Day: July 7, 2024

ကိုပါအမေရိက ကွာတားဖိုင်နယ်ပွဲစဥ် ဘရာဇီးလ်(၀-၀)ဥရုဂွေးပွဲ Penalty Shootout

■ Video - ကိုပါအမေရိက ကွာတားဖိုင်နယ်ပွဲစဥ် ဘရာဇီးလ်(၀-၀)ဥရုဂွေးပွဲ ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းမှု ■ ဘရာဇီးလ်နောက်ခံလူ မီလီတာအိုနဲ့ ကွင်းလယ်လူဒေါက်ကလပ်စ်လူးဝစ်ဇ်တို့လွဲချော်ခဲ့ပြီး ဥရုဂွေးက နောက်ခံလူဟီမီနက်ဇ်လွဲချော်ခဲ့တာကြောင့် ဥရုဂွေးက ပယ်နယ်တီ(၄-၂)ဂိုးနဲ့ အနိုင်ရခဲ့။

၇.၇.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူး ဆာလာကို စာချုပ်သစ်ချုပ်ဆိုချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကို ခံနေရတဲ့ ဆာလာနဲ့ လီဗာပူးလ်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ■ မန်ယူနိုက်တက်အသင်းဟာ နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူး ဇာခ့်ဇီနဲ့ အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့တယ်လို့...

အင်္ဂလန်- ဆွစ်ဇာလန်ပွဲမှာ အသင်းဖော်တစ်ဦး ပယ်နယ်တီ မကန်ချင်ခဲ့ဘူးလို့ အာနိုးလ် ဖွင့်ဟ

မနေ့က အင်္ဂလန်(၁-၁)ဆွစ်ဇာလန် ပယ်နယ်တီ(၅-၃) ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ လီဗာပူးလ်နောက်ခံလူ အာနိုးလ်က အင်္ဂလန်အသင်းဖော်တစ်ဦး ပယ်နယ်တီမကန်ချင်ခဲ့တဲ့အကြောင်း သူ့ရဲ့သူငယ်ချင်းတွေကို ပြောပြနေတဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာမှာပျံ့နှံ့နေခဲ့ပါတယ်။ အာနိုးလ်ဟာ ဒီပွဲရဲ့အချိန်ပိုဒုတိယပိုင်းမှာ လူစားဝင်လာပြီး အင်္ဂလန်အသင်းဆီမီးဖိုင်နယ်တက်စေမယ့် အဆုံးအဖြတ်ပယ်နယ်တီကိုကန်သွင်းခဲ့သူပါ။ ပယ်နယ်တီအဆုံးအဖြတ်မှာ အာနိုးလ်အပါအဝင်...

အဓိက ပြိုင်ပွဲတွေမှာ အင်္ဂလန် အမြဲလမ်းကြောင်းချောင်တယ်ဆိုတဲ့ ပြောဆိုမှုကို ဆောက်ဂိတ် တုံ့ပြန်

အင်္ဂလန်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ အဓိကနိုင်ငံတကာပြိုင်ပွဲကြီး(၄)ခုမှာ ဆီမီးဖိုင်နယ်ကို တတိယအကြိမ်မြောက်တက်နိုင်ခဲ့ပြီးနောက် ဂျာမန်ဂျာနယ်လစ်တစ်ဦးက အင်္ဂလန်အသင်းဟာ အဓိကပြိုင်ပွဲကြီးတွေမှာ အမြဲတမ်းလမ်းကြောင်း ချောင်လေ့ရှိတယ်လို့ ပြောဆိုခဲ့တဲ့အပေါ် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က တုံ့ပြန်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကြီး(၄)ခုမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကလွဲပြီး ၂၀၁၈...

ဒုတိယရေပန်းအစားဆုံး ဘရာဇီးလ် ပယ်နယ်တီမှာ ဥရုဂွေးကို ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရတဲ့ ကိုပါအမေရိက

ကိုလံဘီယာ(၅-ဝ)ပနားမားဥရုဂွေး(ဝ-၀)ဘရာဇီးလ်(ပယ်နယ်တီ ၄-၂ ဂိုးနဲ့ ဥရုဂွေးအနိုင်ရ) ကိုပါအမေရိက ကွာတားဖိုင်နယ် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဒုတိယရေပန်းအစားဆုံးဘရာဇီးလ်အသင်းက ကွာတားဖိုင်နယ်မှာပဲ တတိယရေပန်းအစားဆုံးဥရုဂွေးအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ အဓိကတိုက်စစ်မှူးဗင်နီစီယပ်စ် ပွဲပယ်ခံထားရတဲ့ ဘရာဇီးလ်အသင်းအနေနဲ့ တိုက်စစ်မှာလိုအပ်ချက်တွေရှိခဲ့သလို...

