News (Regular)

ချယ်လ်ဆီးအတွက် ပွဲဦးထွက်မှာ POTM ရခဲ့တဲ့ ဆန်ချို မန်ယူနိုက်တက်နဲ့ တန်ဟတ်ကို စောင်းမြောင်း ပြောဆို

မနေ့က ဘုန်းမောက်(ဝ-၁)ချယ်လ်ဆီး ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကစားသမားဘ၀ ပွဲဦးထွက်အဖြစ်ပါဝင်ခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုက ပွဲအပြီးအင်တာဗျူးမှာ သူ့ရဲ့အသင်းဟောင်း မန်ယူနိုက်တက်နဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ကိုစောင်းမြောင်း ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့က မန်ယူနိုက်တက်အသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ ဆန်ချိုဟာ ဒီပွဲမှာချယ်လ်ဆီးအသင်းအတွက်အနိုင်ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်ကစားသမား...

ချယ်လ်ဆီးအသင်းရဲ့ပရီးမီးယားလိဂ် လူစာရင်းမှာ သီးခြား လေ့ကျင့်နေတဲ့ ဘင်ချီဝဲလ် ပါဝင်

အင်္ဂလန်ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ဟာ ချယ်လ်ဆီးအသင်းကြီးနဲ့ သီးခြားလေ့ကျင့်မှုတွေပြုလုပ်နေပေမယ့် ပရီးမီးယားလိဂ်ထံ တင်သွင်းခဲ့တဲ့ ပြိုင်ပွဲဝင်မယ့် လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဘင်ချီဝဲလ်ဟာ ချယ်လ်ဆီးအသင်းအတွက် ပြန်လည်ပါဝင်နိုင်မယ့် မျှော်လင့်ချက်ရှိလာခဲ့ပြီး နည်းပြ မာရက်စ်ကာဟာ အဖြေရှာဖွေဖို့အတွက် သူနဲ့တွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားပါတယ်။ ဘင်ချီဝဲလ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင်အထိ...

နူနက်ဇ်နဲ့ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ အဲဗာတန်ကို ဟိုက်တင်ဂါ လှောင်ပြောင်

လီဗာပူးလ်အသင်းလက်ထောက်နည်းပြ ဟိုက်တင်ဂါဟာ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်နဲ့ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းဟောင်း အဲဗာတန်အသင်းကို လှောင်ပြောင်မှုပြုလုပ်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ရာသီအစပရီးမီးယားလိဂ်(၃)ပွဲစလုံးရာနှုန်းပြည့်နိုင်ပွဲရယူထားပေမယ့် မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းကတော့ (၃)ပွဲစလုံးအရေးနိမ့်ပြီး အမှတ်ပေးဇယားအောက်ဆုံးနေရာမှာ ရပ်တည်နေတာပါ။ အဲဗာတန်အသင်းဟာ စက်တင်ဘာနိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ...

မန်ယူနိုက်တက် ဂန္ထဝင်တွေက အနိုင်ကျင့်နေတယ်လို့ တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့် ခံစားနေရ

မန်ယူနိုက်တက်ကြယ်ပွင့် ရပ်ရှ်ဖိုဒ့်က သူ့ကို ကလပ်အသင်းဂန္ထဝင်တွေက မီဒီယာတွေမှာ ဝေဖန်မှုတွေပြုလုပ်တာက အနိုင်ကျင့်တာနဲ့ မျှတမှုမရှိဘူးဆိုပြီး ခံစားနေရပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ ပုံစံကောင်းတွေပျောက်ဆုံးနေပြီး မနှစ်ကရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၇)ဂိုးသာသွင်းယူနိုင်ခဲ့သလို ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးရယူနိုင်ခြင်းမရှိသေးတာပါ။ ရပ်ရှ်ဖိုဒ့်က လက်ရှိအချိန်မှာ သူရရှိနေတဲ့ဝေဖန်မှုတွေဟာ အသင်းဖော်တွေနဲ့ကွဲပြားနေတယ်လို့ခံစားနေရတာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း...

မန်စီးတီးအသင်းရဲ့ စွဲချက်(၁၁၅)ခုကို ကြားနာစစ်ဆေးတော့မယ့်အပေါ် မိမိဝမ်းမြောက်တယ်လို့ ဂွါဒီယိုလာ ဆို

ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ မန်စီးတီးအသင်းရဲ့စွဲချက်(၁၁၅)ခုကို တနင်္လာနေ့မှာ ကြားနာစစ်ဆေးတော့မယ့်အပေါ် သူဝမ်းမြောက်မိတယ်လို့ နည်းပြ ဂွါဒီယိုလာက မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်ဆိုထားပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၀၉ ကနေ ၂၀၁၈ အတွင်း ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့စွပ်စွဲခံထားရတာပါ။ ဒါကို (၄)နှစ်ကြာစုံစမ်းစစ်ဆေးမှုအပြီး ၂၀၂၃ ဖေဖော်ဝါရီမှာ...

