Day: July 5, 2024

ကိုပါအမေရိကဖလားပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် နည်းပြ ဖီလစ်ဆန်းချက်ဇ်ကို အီကွေဒေါ ထုတ်ပယ်

ဒီမနက်ကစားခဲ့တဲ့ အာဂျင်တီးနား(၁-၁)အီကွေဒေါ ပယ်နယ်တီ(၄-၂) ကိုပါအမေရိကဖလားပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ အီကွေဒေါဘောလုံးအဖွဲ့ချုပ်(FEF)ဟာ နည်းပြဖြစ်သူ ဖီလစ်ဆန်းချက်ဇ်ကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ ကာတာအသင်းကို ၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူပေးနိုင်ခဲ့တဲ့ စပိန်လူမျိုးနည်းပြ ဖီလစ်ဆန်းချက်ဇ်ဟာ အီကွေဒေါအသင်းကို ပြီးခဲ့တဲ့နှစ် မတ်က စတင်ကိုင်တွယ်ခဲ့ပြီး (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့ပေမယ့်...

Panenka ပုံစံနဲ့ မိမိပယ်နယ်တီ သွင်းနိုင်မယ်လို့ ယုံကြည်ခဲ့တဲ့အတွက် ဒေါသထွက်မိတယ်လို့ မက်ဆီ ဆို

ဒီမနက် ကိုပါအမေရိကဖလားကွာတားဖိုင်နယ်ပွဲစဉ် အာဂျင်တီးနား(၁-၁)အီကွေဒေါ (ပယ်နယ်တီ ၄-၂) ပွဲအပြီးမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက Panenka ပုံစံနဲ့ မိမိပယ်နယ်တီသွင်းယူနိုင်မယ်လို့ ယုံကြည်ခဲ့တဲ့အတွက် ဒေါသထွက်မိတယ်လို့ ပွဲအပြီးမီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ပြောခဲ့ပါတယ်။ မက်ဆီဟာ ပယ်နယ်တီအဆုံးအဖြတ်မှာ အာဂျင်တီးနားအသင်းအတွက် ပထမဆုံးကန်သွင်းသူအဖြစ်တာဝန်ယူခဲ့ပေမယ့် သူ့ရဲ့ကန်သွင်းချက်ဟာ...

ကိုပါအမေရိက ကွာတားဖိုင်နယ် အာဂျင်တီးနား(၁-၁)အီကွေဒေါပွဲ Highlight Video

■ Video - ကိုပါအမေရိက ကွာတားဖိုင်နယ် အာဂျင်တီးနား(၁-၁)အီကွေဒေါပွဲက အာဂျင်တီးနားအသင်းအတွက် လော်တာရိုမာတီနက်ဇ်ရဲ့ ခေါင်းတိုက်ဂိုး(၃၅ မိနစ်)၊ အီကွေဒေါအသင်းအတွက် ရိုဒရီဂွက်ဇ်ရဲ့ချေပဂိုး(၉၀+၁ မိနစ်) ■ ပုံမှန်ပွဲချိန်အပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ မက်ဆီ မဝင်ခဲ့တဲ့ ပယ်နယ်တီ၊ အာဂျင်တီးနားဂိုးသမား...

စပိန်နဲ့ပွဲမတိုင်ခင် နည်းဗျူဟာ အစီအစဉ်တွေ မပေါက်ကြားစေဖို့ ဂျာမနီ လုပ်ဆောင်

ဒီနေ့ကစားမယ့် စပိန်-ဂျာမနီ ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် အိမ်ရှင်ဂျာမနီအသင်းဟာ သူတို့ရဲ့နည်းဗျူဟာအစီအစီအစဉ်တွေ မပေါက်ကြားစေဖို့ ပြင်းထန်တဲ့အစီအမံတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဂျာမနီသတင်းစာ Bild က ဂျာမနီအသင်းနည်းပြ နာဂယ်လ်စမန်းဟာ သူ့ရဲ့ထိပ်တန်းပွဲစဉ်လျှို့ဝှက်အစီအစဉ်တွေကို လေ့ကျင့်ရေးစခန်းအတွင်းမှာ သူလျှိုလုပ်မှာကို စိုးရိမ်‌ပြီး အထူးလုံခြုံရေးအစီအမံတွေ ထားရှိထားတယ်လို့...

