Uncategorized

ဇွန်လ ၂၁ ရက် နေ့ရဲ့အကြိုက်ဆုံးပွဲများကြိုတင်ရင်ခုန်သံ

ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုပွဲများ ဆလိုဗက်ကီးယား - ယူကရိန်း(21 June 2024 / 7:30 pm) ပိုလန်- သြစတြီးယား(21 June 2024 / 10:30 pm) နယ်သာလန် -...

ကွယ်လွန်သူ ဦးလေးဖြစ်သူအတွက် ရည်စူးခဲ့တဲ့ ဘာပေရဲ့ဂိုး

မနေ့က ပြင်သစ်(၃-ဝ)လူဇင်ဘတ်ခြေစမ်းပွဲမှာ ပြင်သစ်အသင်းအတွက်ဂိုးသွင်းယူခဲ့တဲ့ အသင်းခေါင်းဆောင် ဘာပေဟာ သူ့ရဲ့သွင်းဂိုးကို ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးလေးဖြစ်သူအတွက် ရည်ညွှန်းခဲ့ပါတယ်။ ဘာပေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဦးလေးဖြစ်သူ အဲလက်စ် ကွယ်လွန်သွားခဲ့တဲ့အတွက် ဝမ်းနည်းကြေကွဲနေတာပါ။ ဘာပေဟာ လူဇင်ဘတ်အသင်းနဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် သူ့ရဲ့ပြင်သစ်အင်္ကျီအောက်မှာဝတ်ဆင်ခဲ့တဲ့ ကွယ်လွန်သူ...

လောင်းကစားမှုစွဲချက်တွေကို နောက်ဆုံးထွက်သက်အထိ ရင်ဆိုင်သွားမယ်ဆိုတဲ့ ပါကယ်တာ

၀က်စ်ဟမ်းအသင်းရဲ့ဘရာဇီးလ်ကွင်းလယ်လူပါကယ်တာက သူ့အပေါ် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က စွဲဆိုထားတဲ့ လောင်းကစားမှုစွဲချက်တွေကို နောက်ဆုံးထွက်သက်အထိ ရင်ဆိုင်သွားမယ်လို့ ပြောလိုက်ပါတယ်။ FA က ပါကယ်တာအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲမှာ အဝါကတ်တမင်တကာရယူပြီး သူကိုယ်တိုင်ဖြစ်စေ၊ သူ့သူငယ်ချင်းအပေါင်းအသင်းတွေဖြစ်စေ လောင်းကစားမှာ ငွေကြေးအမြတ်အစွန်းရအောင် ဖန်တီးခဲ့တယ်လို့ စွပ်စွဲပြီး မနေ့က...

ရာသီကုန်ဖို့ (၅)ပွဲအလိုမှာ ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ခဲ့ပြီး ဖလား(၃)လုံးရယူဖို့ နီးစပ်လာတဲ့ လေဗာကူဆင်

မနေ့က ကစားခဲ့တဲ့ ဝါဒါဘရီမင်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ လေဗာကူဆင်အသင်းက (၅-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီး မိမိကွင်း၊ မိမိပရိသတ်ရှေ့မှောက်မှာ ဘွန်ဒစ်လီဂါချန်ပီယံအဖြစ် ပထမဆုံးအောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဘွန်ဒစ်လီဂါလက်ကျန်ပွဲစဉ်(၅)ပွဲအလိုမှာ လေဗာကူဆင်အသင်းအနေနဲ့ ဒုတိယနေရာက ဘိုင်ယန်မြူးနစ်အသင်းကို ရမှတ်(၁၆)မှတ်အထိ ဖြတ်နိုင်တာကြောင့် ရာသီမကုန်ခင် စောစောစီးစီးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။...

ရာသီအကုန်ထိ မနေဘဲ အခုချက်ချင်း ဘိုင်ယန်ကထွက်ဖို့ ဖိအားပေးခံနေရတဲ့ တူချယ်လ်

ဘိုင်ယန်မြူးနစ်အသင်းရဲ့ဂျာမန်လူမျိုးနည်းပြ တူချယ်လ်အနေနဲ့ အသင်းနဲ့ မူလသဘောတူထားတဲ့ အခုရာသီကုန်အထိ သူရဲ့ရာထူးမှာ ရှိမနေဘဲ အခုချက်ချင်း နည်းပြရာထူးကထွက်ဖို့ ဖိအားပေးတောင်းဆိုခံနေရပါတယ်။ တူချယ်လ်ကို အသင်းက ချက်ချင်းထွက်ဖို့ တိုက်တွန်းခဲ့သူက ဘိုင်ယန်မြူးနစ်အသင်းရဲ့နာမည်ကျော်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒီဒီဟာမန်းဖြစ်ပြီး ဂျာမန်မီဒီယာတချို့ကလည်း ဟာမန်းရဲ့စကားကို သံယောင်လိုက်ပြီး တူချယ်လ်ကို...