ပယ်နယ်တီအတွက် ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းလုပ်ခဲ့လို့ ချီးကျူးခံနေရတဲ့ ပစ်ဖို့ဒ်နဲ့ အင်္ဂလန်အသင်း

ယူရို - ၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ် အင်္ဂလန်-ဆွစ်ဇာလန်ပွဲမှာ အင်္ဂလန်အသင်းက ဆွစ်ဇာလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာအနိုင်ရရှိခဲ့တာအတွက် အင်္ဂလန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်နဲ့ အင်္ဂလန်အသင်းနည်းပြအဖွဲ့ရဲ့ကြိုတင်ပြင်ဆင်မှုကို ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။ ပရိသတ်တချို့က ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ ပစ်ဖို့ဒ်ဟာ အိမ်စာကောင်းကောင်းလုပ်ခဲ့တယ်လို့ ချီးကျူးနေကြပါတယ်။ ဒီပွဲမှာ ပစ်ဖို့ဒ်က...

ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဥ် အင်္ဂလန်(၁-၁)ဆွစ်ဇာလန်ပွဲ Highlight & Penalty Shootout

■ Video - မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဥ် အင်္ဂလန်(၁-၁)ဆွစ်ဇာလန်ပွဲမှာ ဆွစ်ဇာလန်အသင်းအတွက် တိုက်စစ်မှူးအမ်ဘိုလို သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုး (၇၅မိနစ်)နဲ့ အင်္ဂလန်အသင်းအတွက် တောင်ပံကစားသမား ဆာကာ သွင်းယူခဲ့တဲ့ချေပဂိုး(၈၀ မိနစ်) ■ ပွဲချိန်(၁၂၀)မိနစ်အပြီး...

ဆွစ်ဇာလန်ကို ပယ်နယ်တီမှာ ကျော်ဖြတ်ခဲ့တဲ့ အင်္ဂလန်နဲ့ တူရကီကို အနိုင်ရခဲ့တဲ့ နယ်သာလန် ဆီမီးမှာတွေ့မည်

အင်္ဂလန် (၁-၁) ဆွစ်ဇာလန်(အင်္ဂလန် ပယ်နယ်တီ ၅-၃ ဂိုးနဲ့နိုင်)နယ်သာလန် (၂-၁) တူရကီ ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ် ယူရို-၂၀၂၄ မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအင်္ဂလန်က ပြီးခဲ့တဲ့ Round of 16 မှာ အချိန်ပိုကစားပြီးမှ...

အင်္ဂလန်ဒိုင်လူကြီးတွေ ပယ်ချခဲ့တဲ့ ကူကူရယ်လာ လက်ထိဘောရှင်းတမ်း

မနေ့က ကစားခဲ့တဲ့ စပိန်(၂-၁)ဂျာမနီပွဲရဲ့အချိန်ပိုဒုတိယပိုင်းမှာ စပိန်ဂိုးပေါက်ဆီကို ဂျာမန်ကွင်းလယ်လူ မူဆီယာလာ ကန်သွင်းခဲ့တဲ့ဘောလုံးဟာ စပိန်ဂိုးဧရိယာအတွင်းမှာရှိနေတဲ့ စပိန်နောက်ခံလူ ကူကူရယ်လာရဲ့လက်နဲ့ထိသွားခဲ့ပါတယ်။ ဒီလို လက်နဲ့ထိပေမယ့် ဒီပွဲရဲ့အင်္ဂလန်ဒိုင်လူကြီး အန်သိုနီတေလာက ပယ်နယ်တီပေးဖို့ငြင်းဆန်ခဲ့သလို VAR ဒိုင် စတူးဝပ်အက်ဝဲလ်ကလည်း ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်မှန်ကန်ကြောင်း ထောက်ခံခဲ့ပါတယ်။...

လွန်ခဲ့တဲ့(၃၃)နှစ်က ဖခင်အောင်ပွဲခံခဲ့တဲ့ကွင်းမှာ ဖခင်လို တစ်ပုံစံတည်း အောင်ပွဲခံခဲ့တဲ့ မီခေးလ်မာရီနို

ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ် စပိန်(၂-၁)ဂျာမနီပွဲမှာ စပိန်အသင်းအတွက် အနိုင်ဂိုးကို အချိန်ပို ပွဲချိန်(၁၁၉)မိနစ်မှာ လှလှပပ ခေါင်းတိုက်သွင်းယူခဲ့သူက ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မီခေးလ်မာရီနိုဖြစ်ပါတယ်။ ဘယ်တောင်ပံကနေ အသင်းဖော်အော်လ်မို ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို မာရီနိုက ဂိုးရှေ့ကနေခေါင်းတိုက်ပြီး စပိန်အသင်းကို ဆီမီးဖိုင်နယ်ဆီပို့ဆောင်ပေးခဲ့တာပါ။...