Day: July 24, 2024

ချယ်လ်ဆီးကို ပြန်လာမယ့် အန်ဇိုဖာနန်ဒက်ဇ်ကို မိမိ ကြိုဆိုသွားမယ်လို့ မာရက်စ်ကာ ဆို

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်ဖို့ လာမယ့်တနင်္လာမှာ ကလပ်အသင်းနဲ့ ပူးပေါင်းတော့မယ့် အာဂျင်တီးနားအသင်းကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို သူကြိုဆိုဖို့ အဆင်သင့်ပဲလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်ဟာ ကိုလံဘီယာအသင်းကို အနိုင်ရခဲ့တဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲအပြီးမှာ အာဂျင်တီးနားအသင်းဖော်အချို့နဲ့ လူမျိုးရေးခွဲခြားတဲ့ သီချင်းသီဆိုမှုကြောင့် ဝေဖန်မှုတွေခံနေရသူပါ။...

ရီးရဲလ်မက်ဒရစ်ပစ်မှတ် အာနိုးလ်ကို ကြီးမားတဲ့ ကမ်းလှမ်းမှုနဲ့ စာချုပ်သစ်ချုပ်ဖို့ လီဗာပူးလ် စီစဉ်

လီဗာပူးလ်အသင်းဟာ အကယ်ဒမီထွက် ညာနောက်ခံလူ အာနိုးလ်ကို ကြီးမားတဲ့ ကမ်းလှမ်းမှုနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အာနိုးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် လီဗာပူးလ်အသင်းဟာ အာနိုးလ်ကို စာချုပ်သစ်အမြန်ဆုံးချုပ်ဆိုနိုင်ဖို့ စီစဉ်နေတာပါ။ လီဗာပူးလ်အသင်းနဲ့...

တန်ဟတ်သာ မရှိရင် မန်ယူနိုက်တက်ထံ ဒီဟေးယားပြန်လာဖြစ်လိမ့်မယ်လို့ သတင်းထွက်

စပိန်ဂိုးသမား ဒီဟေးယားဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ထွက်ခွာခဲ့ရင် အသင်းဟောင်း မန်ယူနိုက်တက်အသင်းထံ ပြန်လာဖို့အဆင်သင့်ဖြစ်နေခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းက ထွက်ခွာပြီးနောက် (၁)နှစ်ကြာအနားယူခဲ့ရတဲ့ ဒီဟေးယားဟာ ဘောလုံးကွင်းထဲကို ပြန်လည်ဝင်ရောက်ဖို့ပြင်ဆင်မှုတွေပြုလုပ်နေတာပါ။ ဒီဟေးယားဟာ မန်ယူနိုက်တက်အသင်းမှာ (၁၂)နှစ်ကြာရှိခဲ့တာကို အဆုံးသတ်ပြီး စာချုပ်ကုန်ဆုံးချိန် ၂၀၂၂-၂၀၂၃...

လစာငွေနဲ့ အချိုးချရင် မန်စီးတီးမှာ တစ်ပွဲအတွက် ပေါင် (၃.၅)သန်း တန်ကြေးရှိနေတဲ့ စကော့ကာဆန်

မန်စီးတီးအသင်းကို ၂၀၁၉ ခုနှစ်မှာ ရောက်ရှိလာတဲ့ အင်္ဂလန်ဝါရင့်ဂိုးသမား စကော့ကာဆန်(၃၈ နှစ်)ဟာ ဒီအသင်းမှာ (၅)ရာသီကြာ ဖြတ်သန်းခဲ့ပြီးပါပြီ။ ဒီ(၅)ရာသီအတွင်း စကော့ကာဆန် ကစားခဲ့တဲ့ပွဲအရေအတွက် စုစုပေါင်းက (၂)ပွဲသာဖြစ်ပါတယ်။ ဒီအသင်းမှာ ကစားခဲ့တဲ့ (၅)နှစ်အတွင်း စကော့ကာဆန်ရရှိခဲ့တဲ့ ဆုဖလားအရေအတွက်က...

