Day: July 30, 2024

Idol စီရော်နယ်ဒိုရဲ့ပြိုင်ဘက်အယ်လ်အစ်တီဟတ်ဂျာစီ ဝတ်ဆင်ပြီး ဂါနာချို လေ့ကျင့်မှု ပြုလုပ်

မန်ယူနိုက်တက်ကြယ်ပွင့် ဂါနာချိုဟာ အားလပ်ရက်အတွင်း လေ့ကျင့်မှုတွေပြုလုပ်ရာမှာ သူ့ရဲ့Idol ကစားသမားဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ဆော်ဒီပရိုလိဂ်ပြိုင်ဘက်ကလပ် အယ်လ်အစ်တီဟတ်ဂျာစီဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဂါနာချိုဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် မန်ယူနိုက်တက်အသင်းနဲ့ မပူးပေါင်းသေးဘဲ အားလပ်ရက်ကို ပျော်ပျော်ရွှင်ဖြတ်သန်းနေတာပါ။ မန်ယူနိုက်တက်အသင်းရဲ့အမေရိကန်ရာသီကြိုခရီးစဉ်ကို မလိုက်ပါခဲ့တဲ့ ဂါနာချိုဟာ...

မန်ယူနိုက်တက်အသင်းမှာလေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တဲ့ လင်ဒီလော့ဖ်

မန်ယူနိုက်တက်အသင်းမှာ ဒဏ်ရာကြောင့်ကာလရှည်အနားယူနေရတဲ့ ဆွီဒင်လက်ရွေးစင်နောက်ခံလူ လင်ဒီလော့ဖ်ဟာ အသင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ကြောင်း သိရပါတယ်။ လင်ဒီလော့ဖ်ဟာ ဒီနွေရာသီ မန်ယူနိုက်တက်အသင်းရဲ့ခြေစမ်းပွဲတွေမှာ တစ်ပွဲမှ မပါဝင်ရသေးပေမယ့် အခု အသင်းနဲ့အတူ အပြည့်အ၀ လေ့ကျင့်နေပြီဖြစ်လို့ လာမယ့်ခြေစမ်းပွဲတွေနဲ့ ရာသီအစပွဲတွေမှာ ပြန်လည်ပါဝင်ကစားနိုင်မှာပါ။ အမေရိကန်ခြေစမ်းခရီးကို...

ဒီနွေရာသီမှာ ကစားသမားတစ်ဦးမှ မခေါ်ယူရသေးတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်အသင်း လီဗာပူးလ်

ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ ယနေ့အထိ (ဇူလိုင် ၃၀)ရက်နေ့အထိ ကစားသမားတစ်ဦးတစ်ယောက်မှ မခေါ်ယူရသေးတဲ့အသင်းက တစ်သင်းတည်းသာကျန်ရှိပြီး လီဗာပူးလ်အသင်းဖြစ်ပါတယ်။ လာမယ့် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ကြမယ့် ကျန်ပရီးမီးယားလိဂ်(၁၉)သင်းအနေနဲ့ ဒီနွေရာသီကာလအတွင်း ကစားသမားသစ်တွေကို အသီးသီးခေါ်ယူထားကြပြီးဖြစ်ပေမယ့် ဒတ်ချ်လူမျိုးနည်းပြအာနီဆလော့ကိုင်တွယ်နေတဲ့ လီဗာပူးလ်အသင်းကတော့ ကစားသမားတစ်ဦးတစ်ယောက်တောင်...

မန်စီးတီးရဲ့ပွဲကြီးပွဲကောင်းတွေမှာ မိမိပါဝင်ခွင့်မရတဲ့အတွက် မပျော်ရွှင်ဘူးလို့ အယ်လ်ဗာရက်ဇ် ဝန်ခံ

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်စီးတီးအသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က မန်စီးတီးအသင်းရဲ့ပွဲကြီးပွဲကောင်းတွေမှာ သူပါဝင်ခွင့်မရတာကြောင့် မပျော်ရွှင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ အယ်လ်ဗာရက်ဇ်ဟာ ပါရီအိုလံပစ်ပြိုင်ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ DSports Radio နဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ...

ချယ်လ်ဆီး၊စပါးတို့နဲ့ အပြောင်းအရွှေ့ဆွေးနွေးဖို့ ချီယေဆားရဲ့အေးဂျင့် လန်ဒန်ကို ထွက်ခွာ

အီတလီလက်ရွေးစင်တောင်ပံကစားသမား ချီယေဆားဟာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဖာလီရာမာဒါနီဟာ ချယ်လ်ဆီး၊စပါးအသင်းတို့နဲ့ အပြောင်းအရွှေ့ဆွေးနွေးဖို့ လန်ဒန်ကို ထွက်ခွာခဲ့တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ၂၀၂၅ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ချီယေဆားကို ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချချင်နေတာပါ။...

ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေလို BMWဆီက ကားသစ်တစ်စီးလက်ဆောင်ရမယ့် ဘာပေ

ရီးရဲလ်မက်ဒရစ်ကစားသမားသစ်ဖြစ်လာတဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဘာပေဟာ ဂျာမန်အခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ BMW ကနေကားသစ်တစ်စီးလက်ဆောင်ရရှိမှာဖြစ်ပါတယ်။ BMW ကုမ္ပဏီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ (၃)နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ်ချုပ်ဆိုထားပြီး ဒီစပွန်ဆာစာချုပ်အရ ရီးရဲလ်မက်ဒရစ်အသင်းက ထိပ်တန်းတာဝန်ရှိသူတွေနဲ့ ကစားသမားတွေဟာ BMW ကားသစ်တစ်စီးစီ လက်ဆောင်ရရှိမှာဖြစ်ပါတယ်။ BMW က...

မန်ယူနိုက်တက်ပရိသတ်တွေကို လီဗာပူးလ်အသင်း လှည့်စားခဲ့စဉ်က ..

(The inside story of football) ၂၀၂၁ မေလ(၂၅)ရက်နေ့မှာ မန်ချက်စတာမြို့က အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ လီဗာပူးလ်အသင်းက ၂၀၂၀-၂၁ ရာသီပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကစားဖို့ လာရောက်ခဲ့ပါတယ်။ အင်္ဂလန်အနောက်မြောက်ဒါဘီပြိုင်ဘက်အသင်းနှစ်သင်းရဲ့ပွဲဖြစ်တာကြောင့် ပွဲမတိုင်မီကတည်းက နှစ်ဖက်ပရိသတ်တွေ ဆိုရှယ်မီဒီယာမှာ အပြန်အလှန်ပွဲဖြစ်နေပြီး လီဗာပူးလ်အသင်းဘတ်စ်ကားကို အနှောင့်အယှက်ပေးဖို့...