မန်ယူနိုက်တက်နည်းပြရာထူးနဲ့ ပတ်သက်တဲ့ ထင်ကြေးသတင်းတွေကို မိမိဂရုမစိုက်ဘူးလို့ တန်ဟတ်တုံ့ပြန်

ဒီနေ့ကစားမယ့် ဘရန်ဖိုဒ့်-မန်ယူနိုက်တက်ပွဲအတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က သူ့ရဲ့နည်းပြရာထူးနဲ့ ပတ်သက်ပြီးထွက်ပေါ်နေတဲ့ ထင်ကြေးသတင်းတွေကို ဂရုစိုက်သွားမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ INEOS အစုအဖွဲ့ဟာ နွေရာသီမှာ နည်းပြအဖွဲ့ကို အပြောင်းအလဲပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်မီဒီယာတွေက...

ပွဲကျပ်ကာလမတိုင်မီ အဓိက ကစားသမားတွေဒဏ်ရာပြဿနာ ကြုံတွေ့နေရတဲ့ မန်စီးတီး

ဖလား(၃)လုံးချန်ပီယံမန်စီးတီးအသင်းရဲ့ အဓိကကစားသမား(၆)ဦးဟာ မတ်လနိုင်ငံတကာရက်သတ္တပတ်အတွင်း မိမိတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံ့လက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားပြီး ဒဏ်ရာတွေအသီးသီးရရှိခဲ့တာကြောင့် နည်းပြဂွါဒီယိုလာအတွက် စိုးရိမ်စရာဖြစ်နေကြောင်း သိရပါတယ်။ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်း၊ အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ်၊ ဆွစ်ဇာလန်နောက်ခံလူ အကန်ဂျီ၊...

ဂျပန်၊မြောက်ကိုရီးယားတို့ကို ပေးခဲ့တာထက်ပိုသာတဲ့ ပေးဂိုးအရေအတွက်နဲ့ ဆီးရီးယားကို ရှုံးခဲ့တဲ့ မြန်မာ

ဆီးရီးယား(၇-ဝ) မြန်မာ (၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်) ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲတွေမှာ မြန်မာအသင်းက ပြိုင်ဘက်အသင်းတွေဆီကနေ တစ်ပွဲပြီးတစ်ပွဲ ပိုသာတဲ့ ဂိုးမှတ်တမ်းတွေရယူနေပါတယ်။ အဲဒါက ပေးဂိုးမှတ်တမ်းတွေပါ။ မနှစ်က ဂျပန်အသင်းကို အဝေးကွင်းမှာ(၅)ဂိုးပေးပြီး (ဝ-၅)ဂိုးနဲ့ ရှုံးခဲ့တဲ့...

အဲလ်ဗက်စ်ရဲ့အာမခံငွေယူရို(၁)သန်းကို စိုက်ထုတ်ပေးခဲ့တယ်လို့ သတင်းထွက်နေတဲ့ ဒီပိုင်း

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက ဘာစီလိုနာမြို့မှာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုအတွက် ထောင်ဒဏ်(၄)နှစ်ခွဲချမှတ်ခံခဲ့ရတဲ့ ဘရာဇီးလ်နောက်ခံလူဟောင်းဒန်နီအဲလ်ဗက်စ်ဟာ သူ့ပြစ်ဒဏ်ကို အယူခံဝင်နေစဉ်အတွင်း အကျဉ်းထောင်ပြင်ပမှာနေထိုင်ခွင့်ရရှိခဲ့ပါတယ်။ သူ့ရဲ့အာမခံကြေးက ယူရို(၁)သန်းဖြစ်ပြီး ဒီငွေကြေးကို ကြားက စိုက်ထုတ်ပေးခဲ့သူက နယ်သာလန်တောင်ပံကစားသမား ဒီပိုင်းဖြစ်တယ်လို့ သတင်းတွေထွက်နေပါတယ်။ အဲလ်ဗက်စ်(၄၀...