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကစားသမား အပြောင်းအရွှေ့ ​ကနေ အမြတ်အစွန်း အများဆုံးရခဲ့တဲ့ လိုင်လီအသင်း

ပြင်သစ်ကလပ် လိုင်လီအသင်းဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း ကစားသမားအပြောင်းအရွှေ့တွေကနေ အမြတ်အစွန်းအများဆုံးရရှိတဲ့ကလပ်အသင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။ လိုင်လီအသင်းအနေနဲ့ သူတို့ရဲ့ကစားသမားတွေကို ဝယ်ယူစဉ်က တန်ဖိုးနည်းပါးစွာပေးခဲ့ရပြီး ရောင်းချချိန်မှာ မြင့်မားတဲ့ကြေးတွေနဲ့ ရောင်းခဲ့တာကြောင့် အမြတ်အစွန်းများစွာရခဲ့သလို၊ ဟာဇက်၊ ယိုရိုတို့လို ငယ်မွေးခြံပေါက်ကစားသမားတွေကလည်း မြင့်မားတဲ့ကြေးတွေ ရခဲ့တာကြောင့် ကစားသမားအပြောင်းအရွှေ့တွေကနေ...

Nike ရဲ့ (၂၅)နှစ်မြောက် ထုတ်လုပ်မှုဖြစ်တဲ့ ပရီးမီးယားလိဂ်ဘောလုံး Nike Flight

လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသုံးပြုမယ့်ဘောလုံးကို NIKE ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ ဒီဘောလုံးကို Nike Flight လို့ အမည်ပေးထားပြီး သြဂုတ်(၁၆)ရက်နေ့(သောကြာနေ့)မှာ စတင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲစဉ် မန်ယူနိုက်တက်-ဖူလ်ဟမ်ပွဲမှာ စပြီး အသုံးပြုသွားမှာဖြစ်ပါတယ်။ Nike...

ဘောလုံးကစားခြင်းက အနားယူပြီး (၄)နှစ်အကြာမှာ မြက်ခင်းပြင်ပေါ်ပြန်ခြေချမယ့် ဂါရတ်ဘယ်ရီ

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲအများဆုံးကစားသူအဖြစ် စံချိန်တင်ထားတဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း ဂါရတ်ဘယ်ရီဟာ ဘောလုံးကစားခြင်းကအနားယူပြီး နောင်(၄)နှစ်အကြာမှာဘောလုံးသမားတစ်ဦးအဖြစ် မြက်ခင်းပြင်ပေါ် ပြန်လည်ခြေချတော့မှာဖြစ်ပါတယ်။ ဂါရတ်ဘယ်ရီဟာ ဝက်စ်ဘရွန်းအသင်းမှာ နောက်ဆုံးကစားခဲ့ပြီးနောက် ၂၀၂၀ သြဂုတ်လမှာ ဘောလုံးကစားခြင်းက အနားယူခဲ့တာပါ။ သူ အနားယူခဲ့စဉ်က အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်ပြီး အခုအခါ...

ငယ်ရွယ်စဉ်က တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့ပြီး ဂိုးတွေအများကြီး သွင်းခဲ့တယ်ဆိုတဲ့ လန်နီယိုရို

မန်ယူနိုက်တက်အသင်းကို ပြင်သစ်ကလပ် လိုင်လီအသင်းက ပြောင်းရွှေ့လာတဲ့ ပြင်သစ်လူငယ် နောက်ခံလူလန်နီယိုရို(၁၈ နှစ်)က သူ့အနေနဲ့ ငယ်ရွယ်စဉ်အချိန်တုန်းက နောက်ခံလူတစ်ဦးမဟုတ်ဘဲ တိုက်စစ်မှူးတစ်ဦးအဖြစ် ကစားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူ့အနေနဲ့ လူငယ်ကစားသမားဘဝမှာ ဂိုးတွေအများကြီးသွင်းတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့တယ်လို့လည်း ယိုရိုက ပြောခဲ့ပါတယ်။ "အရင်တုန်းက...