Day: July 28, 2024

၂၈.၇.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ဘီလ်ဘာအိုအသင်းဟာ စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ် ကလပ်မှာဆက်နေဖို့ ဆုံးဖြတ်ခဲ့ရင် ပိုမိုမြင့်မားတဲ့ လုပ်ခလစာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ နီကိုဝီလီယံစ်ကို ခေါ်ယူဖို့ ဘာစီလိုနာ၊PSG နဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းအချို့က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ■ ချယ်လ်ဆီးအသင်းဟာ ဗီလာရီးရဲလ်အသင်းဂိုးသမား ဂျော်ဂျန်ဆန်နဲ့...

အရောင်တွေ ပြောင်းပြန်ဖြစ်သွားတဲ့ မန်ချက်စတာ နှစ်သင်း

မန်ယူနိုက်တက်အသင်းရဲ့အောင်ပွဲခံအခမ်းအနားတွေမှာ မန်ယူနိုက်တက်ပရိသတ်တွေက Manchester is Red လို့ ကြွေးကြော်တတ်ကြပါတယ်။ ဒီလိုပဲ မန်စီးတီးအသင်းရဲ့ အောင်ပွဲခံအခမ်းအနားတွေမှာလည်း မန်စီးတီးပရိသတ်တွေက Manchester is Blue လို့ ကြွေးကြော်တတ်ကြပြန်ပါတယ်။ လာမယ့် ၂၀၂၄-၂၅ ရာသီ ဒီနှစ်သင်းရဲ့အင်္ကျီဝတ်စုံတွေကို...

ယိုရိုနဲ့ ဟွိုက်လန်းတို့ရဲ့ဒဏ်ရာအခြေအနေ မပြင်းထန်ဖို့ မျှော်လင့်တယ်လို့ တန်ဟတ် ဆို

ဒီမနက်ကစားခဲ့တဲ့ အာဆင်နယ်(၂-၁)မန်ယူနိုက်တက် အမေရိကန်ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ နောက်ခံလူ ယိုရိုနဲ့ တိုက်စစ်မှူး ဟွိုက်လန်းတို့ရဲ့ဒဏ်ရာအခြေအနေမပြင်းထန်ဖို့ မျှော်လင့်တယ်လို့ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က မီဒီယာသမားတွေကို ပြောခဲ့ပါတယ်။ ယိုရိုနဲ့ ဟွိုက်လန်းတို့ဟာ ဒဏ်ရာတွေကြောင့် ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာ လူစားလဲခံခဲ့ရတာဖြစ်ပြီး ရာသီသစ်မတင်ခင် မန်ယူနိုက်တက်အသင်းအတွက်...

နည်းပြတွေက တစ်နှစ် ပွဲပယ်ခံရ၊ အသင်းကရမှတ်လျှော့ခံရတဲ့ ကနေဒါအသင်းရဲ့ ဒရုန်းပြဿနာ

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲဝင် ကနေဒါအမျိုးသမီးဘောလုံးအသင်းဟာ ပြိုင်ဘက်နယူးဇီလန်အသင်းရဲ့နည်းစနစ်၊ နည်းဗျူဟာတွေကို သိရှိဖို့ ဒရုန်းနဲ့ထောက်လှမ်းခဲ့တဲ့ လုပ်ရပ်အတွက် (၆)မှတ်လျှော့ပြစ်ဒဏ်ချခံခဲ့ရပါတယ်။ ဒရုန်းနဲ့ထောက်လှမ်းခဲ့တဲ့ လုပ်ရပ်အတွက် ကနေဒါအမျိုးသမီးအသင်းနည်းပြဘက်ဗ်ပရီးစ်မန်နဲ့ နည်းပြအဖွဲ့ဝင်(၂)ဦးကိုလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က တစ်နှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အိုလံပစ် (အမျိုးသမီးဘောလုံး)ပြိုင်ပွဲမှာ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ ကနေဒါအသင်းဟာ...

အိုလံပစ်မှာ ရွှေဆုနဲ့ ဆယ်စုနှစ(၃)ခုကြာဝေးနေတာကို ဥရောပအသင်းတွေ အဆုံးသတ်နိုင်မလား

ခေတ်သစ်နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ (အမျိုးသားဘောလုံး)ပြိုင်ပွဲကို ဒုတိယအကြိမ်ပြိုင်ပွဲဖြစ်တဲ့ ၁၉၀၀ ပါရီအိုလံပစ်ပြိုင်ပွဲမှာ စတင်ထည့်သွင်းကျင်းပခဲ့ပြီး ဂရိတ်ဗြိတိန်အသင်းက ဗိုလ်စွဲခဲ့ပါတယ်။ ပြိုင်ပွဲရဲ့အစောပိုင်းကာလတွေမှာ ဥရောပဘောလုံးအသင်းတွေက ချန်ပီယံဆုကို လွှမ်းမိုးရယူနိုင်ခဲ့ပေမယ့် ဒီနောက်ပိုင်းနှစ်တွေမှာတော့ ဥရောပအသင်းတွေ အောင်မြင်မှုနဲ့ သိသိသာသာဝေးကွာလာပါတယ်။ နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ(အမျိုးသားဘောလုံး)ရွှေဆုကို ဥရောပအသင်းတွေ မရယူနိုင်တာ ဆယ်စုနှစ်(၃)ခုမကကြာခဲ့ပါပြီ။...

