Day: July 16, 2024

ပရိသတ်တွေအကြားအမြင်အမျိုးမျိုးကွဲပြားနေတဲ့ လာမယ့်ရာသီ ချယ်လ်ဆီးအသင်း အင်္ကျီဒီဇိုင်း

ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေဟာ လာမယ့်ရာသီ ချယ်လ်ဆီးအသင်းဝတ်ဆင်မယ့် အင်္ကျီဒီဇိုင်းသစ်ကို ထုတ်ပြန်ကြေညာခဲ့ရာမှာ ချယ်လ်ဆီးအသင်းအားပေးသူပရိသတ်တွေအကြား အမြင်တွေ ကွဲပြားနေကြကြောင်း သိရပါတယ်။ ၂၀၂၄-၂၅ ရာသီသစ်မှာ ချယ်လ်ဆီးအမျိုးသားအသင်းရော၊ အမျိုးသမီးအသင်းပါ ဝတ်ဆင်မယ့် အင်္ကျီအရောင်အသွေးနဲ့ပုံစံ(Pattern)ဟာ အရင်တွေ့မြင်နေကျ အသင်းအင်္ကျီတွေနဲ့ ပုံစံချင်းကွာခြားနေပြီး ပရိသတ်တချို့ကတော့ ဒီအင်္ကျီအပေါ်မှာ...

အင်္ဂလန်အသင်း နည်းပြရာထူးကနေ နုတ်ထွက်ကြောင်း ဆောက်ဂိတ် ကြေညာ

ယူရိုပြိုင်ပွဲဗိုလ်လုပွဲမှာ အင်္ဂလန်အသင်း (၂)ကြိမ်ဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့ရပြီးနောက် နည်းပြဆောက်ဂိတ်ဟာ ရာထူးက နုတ်ထွက်ပြီလို့ ကြေညာခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ စပိန်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့တာပါ။ ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တို့ချုပ်ဆိုထားတဲ့...

ရိုစင်ဘော့နဲ့ပွဲမှာ ဒဏ်ရာပြင်းထန်စွာရရှိမယ့် အခြေအနေကနေ ကတ်စမဲရိုး လွတ်မြောက်

မနေ့က ရိုစင်ဘော့(၁-ဝ)မန်ယူနိုက်တက်ခြေစမ်းပွဲစဉ်မှာ ဘရာဇီးလ်ကွင်းလယ်လူ ကက်စီမဲရိုးဟာ ရိုစင်ဘော့နောက်ခံလူတိုမက်စ်ရဲ့ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကိုခံရပေမယ့် ဒဏ်ရာပြင်းထန်စွာရရှိမယ့် အခြေအနေကနေ ကံကောင်းပြီး လွတ်မြောက်ခဲ့ပါတယ်။ ခြေစမ်းပွဲရဲ့ပွဲချိန်(၁၈)မိနစ်မှာ တိုမက်စ်ဟာ ဘောလုံးကိုထိန်းသိမ်းတာ ဆုံးရှုံးပြီးနောက် ကက်စီမဲရိုးရဲ့ဒူးကို ပြင်းထန်စွာဖျက်ထုတ်မိသလိုဖြစ်ခဲ့တာပါ။ ကက်စီမဲရိုးဟာ ဒီဖျက်ထုတ်မှုကြောင့် ကွင်းအတွင်းမှာ ဆေးကုသမှုခံယူခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာမရတဲ့အတွက်...

နယ်သာလန်တိုက်စစ်မှူး ဇာခ့်ဇီကို ပေါင်(၃၆.၅)သန်းနဲ့ မန်ယူနိုက်တက် ခေါ်ယူ

မန်ယူနိုက်တက်အသင်းဟာ ဘိုလော့ဂ်နာက နယ်သာလန်တိုက်စစ်မှူး ဇာခ့်ဇီကို ပေါင်(၃၆.၅)သန်းနဲ့ ၂၀၂၉ ဇွန်အထိ (၅)နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ်(၁)နှစ်သက်တမ်းတိုးခွင့်ရှိနေတဲ့ ဇာခ့်ဇီဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းရဲ့ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာခဲ့သူပါ။ ဇာခ့်ဇီဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့ဂ်နာအသင်းအတွက် (၃၇)ပွဲပါဝင်ကစားပြီး...

ဂျာမနီလက်ရွေးစင်ဘဝက အနားယူသွားတဲ့ သောမတ်စ်မူလာ

ဘိုင်ယန်မြူးနစ်အသင်းဝါရင့်တိုက်စစ်ကစားသမား သောမတ်စ်မူလာဟာ ဂျာမနီလက်ရွေးစင်ကစားသမားဘဝက အနားယူပြီလို့ အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့တဲ့ ဂျာမနီအသင်းအတွက် သူ့ရဲ့နောက်ဆုံးပွဲစဉ်အဖြစ်ပါဝင်ကစားခဲ့တဲ့ သောမတ်စ်မူလာဟာ နိုင်ငံအသင်းအတွက် (၁၃၁)ပွဲကစားပြီး (၄၅)ဂိုးသွင်းယူနိုင်ခဲ့သူပါ။ သောမတ်စ်မူလာဟာ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ လိုသာမာသီးယက်စ်၊ ကလိုဆေးတို့ပြီးနောက်...

ဆုဖလားနဲ့ လက်တစ်ကမ်းအလို ဗိုလ်လုပွဲတွေရောက်တိုင်း ကျိန်စာမိသလို အမြဲကျရှုံးနေရတဲ့ ဟာရီကိန်း

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းအတွက်တော့ ဆုဖလားတွေဆိုတာက သူနဲ့မအပ်စပ်တဲ့အရာတွေလို ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေတုန်းပါပဲ။ စပါးမှာ ဖလားလက်မဲ့ရာသီတွေကို ဆက်တိုက်ကြုံတွေ့နေရလို့ ဂျာမန်အသင်းကြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လာတယ်။ ဘိုင်ယန်မြူးနစ်အသင်းပါ ပြီးခဲ့တဲ့ရာသီက ဖလားလက်မဲ့ဖြစ်သွားတယ်။ အခုလည်း ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် သူ့ရဲ့ကံမကောင်းတဲ့မှတ်တမ်းဆိုးကို...

ကိုပါအမေရိကဗိုလ်လုပွဲ အာဂျင်တီးနား(၁-ဝ)ကိုလံဘီယာပွဲ Highlight Video

■ Video - ကိုပါအမေရိကဗိုလ်လုပွဲ အာဂျင်တီးနား(၁-ဝ)ကိုလံဘီယာပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ မက်ဆီနဲ့အချိန်ပို(၁၁၂)မိနစ်မှာ သွင်းယူခဲ့တဲ့ လော်တာရိုမာတီနက်ဇ်ရဲ့အနိုင်ဂိုး၊ အာဂျင်တီးနားအသင်းရဲ့ဆုပေးပွဲအခမ်းအနား။