Football Facts and Figures

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကစားသမား အပြောင်းအရွှေ့ ​ကနေ အမြတ်အစွန်း အများဆုံးရခဲ့တဲ့ လိုင်လီအသင်း

ပြင်သစ်ကလပ် လိုင်လီအသင်းဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း ကစားသမားအပြောင်းအရွှေ့တွေကနေ အမြတ်အစွန်းအများဆုံးရရှိတဲ့ကလပ်အသင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။ လိုင်လီအသင်းအနေနဲ့ သူတို့ရဲ့ကစားသမားတွေကို ဝယ်ယူစဉ်က တန်ဖိုးနည်းပါးစွာပေးခဲ့ရပြီး ရောင်းချချိန်မှာ မြင့်မားတဲ့ကြေးတွေနဲ့ ရောင်းခဲ့တာကြောင့် အမြတ်အစွန်းများစွာရခဲ့သလို၊ ဟာဇက်၊ ယိုရိုတို့လို ငယ်မွေးခြံပေါက်ကစားသမားတွေကလည်း မြင့်မားတဲ့ကြေးတွေ ရခဲ့တာကြောင့် ကစားသမားအပြောင်းအရွှေ့တွေကနေ...

ရီးရဲလ်မက်ဒရစ်မှာ လစာငွေအများဆုံးရပေမယ့် လာလီဂါမှာ တတိယနေရာသာ ရပ်တည်နိုင်တဲ့ ဘာပေ

ပြင်သစ်ကလပ် PSG အသင်းကနေ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိလာတဲ့ ပြင်သစ်တိုက်စစ်မှူးဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ လစာငွေအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ တစ်နှစ်လစာ ပေါင် (၂၆.၃) သန်းရရှိမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ အသင်းမှာ ရှိပြီးဖြစ်တဲ့ တိုက်စစ်မှူးဗင်နီစီယပ်စ်၊...

ယူရိုပြိုင်ပွဲသမိုင်းမှာ “S” နဲ့စတဲ့အသင်း(၅)သင်းအထိ ရင်ဆိုင်တွေ့တဲ့ ပထမဆုံးအသင်း အင်္ဂလန်

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ ထူးထူးခြားခြား "S" နဲ့ စတဲ့အသင်းများစွာနဲ့ ဆုံတွေ့ရင်ဆိုင်ကစားခဲ့ရပြီး ဒီပြိုင်ပွဲသမိုင်းတစ်လျှောက် ပြိုင်ပွဲတစ်ခုအတွင်း "S" နဲ့ စတဲ့အသင်း(၅)သင်းနဲ့ ရင်ဆိုင်ရတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ အုပ်စုအဆင့်မှာ ဆားဘီးယား(Serbia) ၊...

အသင်းသမိုင်းတစ်လျှောက် ပွဲဆက်တိုက်အများဆုံးရှုံးပွဲမရှိစံချိန်သစ်ကို ရယူနိုင်ခဲ့တဲ့ ကိုလံဘီယာ

ကိုလံဘီယာအသင်းဟာ ၂၀၂၂ ၊ဖေဖော်ဝါရီလက အာဂျင်တီးနားအသင်းကို (ဝ-၁) ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲအပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ အခုအချိန်အထိ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပါတယ်။ မနက်က ကစားခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဥရုဂွေးအသင်းကို(၁-ဝ)ဂိုးနဲ့ အနိုင်ယူခဲ့ပြီးနောက် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ကိုလံဘီယာအသင်း...

နိုင်ငံတကာဂိုးအများဆုံးကစားသမားစာရင်းမှာ အလီဒါယိုကို ကျော်ဖြတ်ပြီး ဒုတိယနေရာရောက်လာတဲ့ မက်ဆီ

၂၀၂၄ ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ် အာဂျင်တီးနား(၂-ဝ)ကနေဒါပွဲမှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီရဲ့နိုင်ငံတကာသွင်းဂိုးအရေအတွက်က (၁၀၉)ဂိုးအထိရှိလာပါတယ်။ မက်ဆီအနေနဲ့ နိုင်ငံတကာဂိုးအများဆုံးကစားသမားစာရင်းမှာ အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီကို ကျော်ဖြတ်ပြီး ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုရဲ့နောက် ဒုတိယနေရာကို ရောက်လာပါတယ်။ မက်ဆီနဲ့ အလီဒါယီတို့ဟာ ဒီပွဲမတိုင်ခင် နိုင်ငံတကာဂိုး(၁၀၈)ဂိုးနဲ့...

ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်ရောက်(၄)သင်းမှကစားသမားများရဲ့ စွမ်းဆောင်ရည်အချို့

ဂိုးကန်သွင်းမှုအများဆုံး ■ ဘာပေ (ပြင်သစ်) - (၂၀)ကြိမ်■ ဒီပိုင်း (နယ်သာလန်) - (၁၈)ကြိမ်■ ဟာရီကိန်း (အင်္ဂလန်) - (၁၅)ကြိမ်■ အော်လ်မို (စပိန်) - (၁၄)ကြိမ်■ ဖေဘီယန်ရုဇ် (စပိန်)...