မိသားစုမိတ်ဆွေတစ်ဦး သေဆုံးမှုကြောင့် မန်စီးတီး-ဘရန်ဖိုဒ့်ပွဲကို ဟာလန်း လွဲချော်ဖွယ်ရှိ

နော်ဝေတိုက်စစ်မှူးဟာလန်းဟာ ရင်းနှီးတဲ့မိသားစုမိတ်ဆွေတစ်ဦးသေဆုံးမှုကြောင့် မန်စီးတီး-ဘရန်ဖိုဒ့် ပရီးမီးယားလိဂ်ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။ ဟာလန်းသာ ဘရန်ဖိုဒ့်အသင်းနဲ့ပွဲကို မပါဝင်ချင်ဘူးဆိုရင် မန်စီးတီးအသင်းက သူ့ကို မပါဝင်ဖို့ခွင့်ပြုထားတယ်လို့သိရတာပါ။ အိုင်ဗာအက်ဂ်ဂျီယာဆိုသူ သေဆုံးပြီးနောက် ဟာလန်းဟာ ဘရန်ဖိုဒ့်အသင်းနဲ့ပွဲစဉ်ကို ပါဝင်ဖွယ်ရှိ၊မရှိနဲ့ ပတ်သက်ပြီး အတည်ပြုခြင်းမရှိသေးတာဖြစ်ပါတယ်။ ဟာလန်းဟာ ကြာသပတေးနေ့က...

ဘာပေထံ ယူရို(၅၅)သန်းပေးချေဖို့ ပြင်သစ်လိဂ်ရဲ့အမိန့်ပေးမှုကို PSG ငြင်းဆန်

ပြင်သစ်လိဂ်တရားရေးကော်မရှင်(LFP)ဟာ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေရဖို့ရှိနေတဲ့ လုပ်ခလစာယူရို(၅၅)သန်းကို ပေးချေဖို့ အမိန့်ထုတ်ခဲ့ပေမယ့် သူ့ရဲ့အသင်းဟောင်း PSG အသင်းက ပေးချေဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ PSG အသင်းဟာ ဘာပေကို နောက်ဆုံးလုပ်ခလစာ(၃)လစာနဲ့ သစ္စာရှိကြေးပေးချေဖို့ ကျန်ရှိနေပေမယ့် ပြင်သစ်လိဂ်တရားရေးကော်မရှင်ရဲ့ဆုံးဖြတ်ချက်အတိုင်းလုပ်ဆောင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့တာပါ။ ပြင်သစ်အသင်းခေါင်းဆောင်...

စီရော်နယ်ဒိုရဲ့ဝေဖန်မှုကို မိမိဂရုစိုက်နေမှာမဟုတ်ဘူးလို့ တန်ဟတ် တုံ့ပြန်

မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုရဲ့ဝေဖန်မှုကို သူဂရုစိုက်နေမှာမဟုတ်ဘူးလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ တုံ့ပြန်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ YouTube တွေ့ဆုံခန်းမှာ ဒတ်ခ်ျလူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ ရည်မှန်းချက်မရှိတဲ့သူလို့ ပြောဆိုခဲ့တာပါ။ စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်းမှာ ဒုတိယအကြိမ်ကစားချိန်က...

(၁)လနီးပါး ပွဲတွေနဲ့ဝေးကွာနေတဲ့ ဖိုဒန် မန်စီးတီးရဲ့လေ့ကျင့်ခန်းမှာ ပြန်ပါလာ

အင်္ဂလန်ကွင်းလယ်လူ ဖိုဒန်ဟာ ဖျားနာမှုကြောင့် (၁)လနီးပါးကြာပွဲတွေနဲ့ ဝေးကွာပြီးနောက် မန်စီးတီးအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဖိုဒန်ဟာ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာသာ မန်စီးတီးအသင်းအတွက် ပါဝင်နိုင်ခဲ့ပြီး အစ်ဝှစ်ချ်၊ ဝက်စ်ဟမ်းအသင်းတို့နဲ့ ပွဲတွေကို လွဲချော်ခဲ့တာပါ။ အသက်(၂၄)နှစ်အရွယ်ရှိ ဖိုဒန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာနိုင်ငံတကာပွဲစဉ်တွေဖြစ်တဲ့...

PSG နဲ့ ယူရို(၅၅)သန်း ပေးချေမှုအငြင်းပွားမှုမှာ ကြားဝင်ဖျန်ဖြေပေးမှုကို ဘာပေ ငြင်းပယ်

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ လစာ၊အပိုဆုကြေးတွေနဲ့ ပတ်သက်ပြီး အသင်းဟောင်း PSG အသင်းကနေ ရရှိမယ့် ယူရို(၅၅)သန်းအငြင်းပွားမှုအပေါ် ပြင်သစ်ဘောလုံးလိဂ်တရားရေးကော်မရှင်ရဲ့ကြားဝင်ဖျန်ဖြေမှုပြုလုပ်ဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ ဘာပေဟာ ဒီအဖြစ်အပျက်မှာ ကော်မရှင်ကို ပါဝင်ပေးဖို့တောင်းဆိုခဲ့ပြီးနောက် သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ PSG အသင်းတာဝန်ရှိသူတွေနဲ့ ပါရီမှာ...