Day: July 13, 2024

အယ်လ်ဂါဇီနဲ့ မိန့်ဇ်အသင်းရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တိုက်ပွဲ

ဒတ်ချ်တောင်ပံတိုက်စစ်ကစားသမား အယ်လ်ဂါဇီကို ၂၀၂၃ အောက်တိုဘာလအတွင်းက အသင်းကနေ ထုတ်ပယ်ခဲ့ခြင်းအတွက် သူ့ရဲ့အသင်းဟောင်း မိန့်ဇ်အသင်းအနေနဲ့ အပြစ်ရှိကြောင်း ဂျာမန်တရားရုံးတစ်ခုက ဆုံးဖြတ်လိုက်ပြီး ပြီးခဲ့တဲ့ (၉)လအတွင်း ပေးချေရမယ့် လစာငွေတွေကို ပုံမှန်အတိုင်းပေးချေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီအမှုမှာ အယ်လ်ဂါဇီ အနိုင်ရသွားတာက...

ဟာရီကိန်းရဲ့ ဆုဖလားကျိန်စာ ဆက်ပြီးမြဲနေအောင်လုပ်မယ်လို့ အော်လ်မိုလ် ဆို

လိုက်ပ်ဇစ်အသင်းကွင်းလယ်တိုက်စစ်ကစားသမား အောလ်မိုက ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းရဲ့ဆုဖလားကျိန်စာဆက်ပြီးရှိနေအောင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမတိုင်ခင်ဆိုခဲ့ပါတယ်။ အော်လ်မိုဟာ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းရဲ့ဘိုင်ယန်မြူးနစ်ကစားသမားဘ၀ ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းက (ဝ-၃)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဂျာမန်စူပါဖလားပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူခဲ့တဲ့သူပါ။ ဟာရီကိန်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက...

ပြင်သစ်လက်ရွေးစင် အသင်းဖော် ကွန်တေရဲ့အသင်းဟောင်းကို ဝယ်ယူဖို့ ဘာပေ စိတ်ဝင်စား

ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်ကစားသမား ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းဖော် ကွန်တေကစားခဲတဲ့ အသင်းဟောင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာ အခွန်ဆောင်အပြီး တစ်နှစ်ကို ပေါင်(၁၂.၈)သန်း ရရှိမယ့် ဘာပေဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခြင်းခံရတော့မှာပါ။ RMC Sport...

မန်စီးတီးအသင်းထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေတဲ့ ဥရောပ ကလပ်အသင်း အဆင့်သတ်မှတ်ချက်

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က နောက်ဆုံးထုတ်ပြန်ထားတဲ့ ကလပ်အသင်းအဆင့်သတ်မှတ်ချက်(UEFA Club Ranking)မှာ မန်စီးတီးအသင်းက စုစုပေါင်းရမှတ်(၁၂၃)မှတ်နဲ့ ထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေပါတယ်။ လိဂ်အသင်းတွေရဲ့ UEFA Coefficient အတိုင်း နောက်ဆုံး(၅)ရာသီ ရမှတ်တွေကို စုပေါင်းတွက်ချက်ကာ ကလပ်အသင်းအဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ UEFA က...

ယူရို-၂၀၂၄ ချန်ပီယံဖြစ်ရင် အင်္ဂလန်ကစားသမားတွေ ဆုကြေးပေါင်(၁၄)သန်းအထိ ရရှိမယ်လို့ သတင်းထွက်

အင်္ဂလန်အသင်းဟာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်ခဲ့ရင် ကစားသမားတွေဟာ ဆုကြေးငွေ ပေါင်(၁၄)သန်းရရှိမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ယူရိုဗိုလ်လုပွဲကို (၂)ကြိမ်ဆက်တက်တဲ့ အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲမှာ အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဘာလင်မှာကျင်းပမယ့်...

နည်းပြတန်ဟတ်နဲ့ ဆွေးနွေးပြီးနောက် မန်ယူနိုက်တက်ရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဆန်ချို ပြန်လည်ပါဝင်

အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အပေါင်းလက္ခဏာဆောင်တဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမှုပြုလုပ်ပြီးနောက် မန်ယူနိုက်တက်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့စက်တင်ဘာက အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာသူ့ကို လူစာရင်းက ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ်တန်ဟတ်ရဲ့ပြောဆိုမှုကို ပြန်တုံ့ပြန်ခဲ့တာကြောင့်...