ယူရို-၂၀၂၄ ဗိုလ်စွဲဖို့ ဖြစ်နိုင်ခြေအများဆုံးအသင်း စာရင်းမှာ အင်္ဂလန်ကို ကျော်ပြီး ထိပ်ဆုံးရောက်လာတဲ့ စပိန်

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်ခြေအရှိဆုံးအသင်းအဖြစ် ပြိုင်ပွဲမတိုင်မီမှာရော၊ ပြိုင်ပွဲကာလအတွင်းမှာပါ အင်္ဂလန်အသင်းက ဆက်တိုက်ဦးဆောင်နိုင်ခဲ့ပေမယ့် ကွာတားဖိုင်နယ်ပွဲတွေမကစားမီ Opta ရဲ့နောက်ဆုံးတွက်ချက်မှုမှာတော့ အပြောင်းအလဲဖြစ်လာပါတယ်။ ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Opta ရဲ့နောက်ဆုံးတွက်ချက်ထုတ်ပြန်မှုအရ စပိန်အသင်းက အရင်ရေပန်းစားခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ရှေ့ကို ရောက်လာခဲ့တာပါ။ Opta ရဲ့စူပါကွန်ပြူတာတွက်ချက်မှုလို့...

အင်္ဂလန်အတွက် နောက်အကျဆုံးဂိုးသွင်းတဲ့ ဘယ်လင်ဂမ်နဲ့ ယူရိုရဲ့ အချိန်ပိုမှာ အမြန်ဆုံးဂိုးသွင်းတဲ့ ဟာရီကိန်း

ယူရို-၂၀၂၄ Round of 16 အဆင့်ပွဲစဉ် အင်္ဂလန်(၂-၁)ဆလိုဗက်ကီးယားပွဲမှာ အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ ဘယ်လင်ဂမ်၊ ဟာရီကိန်းတို့က ထူးခြားတဲ့မှတ်တမ်းတွေ ရရှိခဲ့ကြပါတယ်။ ဒီပွဲရဲ့ ပွဲပြီးခါနီး ပွဲချိန်(၉၄)မိနစ်၊ (၃၄)စက္ကန့်မှာ အင်္ဂလန်ကွင်းလယ်လူဘယ်လင်ဂမ်သွင်းယူခဲ့တဲ့ ချေပဂိုးဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက် (ပုံမှန်ပွဲကစားချိန်အတွင်း) အင်္ဂလန်အသင်းရဲ့နောက်အကျဆုံးဂိုးအဖြစ်...

ဥရုဂွေး အသင်းမှာ ဆက်တိုက် ဂိုးတွေသွင်းနေပြီး နှစ်(၁၀၀)နီးပါးကြာ စံချိန်ကို လိုက်မှီခဲ့သူ နူနက်ဇ်

လီဗာပူးလ်အသင်းရဲ့ဥရုဂွေးတိုက်စစ်မှူးနူနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီ လီဗာပူးလ်အသင်းရဲ့ဆုဖလားတွေလွဲချော်မှုမှာ သူ့ရဲ့ဂိုးအခွင့်အရေးဖြုန်းတီးမှုအပေါ် အပြစ်ဖို့စရာဖြစ်ခဲ့ပြီး ပရိသတ်တွေ၊ မီဒီယာတွေရဲ့ဖိအားဒဏ်ကို ခံခဲ့ရပါတယ်။ လီဗာပူးလ်အသင်းမှာ ဂိုးသွင်းခွင့်တွေဖြုန်းတီးသူအဖြစ် ဝေဖန်ခံနေရပေမယ့် နူနက်ဇ်က သူ့ရဲ့လက်ရွေးစင်အသင်းဖြစ်တဲ့ ဥရုဂွေးအသင်းအတွက်တော့ ခြေစွမ်းပြဂိုးတွေသွင်းနေပြီး နှစ်(၁၀၀)နီးပါးကြာမြင့်နေတဲ့ စံချိန်ဟောင်းတစ်ခုကိုလည်း လိုက်မီခဲ့ပါတယ်။ နူနက်ဇ်ဟာ လက်ရွေးစင်အသင်းအတွက်...

ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အမြန်ဆုံးဂိုး(၅)ဂိုးထဲမှာ (၃)ဂိုးအထိ မှတ်တမ်းဝင်နိုင်ခဲ့တဲ့ ယူရို-၂၀၂၄

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုး(၅)ဂိုးထဲမှာ ယူရို-၂၀၂၄ ပြိုင်ပွဲက ဂိုး(၃)ဂိုးအထိ ပါဝင်နိုင်ခဲ့ပါတယ်။ ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးအဖြစ် အီတလီ(၂-၁)အယ်လ်ဘေးနီးယားပွဲမှာ အယ်လ်ဘေးနီးယားကစားသမားဘရာမီရဲ့သွင်းဂိုး(၂၃ စက္ကန့်)က စံချိန်တင်ခဲ့ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်ဂိုးအားလုံးထဲမှာ တစ်မိနစ်မပြည့်ခင် သွင်းယူနိုင်တဲ့ တစ်ခုတည်းသော သွင်းဂိုးအဖြစ်လည်း စံချိန်မှတ်တမ်းတင်ခဲ့ပါတယ်။ အယ်လ်ဘေးနီးယားကစားသမားဘရာမီရဲ့သွင်းဂိုးအပြင် ဒီပြိုင်ပွဲရဲ့...