနန်ဒက်ဇ်နဲ့ လူမည်းကလေးငယ်လေးတစ်ဦးတို့ အပြန်အလှန်စကားပြောဆိုနေတဲ့ မြင်ကွင်းပါဝင်ခဲ့ပါတယ်။ သဘောကတော့ ဖာနန်ဒက်ဇ်အနေနဲ့...

ရီးးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေပြီး ဆုဖလားအများဆုံးရ ကစားသမားအဖြစ် စံချိန်တွေဆက်တင်နေမယ့် မိုဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်ကို လာမယ့်ရာသီ အသင်းမှာ ဆက်ကစားစေဖို့အတွက် တစ်နှသက်တမ်းရှီ သက်တမ်းတိုးစာချုပ် တစ်ရပ်ချုပ်ဆိုလိုက်ပါတယ်။ မူလက မိုဒရစ်အနေနဲ့ ယူရိုပြိုင်ပွဲမှာ ခရိုအေးရှားအသင်းနဲ့အတူ စောစောစီးစီးပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် အသင်းဖော်ဂျာမန်ကွင်းလယ်လူ တိုနီကရူးစ်လိုမျိုး ယူရိုပြိုင်ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းကို စွန့်ခွာသွားမလားလို့...

လစာကြွေးကျန်အတွက် PSG ကို ဘာပေ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ မိခင် ဖွင့်ဟ

ရီးရဲလ်မက်ဒရစ်ကစားသမားသစ် ဘာပေဟာ အသင်းဟောင်း PSG အသင်းဆီကနေ သူရဖို့ရှိတဲ့ လစာကြွေးကျန်တွေ မရရှိဘူးဆိုရင် တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ မိခင်ဖြစ်သူ ဖေဇာလာမာရီက Le Parisien နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ ပြင်သစ်လီဂူး-၁ လက်ရှိချန်ပီယံ...

အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့ ဂျာမန် နည်းပြဟောင်း ယိုအာကင်လုဗ် ဆန္ဒရှိနေ

ဂျာမနီအသင်းနည်းပြဟောင်း ယိုအာကင်လုဗ်ဟာ လစ်လပ်နေတဲ့ အင်္ဂလန်အသင်းနည်းပြရာထူးကို တာဝန်ယူချင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ယိုအာကင်လုဗ်ဟာ နည်းပြသစ်ရှာဖွေမှုပြုလုပ်နေတဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က သူ့ကိုချဉ်းကပ်လာမယ်ဆိုရင် ကြိုဆိုသွားမယ်လို့ The Sun သတင်းစာက ဖော်ပြထားတာပါ။ အသက်(၆၄)နှစ်အရွယ်ရှိ ယိုအာကင်လုဗ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲ...

မက်ဂွဲယားကို အသင်းခေါင်းဆောင်ပြန်ခန့်ဖို့ မန်ယူနိုက်တက် ပရိသတ်တွေ တောင်းဆို

မန်ယူနိုက်တက်အသင်းရဲ့ရာသီကြိုလေ့ကျင့်မှုပြုလုပ်နေတဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာပြီးနောက် မန်ယူနိုက်တက်အသင်းပရိသတ်အချို့ဟာ နောက်ခံလူ မက်ဂွဲယားကို အသင်းခေါင်းဆောင်အဖြစ် ပြန်လည်ခန့်အပ်ဖို့ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားတောင်းဆိုခဲ့ပါတယ်။ ၂၀၁၉ က လက်စတာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မက်ဂွဲယားကို နည်းပြဟောင်း ဆိုးလ်ရှားက မန်ယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမစတင်ခင်မှာ...

အာနိုးလ်ကိုခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ လီဗာပူးလ်အသင်းညာနောက်ခံလူ အာနိုးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ကစားသမားဘဝတစ်လျှောက်လုံး လီဗာပူးလ်အသင်းမှာသာကစားခဲ့တဲ့ အာနိုးလ်ကိုခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အရင်ကလည်း ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာပါ။ အာနိုးလ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိပြီဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ အပြောင်းအရွှေ့ကို...

မက်ဆီရဲ့ ခြေရာကိုနင်းလာတဲ့ လာမင်းယာမားလ်နဲ့ စီရော်နယ်ဒိုလျှောက်ခဲ့တဲ့ လမ်းကို လှမ်းလာတဲ့ ဘာပေ

ဘာစီလိုနာအသင်းရဲ့စပိန်ဆယ်ကျော်သက်ကစားသမား လာမင်းယာမားလ်က လာမယ့် ၂၀၂၄-၂၅ ရာသီမှာ အသင်းရဲ့ ဂန္ထဝင်ကစားသမားမက်ဆီ ငယ်ရွယ်စဉ်အချိန်က ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ် (၁၉)ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာမှာစတင်ကစားစဉ်အချိန်က ကျောနံပါတ်(၃၀)၊(၁၁)၊(၉)၊ (၈) အစရှိတဲ့နံပါတ်တွေဝတ်ဆင်ခဲ့ပေမယ့် ၂၀၀၅-၀၆ ရာသီစပြီး ၂၀၀၇-၀၈...