မန်ယူနိုက်တက်(၁-၂)အာဆင်နယ်ခြေစမ်းပွဲ Highlight Video

■ ဒီနေ့မနက် အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ်က SoFi Stadium မှာကစားခဲ့တဲ့ မန်ယူနိုက်တက်(၁-၂)အာဆင်နယ်ခြေစမ်းပွဲက သွင်းဂိုးများ။ ■ မန်ယူနိုက်တက်အသင်းအတွက် ပွဲချိန်(၁၀)မိနစ်မှာ ဟွိုက်လန်းသွင်းယူခဲ့တဲ့ဦးဆောင်ဂိုး၊ ပွဲချိန်(၂၆)မိနစ်မှာ အာဆင်နယ်အတွက် ဂျေးဆူသွင်းယူခဲ့တဲ့ချေပဂိုး၊ ပွဲချိန်(၈၁)မိနစ်မှာ အာဆင်နယ်အတွက် မာတင်နယ်လီသွင်းယူခဲ့တဲ့ အနိုင်ဂိုး။...

အားလပ်ရက်အတွင်း ရီးရဲလ်လူငယ်ပရိသတ်ရဲ့အင်္ကျီပေါ်မှာ အာနိုးလ် လက်မှတ်ထိုးပေးခဲ့

လီဗာပူးလ်အသင်း ညာနောက်ခံလူ အာနိုးလ်ဟာ အားလပ်ရက်အပန်းဖြေအနားယူနေချိန်အတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းအင်္ကျီဝတ်ဆင်ထားတဲ့ လူငယ်ပရိသတ်တစ်ဦးရဲ့အင်္ကျီပေါ်မှာ လက်မှတ်ထိုးပေးခဲ့တဲ့ ရုပ်ပုံဟာ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အာနိုးလ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ ထင်ကြေးသတင်းတွေ ထွက်ပေါ်နေတဲ့သူပါ။ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း(၁)နှစ်သာကျန်ရှိတော့တဲ့ အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ...

ဆဲလ်တစ်ကို ဂိုးပြတ်ရှုံးတဲ့ပွဲက ချယ်လ်ဆီးရဲ့စွမ်းဆောင်ရည်ကို ပရိသတ်တွေ ဝေဖန်ပြစ်တင်

ဒီမနက်က ချယ်လ်ဆီး(၁-၄)ဆဲလ်တစ် အမေရိကန်ရာသီကြိုခြေစမ်းပွဲစဉ်က ချယ်လ်ဆီးအသင်းရဲ့စိတ်ပျက်စရာကောင်းတဲ့ စွမ်းဆောင်ရည်ကို ချယ်လ်ဆီးအသင်းပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဆဲလ်တစ်အသင်းနဲ့ ပွဲမတိုင်ခင် ရက်စ်ဟမ်းအသင်းနဲ့ ခြေစမ်းပွဲမှာလည်း (၂)ဂိုးစီသရေကျခဲ့တာကြောင့် နည်းပြသစ် မာရက်စ်ကာလက်ထက်မှာ နိုင်ပွဲပျောက်ဆုံးနေခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ဆဲလ်တစ်အသင်းနဲ့ ခြေစမ်းပွဲမှာ...

သူခိုးတွေ သောင်းကျန်းနေတဲ့ ၂၀၂၄ ပါရီ အိုလံပစ်ပြိုင်ပွဲ

ကျင်းပလျက်ရှိနေတဲ့ ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲမှာ သူခိုးတွေသောင်းကျန်းနေပြီး အဖိုးတန်ပစ္စည်းတွေ ခိုးယူခံရတာကြောင့် တိုင်ကြားမှုတွေရှိနေပါတယ်။ ပထမဆုံးခိုးယူခံရတာက အာဂျင်တီးနားအိုလံပစ်ဘောလုံးအသင်းပါ။ အာဂျင်တီးနားအိုလံပစ်အသင်းနည်းပြ မာရှေရာနိုက သူ့အသင်းက ပစ္စည်းတချို့ခိုးယူခံရတယ်လို့ တာဝန်ရှိသူတွေကို တိုင်ကြားခဲ့ပါတယ်။ အာဂျင်တီးနားအသင်း လေ့ကျင့်ခန်းဆင်းနေစဉ်မှာ အသင်းတည်းခိုရာနေရာက ပစ္စည်းတချို့ခိုးယူခံရတာဖြစ်ပြီး ခိုးယူခံရတဲ့ပစ္စည်းတွေထဲမှာ...