Day: July 20, 2024

ကာလာဖီအိုရီအတွက် အာဆင်နယ်နဲ့ ဘိုလောဂ့်နာ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိ

အာဆင်နယ်အသင်းဟာ အီတလီလက်ရွေးစင်နောက်ခံလူ ကာလာဖီအိုရီအတွက် ဘိုလော့ဂ်နာအသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိသွားခဲ့ပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက အာဆင်နယ်အသင်းဟာ ကာလာဖီအိုရီအတွက် ဘိုလော့ဂ်နာအသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀) + Add-ons ယူရို(၅)သန်းပေးရမှာဖြစ်ပါတယ်။ ကာလာဖီအိုရီဟာ ပြီးခဲ့တဲ့နှစ်ကမှ ဘေဆယ်လ်အသင်းကနေ ဘိုလာ့ဂ်နာအသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး...

ကွန်တေအတွက် ဝက်စ်ဟမ်းရဲ့ပေါင်(၁၅)သန်းနဲ့ ကမ်းလှမ်းမှုကို အယ်လ်အစ်တီဟတ် ပယ်ချ

ဝက်စ်ဟမ်းအသင်းဟာ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ကွန်တေကိုခေါ်ယူဖို့အတွက် ပေါင်(၁၅)သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာကို ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းက ပယ်ချခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ကွန်တေကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပေမယ့် သူတို့ရဲ့ပထမဆုံးကမ်းလှမ်းမှုဟာ ငြင်းပယ်ခံခဲ့ရတာပါ။ အသက်(၃၃)နှစ်အရွယ်ရှိ ကွန်တေဟာ ဆော်ဒီမှာပျော်ရွှင်နေပေမယ့် ပရီးမီးယားလိဂ်ကို ပြန်လာဖို့...

ဇာဗီဆိုင်မွန်ကို ဘိုင်ယန်မြူးနစ်ထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့ မန်ယူနိုက်တက် မျှော်လင့်

မန်ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတဲ့ PSG ကြယ်ပွင့်ကစားသမား ဇာဗီဆိုင်မွန်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဇာဗီဆိုင်မွန်ဟာ ပြီးခဲ့တဲ့ရာသီက အငှားသွားရောက်ကစားခဲ့တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် ပြသနိုင်ခဲ့တဲ့ ခြေစွမ်းတွေကြောင့် မန်ယူနိုက်တက်အသင်းရဲ့အပြောင်းအရွှေ့ပစ်မှတ်ဖြစ်လာခဲ့သူပါ။ L'Equipe...

ဂျီဘရော်တာကို စပိန်ပိုင်ကြောင်းကြွေးကြော်ခဲ့ကြလို့ အရေးယူခံရတော့မယ့် ရိုဒရီနဲ့ မိုရာတာ

စပိန်ကွင်းလယ်လူရိုဒရီနဲ့ အသင်းခေါင်းဆောင်မိုရာတာတို့ကို ဂျီဘရော်တာကျွန်းဆွယ်ကို စပိန်ပိုင်ဆိုင်ကြောင်း ကြွေးကြော်ခဲ့ခြင်းအတွက် စည်းကမ်းပိုင်းဆိုင်ရာအရ အရေးယူသွားမှာ ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ မက်ဒရစ်မြို့က Plaza de Cibeles ရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ ယူရို(၂၀၂၄)ချန်ပီယံဆု အောင်ပွဲခံအခမ်းအနားမှာ ထောင်သောင်းချီတဲ့ပရိသတ်တွေအရှေ့စင်မြင့်ပေါ်ကနေ ရိုဒရီနဲ့...

လီဗာပူးလ်နည်းပြဘဝ ပထမဆုံးခြေစမ်းပွဲမှာ ရှုံးပွဲတွေ့သွားတဲ့ အာနီဆလော့

လီဗာပူးလ်အသင်းရဲ့ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့ဟာ သူ့ရဲ့ပထမဆုံးပွဲကို ရှုံးပွဲနဲ့ စတင်ဖွင့်လှစ်ခဲ့ရပါတယ်။ ဒီနွေရာသီ ပထမဆုံးခြေစမ်းပွဲအဖြစ် လီဗာပူးလ်အသင်းဟာ မနေ့ညက ချန်ပီယံရှစ်ကလပ် ပရက်စတန်အသင်းနဲ့ ကစားခဲ့ရာမှာ (ဝ-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲမှာ အာနီဆလော့အနေနဲ့ ဆာလာ၊ ဆိုဘို့ဆလိုင်း၊ အန်ဒို၊ ကာတစ်ဂျူံးစ်၊...