ယူရို-၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ် မတိုင်ခင် ဒဏ်ရာအခြေအနေကို ရှာကာ စကန်ဖတ်စစ်ဆေးမှုခံယူ

ဆွစ်ဇာလန်အသင်းခေါင်းဆောင် ရှာကာဟာ အင်္ဂလန်အသင်းနဲ့ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် သူ့ရဲ့ဒဏ်ရာအခြေအနေကို စကန်ဖတ်စစ်ဆေးမှုခံယူခဲ့ပါတယ်။ ရှာကာဟာ ကြွက်သားဒဏ်ရာခံစားနေရပြီး အီတလီအသင်းကို (ဝ-၂)ဂိုးနဲ့ ဆွစ်ဇာလန်အသင်းအနိုင်ရခဲ့တဲ့ Round of 16 ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့်...

မက်ဆီ ပယ်နယ်တီလွဲခဲ့ပေမယ့် ကိုပါအမေရိကဆီမီးဖိုင်နယ်တက်တဲ့ အာဂျင်တီးနား

အာဂျင်တီးနား(၁-၁)အီကွေဒေါ(ပယ်နယ်တီ ၄-၂နဲ့ အာဂျင်တီးနားနိုင်) ကိုပါအမေရိက ကွာတားဖိုင်နယ် ကိုပါအမေရိက ကွာတားဖိုင်နယ် ပထမဆုံးပွဲမှာ ချန်ပီယံအာဂျင်တီးနားက အီကွေဒေါအသင်းကို နောက်ကျချေပဂိုးပြန်ပေးခဲ့ရတာကြောင့် ပုံမှန်ပွဲချိန်အတွင်း (၁-၁)ဂိုးနဲ့ သရေကျခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။ ပယ်နယ်တီမှာ မက်ဆီက ပထမဆုံးကန်တဲ့အလုံးကို မဝင်ခဲ့ပေမယ့် ကျန်တဲ့...

ယူရို-၂၀၂၄ ဗိုလ်စွဲဖို့ ဖြစ်နိုင်ခြေအများဆုံးအသင်း စာရင်းမှာ အင်္ဂလန်ကို ကျော်ပြီး ထိပ်ဆုံးရောက်လာတဲ့ စပိန်

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်ခြေအရှိဆုံးအသင်းအဖြစ် ပြိုင်ပွဲမတိုင်မီမှာရော၊ ပြိုင်ပွဲကာလအတွင်းမှာပါ အင်္ဂလန်အသင်းက ဆက်တိုက်ဦးဆောင်နိုင်ခဲ့ပေမယ့် ကွာတားဖိုင်နယ်ပွဲတွေမကစားမီ Opta ရဲ့နောက်ဆုံးတွက်ချက်မှုမှာတော့ အပြောင်းအလဲဖြစ်လာပါတယ်။ ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Opta ရဲ့နောက်ဆုံးတွက်ချက်ထုတ်ပြန်မှုအရ စပိန်အသင်းက အရင်ရေပန်းစားခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ရှေ့ကို ရောက်လာခဲ့တာပါ။ Opta ရဲ့စူပါကွန်ပြူတာတွက်ချက်မှုလို့...

ယူရို-၂၀၂၄ မှာတစ်ပွဲပဲ နိုင်ခဲ့ပေမယ့် သူရဲကောင်းတွေလို ကြိုဆိုခံရတဲ့ ဂျော်ဂျီယာအသင်း

ယူရို- ၂၀၂၄ ပြိုင်ပွဲရဲ့ Round of 16 အဆင့်မှာ စပိန်အသင်းကို (၁-၄)ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကထွက်ကာ အိမ်ပြန်လာကြတဲ့ ဂျော်ဂျီယာအသင်းကို ဂျော်ဂျီယာနိုင်ငံ၊ တဘီလီစီမြို့မှာ ပရိသတ်တွေက အောင်ပွဲရသူရဲကောင်းတွေလို တခမ်းတနားကြိုဆိုခဲ့ကြပါတယ်။ ဥရောပမီဒီယာတွေမှာ ဖော်ပြထားတဲ့ပုံတွေ၊ ဗီဒီယိုတွေမှာတော့...

ဇူလိုင် ၅ ရက်နေ့အတွက် အကြိုက်ဆုံးပွဲကြိုတင်ရင်ခုန်သံ

ကိုပါအမေရိက ကွာတားဖိုင်နယ် အာဂျင်တီးနား - အီကွေဒေါ(5 July 2024 / 7:30 am) အာဂျင်တီးနားက အခြားအသင်းတွေထက် ခေါင်းတစ်လုံးမကမြင့်တဲ့အနေအထားမှာ ရှိနေပြီး မက်ဆီမပါရင်တောင် အသင်းက ဘယ်ပြိုင်ဘက်ကိုမဆို မှုစရာမလိုတဲ့ကစားသမားအင်အားကိုပိုင်ဆိုင်ထားတယ်။ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ...