Day: July 8, 2024

စပိန်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂရီးဇ်မန်းကို ပွဲထွက်လူစာရင်းက ပြင်သစ် ချန်လှပ်ဖွယ်ရှိ

ပြင်သစ်အသင်းဟာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒုတိယအသင်းခေါင်းဆောင်ဖြစ်တဲ့ ဂရီးဇ်မန်းကို ပွဲထွက်လူစာရင်းက ချန်လှပ်ဖွယ်ရှိတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။ ပြင်သစ်အသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းကို ပယ်နယ်တီအဆုံးအဖြတ် (၅-၃)ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဆီမီးဖိုင်နယ်ကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် လူစာရင်းကို...

စပိန်-ဂျာမနီပွဲစဉ်ကို ပြန်ကစားဖို့ UEFA ကို ဒေါသထွက်နေတဲ့ ပရိသတ်တွေ အသနားခံတောင်းဆို

စပိန်အသင်းက ဂျာမနီအသင်းကို အချိန်ပိုမှာ (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်ကို ပြန်ကစားဖို့ ဂျာမန်ပရိသတ်တွေက ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ထံ အသနားခံတောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်ချခဲ့တဲ့ ပရီးမီးယားလိဂ်ဒိုင်လူကြီး အန်သိုနီတေလာကို UEFA ရဲ့ဒိုင်လူကြီးစာရင်းကနေပါ ဖယ်ရှားပေးဖို့ ဂျာမန်ပရိသတ်တွေက...

ယူရို-၂၀၂၄ ပြိုင်ပွဲ လက်ကျန်ပွဲစဉ်တွေကို ပက်ဒရီ လွဲချော်မယ်လို့ စပိန်အတည်ပြု

ယူရို-၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် စပိန်(၂-၁)ဂျာမနီပွဲမှာ ဒဏ်ရာရရှိသွားတဲ့ ဘာစီလိုနာကွင်းလယ်လူပက်ဒရီဟာ စပိန်အသင်းရဲ့ဆီမီးဖိုင်နယ်ပွဲကို လွဲချော်မယ့်အပြင် ဗိုလ်လုပွဲတက်ရင်လည်း ကစားနိုင်မှာ မဟုတ်ဘူးလို့ စပိန်အသင်းတာဝန်ရှိသူ​တွေက အတည်ပြုခဲ့ပါတယ်။ ပက်ဒရီဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၈)မိနစ်မှာ ဂျာမနီကွင်းလယ်လူ တိုနီကရူးစ်နဲ့ ပြင်းထန်စွာထိခိုက်မိပြီးနောက် ဒဏ်ရာရရှိသွားခဲ့တဲ့အတွက် ကွင်းလယ်တောင်ပံကစားသမား...

အင်္ဂလန်နဲ့ ပွဲမှာ ပယ်နယ်တီ သူရဲကောင်းဖြစ်ချင်ခဲ့တယ်လို့ ရှာကာ ပြစ်တင်ဝေဖန်ခံနေရ

အင်္ဂလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်(၅-၃)ဂိုးနဲ့ ဆွစ်ဇာလန်အသင်း အရေးနိမ့်ခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းခေါင်းဆောင် ရှာကာဟာ ပယ်နယ်တီသူရဲကောင်းဖြစ်ဖို့ ကြိုးစားတယ်လို့ စွပ်စွဲမှုအပါအဝင် ပရိသတ်တွေဆီကနေ ဝေဖန်မှုအများအပြားကို ရရှိခဲ့ပါတယ်။ ရှာကာဟာ ဆွစ်ဇာလန်အသင်း ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်အောင် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်...

ဗန်ဒယ်ဘိခ်ကို ဝယ်ယူချိန်ကထက် အဆ(၈၀)လျော့နည်းပြီး မန်ယူနိုက်တက်ရောင်းချဖို့ သဘောတူ

မန်ယူနိုက်တက်အသင်းဟာ နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ကို အိုင်းယက်စ်အသင်းကနေ ဝယ်ယူချိန်ကထက် အဆ(၈၀)လျော့နည်းပြီး အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချဖို့ သဘောတူခဲ့ပါတယ်။ အိုင်းယက်စ်အသင်းနဲ့အတူ ၂၀၁၉ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက်ရှိခဲ့တဲ့ ဗန်ဒယ်ဘိခ်ဟာ ၂၀၂၀ က ပေါင်(၃၅)သန်းနဲ့ မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။ ဗန်ဒယ်ဘိခ်ဟာ...

ဂျာမနီအလံအရောင်အသွေးနဲ့ ယူရိုဆီမီးဖိုင်နယ်/ ဖိုင်နယ်တွေမှာ အသုံးပြုမယ့် ဘောလုံး

ကျင်းပလျက်ရှိနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်(၂)ပွဲနဲ့ ဗိုလ်လုပွဲတွေမှာ အသုံးပြုမယ့် ဘောလုံးဒီဇိုင်းကို ဒီဘောလုံးတွေ အစဥ်အဆက် ထုတ်လုပ်နေတဲ့ Adidas ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထူးခြားတာတစ်ခုက ဒီဘောလုံးရဲ့ဒီဇိုင်းဟာ ဂျာမနီနိုင်ငံအလံ အရောင်အသွေးအတိုင်း ဖြစ်နေတာကို တွေ့ရပါတယ်။ ဂျာမနီနိုင်ငံအခြေစိုက် အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ...

ပြိုင်ပွဲသမိုင်းတစ်လျှောက် Own Goal စံချိန်ကိုလိုက်မှီဖို့ တစ်ဂိုးသာလိုတော့တဲ့ ယူရို- ၂၀၂၄ ပြိုင်ပွဲ

မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ် နယ်သာလန်(၂-၁)တူရကီပွဲမှာ တူရကီနောက်ခံလူ မူလ်ဒါသွင်းခဲ့တဲ့ Own Goal က ဒီပြိုင်ပွဲရဲ့(၁၀)ဂိုးမြောက် Own Goal ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲတွေမကစားမီအထိ Own Goal အရေအတွက်က (၁၀)ဂိုးအထိရှိလာခဲ့တာကြောင့် အရင်စံချိန်ကို...