ဂရေဟမ်ပေါ်တာကို အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြဖြစ်စေချင်နေတဲ့ ချယ်လ်ဆီးအသင်း

ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေဟာ သူတို့ရဲ့နည်းပြဟောင်း ဂရေဟမ်ပေါ်တာကို အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဖြစ်လာဖို့ ဆန္ဒရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒီလို ဆန္ဒရှိနေတဲ့အကြောင်းအရင်းကတော့ တကယ်လို့ ဂရေဟမ်ပေါ်တာသာ အင်္ဂလန်အသင်းနည်းပြဖြစ်လာရင် ချယ်လ်ဆီးအသင်းက ငွေရေးကြေးရေးအရ များစွာအကျိုးရှိစေမှာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဂရေဟမ်ပေါ်တာကို ၂၀၂၃ ဧပြီလက နည်းပြရာထူးကထုတ်ပယ်ခဲ့ပြီး...

စူပါကွန်ပြူတာရဲ့ တွက်ချက်မှုမှာ ပရီးမီးယားလိဂ်ချန်ပီယံ ပြန်ဖြစ်မယ့် မန်စီးတီး

၂၀၂၄-၂၅ ဘောလုံးရာသီမှာ ပြိုင်ပွဲဝင်မယ့်အသင်းတွေကို Grosvenor Sport ရဲ့စူပါကွန်ပြူတာက တစ်ပွဲချင်းအလိုက် ဖြစ်နိုင်ခြေရလဒ်တွေခန့်မှန်းပြီး ရာသီကုန်မှာ ဘယ်အသင်းက ချန်ပီယံဖြစ်မလဲလို့ တွက်ချက်ပြခဲ့ပါတယ်။ Grosvenor Sport ဆိုတာ အွန်လိုင်းလောင်းကစားနဲ့ ကာစီနိုလုပ်ငန်းတွေကို လုပ်ကိုင်တဲ့ လုပ်ငန်းစုဖြစ်ပြီး စူပါကွန်ပြူတာက...

တစ်ခါ”ပြာ”ပြီးရင် တစ်သက်လုံးပြာမယ်ပြောပြီး နီခဲ့လို့ ရွန်နီလို ဝေဖန်တိုက်ခိုက်ခံနေရတဲ့ ဟိုင်တင်ဂါ

"ကြမ်းကျွံရင် နှုတ်ရ၊ စကားကျွံရင် နှုတ်မရ" ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။ ဆိုခဲစေမြဲစေဆိုသလို ဘယ်အရာမဆို အလွယ်တကူကတိမပေးမိဖို့၊ မသေချာဘဲ မပြောမိဖို့လိုအပ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ဒတ်ချ်လူမျိုးနည်းပြ အာနီစလော့က သူ့ရဲ့နည်းပြအဖွဲ့ထဲမှာ ဒတ်ချ်လူမျိုးနည်းပြတစ်ဦးဖြစ်တဲ့ ဟိုင်တင်ဂါကိုခေါ်ပြီး လက်ထောက်နည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။ လီဗာပူးလ်လက်ထောက်နည်းပြဖြစ်လာတဲ့ ဟိုင်တင်ဂါတစ်ယောက် အရင်က...

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် အင်္ဂလန်ပရိသတ်တွေ အလိုရှိဆုံး အက်ဒီဟောင်း

ယူရို-၂၀၂၄ ပြိုင်ပွဲအပြီး ရက်ပိုင်းအကြာမှာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်က ရာထူးကနုတ်ထွက်သွားခဲ့တာကြောင့် အင်္ဂလန်အသင်းနည်းပြနေရာလစ်လပ်နေပြီး လက်ရှိမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က နည်းပြသစ်ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။ လစ်လပ်နေတဲ့ အင်္ဂလန်အသင်းနည်းပြရာထူးအတွက် ဘယ်နည်းပြကို အင်္ဂလန်အသင်းအားပေးသူပရိသတ်တွေ အတွေ့မြင်ချင်ဆုံးလဲဆိုတာ ဘောလုံးဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Livescore က အင်္ဂလန်ပရိသတ်တွေဆီမှာ ဆန္ဒမဲကောက်ခံခဲ့ပါတယ်။...

စပိန်ဗိုလ်စွဲလို့ ပေးထားတဲ့ ကတိအတိုင်း ဆံပင်ကိုဆေးဆိုးခဲ့တဲ့ ကူကူရယ်လာ

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းနဲ့ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ နောက်ခံလူ ကူကူရယ်လာဟာ သူပေးထားတဲ့ ကတိအတိုင်းဖြည့်ဆည်းပြီး ဆံပင်ကို အနီရောင်ဆေးဆိုးခဲ့ကြောင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ပြသခဲ့ပါတယ်။ ကူကူရယ်လာဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းချန်ပီယံဆုရယူနိုင်ခဲ့ရင် သူ့ရဲ့ဆံပင်ကို အရောင်ဆိုးမယ်လို့ ကတိပေးထားခဲ့သူပါ။...