၂၀၂၄ ကိုပါအမေရိက ဗိုလ်လုပွဲ အပြီးမှာ အာဂျင်တီးနားအသင်းက အနားယူတော့မယ့် ဒီမာရီယာ

အာဂျင်တီးနားဝါရင့်ကွင်းလယ်လူဒီမာရီယာဟာ အခုဇူလိုင်(၁၄)ရက်နေ့မှာ ကစားမယ့် ၂၀၂၄ကိုပါအမေရိကဗိုလ်လုပွဲအပြီးမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူတော့မှာဖြစ်ပါတယ်။ ဒီမာရီယာက အာဂျင်တီးနားအသင်းနဲ့ ကိုလံဘီယာအသင်းတို့ကစားမယ့် ကိုပါအမေရိကဗိုလ်လုပွဲဟာ သူ့အတွက် နောက်ဆုံးနိုင်ငံတကာပွဲဖြစ်လာလိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။ "ဒီပွဲက အာဂျင်တီးနားအသင်းအတွက် ကျွန်တော့်ရဲ့နောက်ဆုံးတိုက်ပွဲပါ။ ကျွန်တော်များများစားစားပြောဖို့မရှိပါဘူး။ အရင်က ကျွန်တော်အများကြီးပြောခဲ့ပြီးပါပြီ။ အာဂျင်တီးနားပရိသတ်တွေကို...

ဥရောပ ယူ-၂၁ ကမ္ဘာ့ဖလားဗိုလ်လုပွဲက ကိုးလ်ပါးမားနဲ့ ရန်ကြွေးကို ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်တို့ လက်စားချေနိုင်မလား

လက်ရှိယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ တောင်ပံကစားသမားကိုးလ်ပါမားက ကျန်အင်္ဂလန်ကစားသမားတွေနဲ့စာရင် စပိန်မီဒီယာတွေ၊ စပိန်ပရိသတ်တွေရဲ့မျက်စိစပါးမွှေးစူးခြင်းကို ခံနေရသူပါ။ အကြောင်းကတော့ မနှစ်က ကျင်းပခဲ့တဲ့ ၂၀၂၃ ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတစ်ခုကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဥရောပယူ-၂၁...

ယူရိုဗိုလ်လုပွဲကို ကိုင်တွယ်ခွင့်ရတဲ့ အသက်အငယ်ဆုံးဒိုင်လူကြီးအဖြစ်မှတ်တမ်းဝင်မယ့် လီတက်ဆီယာ

စပိန်နဲ့အင်္ဂလန်တို့ ကစားမယ့် ယူရို -၂၀၂၄ ဗိုလ်လုပွဲကို ပြင်သစ်လူမျိုးဒိုင်လူကြီးဖရန်စီယိုလီတက်ဆီယာက တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ လီတက်ဆီယာဟာ အသက်(၃၅)နှစ်အရွယ်သာရှိသေးသူဖြစ်ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ဗိုလ်လုပွဲကို ကိုင်တွယ်ခွင့်ရတဲ့ အသက်အငယ်ဆုံးဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။ အရင်က ယူရိုဗိုလ်လုပွဲမှာ အသက်အငယ်ဆုံးဒိုင်လူကြီးအဖြစ်...

ယူရိုပြိုင်ပွဲသမိုင်းမှာ “S” နဲ့စတဲ့အသင်း(၅)သင်းအထိ ရင်ဆိုင်တွေ့တဲ့ ပထမဆုံးအသင်း အင်္ဂလန်

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ ထူးထူးခြားခြား "S" နဲ့ စတဲ့အသင်းများစွာနဲ့ ဆုံတွေ့ရင်ဆိုင်ကစားခဲ့ရပြီး ဒီပြိုင်ပွဲသမိုင်းတစ်လျှောက် ပြိုင်ပွဲတစ်ခုအတွင်း "S" နဲ့ စတဲ့အသင်း(၅)သင်းနဲ့ ရင်ဆိုင်ရတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ အုပ်စုအဆင့်မှာ ဆားဘီးယား(Serbia) ၊...