Day: July 22, 2024

ဒီလစ်အတွက် မန်ယူနိုက်တက်ရဲ့ကနဦးကမ်းလှမ်းမှုကို ဘိုင်ယန်မြူးနစ် ပယ်ချ

ဘိုင်ယန်မြူးနစ်အသင်းဟာ နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဒီလစ်အတွက် မန်ယူနိုက်တက်အသင်းရဲ့အဖွင့်ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ဂျာမန်မီဒီယာတွေက ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ လိုင်လီအသင်းနောက်ခံလူ ယိုရိုကို ခေါ်ယူထားပေမယ့် ဒီလစ်ကိုခေါ်ယူဖို့လည်း စိတ်ဝင်စားနေတာပါ။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ ဗာရန်းကို အလွတ်နဲ့...

မန်ယူနိုက်တက်ကို ပြန်ရောက်လာတဲ့ ဆန်ချို PSG ကို ပြောင်းဖို့ နီးစပ်ကြောင်း သတင်းထွက်

မန်ယူနိုက်တက်အသင်းတောင်ပံကစားသမား ဆန်ချိုဟာ PSG အသင်းထံ ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိဖို့ အလွန်နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ဒုတိယရာသီဝက်မှာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့သွားရောက်ကစားခဲ့တဲ့ ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းနဲ့ ပြန်လည်ပူးပေါင်းပြီး လေ့ကျင့်မှုတွေပြုလုပ်နေသူပါ။ ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းအတွက် တစ်နှစ်နီးပါးအတွင်း ပထမဆုံးပွဲစဉ်အဖြစ်...

ဂေါ်ရက်စကာရဲ့ဆိုးရွားတဲ့ ကစားပုံကြောင့် လေ့ကျင့်ခန်းအစီအစဉ်ကို ကွန်ပနီ ရပ်တန့်

ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ် ကွန်ပနီဟာ ဂျာမန်ကွင်းလယ်လူ ဂေါ်ရက်စကာရဲ့ဆိုးရွားတဲ့ဘောလုံးပေးပို့မှုကြောင့် လေ့ကျင့်ခန်းအစီအစဉ်ကို ရပ်တန့်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ မြင့်မားတဲ့ စံနှုန်းတွေထားရှိနေတာကို ဒီရုပ်သံဖိုင်မှာ ပရိသတ်တွေ မြင်တွေ့ခဲ့ရတာပါ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဂေါ်ရက်စကာဟာ ခံစစ်ကနေ ဘောလုံးကို...

VAR အပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် ရိုစင်ဘော့-လီလက်စ်ထရွမ်းပွဲကို ဖျက်သိမ်းခဲ့ရ

မနေ့က ရိုစင်ဘော့-လီလက်စ်ထရွမ်း နော်ဝေလိဂ်ပွဲစဉ်မှာ VAR အပေါ် ပရိသတ်တွေက ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် ဒီပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။ ပထမပိုင်းမိနစ်(၃၀)အတွင်း VAR ကိုဆန့်ကျင့်ကန့်ကွက်မှု(၄)ကြိမ်အထိရှိခဲ့ပြီး ပရိသတ်တွေက ကွင်းထဲကို တင်းနစ်ဘောလုံးတွေ၊မီးတုတ်တွေ၊ ငါးနဲ့ပြုလုပ်ထားတဲ့ ကိတ်မုန့်တွေနဲ့ပစ်ပေါက်ခဲ့ကြတာပါ။ ရိုစင်ဘော့အသင်းပရိသတ်တွေဟာ စည်းမျဉ်းသစ်အရ ကစားသမားတွေကွင်းထဲက...

ကားကို မဆင်မခြင်မောင်းနှင်မှုတွေကြောင့် ယာဉ်မောင်းခွင့် (၆)လ ပိတ်ပင်ခံရတဲ့ ရပ်ရှ်ဖို့ဒ်

မန်ယူနိုက်တက်အသင်းရဲ့အင်္ဂလန်ဝါရင့်တိုက်စစ်မှူးရပ်ရှ်ဖိုဒ်ဟာ ယာဥ်စည်းကမ်းဖောက်ဖျက်ပြီး ကားကို အကြိမ်ကြိမ် မဆင်မခြင်မောင်းနှင်မှုကြောင့်ယာဉ်မောင်းလိုင်စင်(၆)လ ပိတ်သိမ်းခံရကြောင်း သိရပါတယ်။ ၂၀၂၃ ဒီဇင်ဘာလအတွင်းက ရပ်ရှ်ဖိုဒ်ဟာ သူ့ရဲ့Rolls-Royce Cullinan ကားကို M60 လမ်းမပေါ်မှာ သတ်မှတ်ထားတဲ့မိုင်နှုန်းထက် ပိုအရှိန်မြှင့်မောင်းခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ သူ့ရဲ့...

ဗီယက်နမ်အပြီး လာအိုကို သရေဆက်ကျလို့နောက်တစ်ဆင့် ဝေဝါးသွားတဲ့ မြန်မာအသင်း

မြန်မာ ယူ-၁၉ (၁-၁) လာအို ယူ-၁၉(၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်) အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘားယားမြို့မှာ ကျင်းပနေတဲ့ ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာယူ-၁၉အသင်းဟာ ဒီနေ့ကစားခဲ့တဲ့ ဒုတိယပွဲမှာ လာအိုအသင်းကို...

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂျာမန်ရဲတွေကြောင့် ISIS ရဲ့ တိုက်ခိုက်မှု မခံခဲ့ရတဲ့ အင်္ဂလန်ပရိသတ်

​ပြီးခဲ့တဲ့ ယူရို-၂၀၂၄ဗိုလ်လုပွဲမှာ အင်္ဂလန်ပရိသတ်တွေအနေနဲ့ အသက်အန္တရာယ်ရှိခဲ့ပေမယ့် ဂျာမန်ရဲတွေရဲ့ ရန်သူအပေါ်မှာ အနံ့ခံကောင်းခဲ့တာနဲ့ ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့တာကြောင့် ဘာအန္တရာယ်မှ မဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယူရို-၂၀၂၄ဗိုလ်လုပွဲမှာ အင်္ဂလန်ပရိသတ်တွေကို အဓိကတိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ ISIS အဖွဲ့ရဲ့ကြံစည်မှုကို ဂျာမန်ရဲတွေက အချိန်မီကာကွယ်တားဆီးနိုင်ခဲ့ကြောင်း ဗြိတိန်သတင်းစာ...