News (Transfer)

ဘာစီလိုနာ နည်းပြရာထူးက မလွယ်ဘူးလို့ နောက်လူကို ဇာဗီ သတိပေး

မနေ့က ဆီဗီလာ(၁-၂)ဘာစီလိုနာ စပိန်လာလီဂါပွဲအပြီးမှာ စပိန်လူမျိုးနည်းပြဇာဗီက ဘာစီလိုနာအသင်းနည်းပြရာထူးက မလွယ်ကူဘူးလို့ နည်းပြသစ်ဖြစ်လာမယ့်သူကို သတိပေးစကားပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဘာစီလိုနာအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ ဇာဗီဟာ ဆီဗီလာအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ သူ့ရဲ့ဘာစီလိုနာအသင်းနည်းပြဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ကိုင်တွယ်သွားခဲ့တာပါ။ နည်းပြဖြစ်သူ ဇာဗီကိုနှုတ်ဆက်နေသော ဖာမင်း...

ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ဝိန်းရွန်နီ

ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းဟာ မန်ယူနိုက်တက်ဂန္ထဝင် ဝိန်းရွန်နီကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ဝိန်းရွန်နီဟာ ရလဒ်ဆိုးတွေကြောင့် ဧပြီ(၁)ရက်က ထုတ်ပယ်ခံခဲ့ရတဲ့ အီယန်ဖော်စတာရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ပလိုင်းမောက်အသင်းနည်းပြသစ်အဖြစ် တာဝန်ယူရမှာပါ။​ေ ပြီးခဲ့တဲ့ ဇန်နဝါရီက ဘာမင်ဂမ်အသင်း နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရပြီးနောက် ပလိုင်းမောက်အသင်းဟာ...

လာမယ့်ရာသီအကုန်မှာ မန်စီးတီးအသင်းကို နည်းပြဂွါဒီယိုလာ စွန့်ခွာတော့မယ်လို့ မီဒီယာတွေဖော်ပြ

စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် လာမယ့်ရာသီအကုန်မှာ ထွက်ခွာဖွယ်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဗြိတိန်သတင်းစာ Daily Mail မှာ ဆောင်းပါးရှင် ဂျာနယ်လစ် JACK GAUGHAN ရဲ့ရေးသားမှုကို ကျန်ဗြိတိန်မီဒီယာတွေက ကိုးကားပြီးဖော်ပြနေကြတာလည်းဖြစ်ပါတယ်။ ၂၀၁၆...

မန်ယူနိုက်တက်ကို တန်ဟတ် ဆက်ပြီးကိုင်တွယ်မလားဆိုတဲ့ မေးခွန်းတွေကို ဖြေဖို့ ရက်ကလစ်ဖ် ငြင်းဆန်

မနေ့က မန်စီးတီး(၁-၂)မန်ယူနိုက်တက် FA ဖလားဗိုလ်လုပွဲအပြီးမှာ မန်ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ကို လာမယ့်ရာသီအသင်းမှာ နည်းပြအဲရစ်တန်ဟတ် ဆက်ပြီးရှိနေမလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာမှာ သူကဒီမေးခွန်းကို ဖြေဖို့ငြင်းဆန်သွားခဲ့ပါတယ်။ အဲရစ်တန်ဟတ်ဟာ ဒီရာသီမှာရလဒ်တွေဆိုးနေတဲ့ မန်ယူနိုက်တက်အသင်းကို FA ဖလားရယူပေးနိုင်ခဲ့ပြီး ဒီဆုဖလားဟာ သူ့ရဲ့ဒုတိယမြောက်ရာသီမှာ...

ရာသီအကုန်မှာ နည်းပြရာထူးက ပိုင်အိုလီ ထွက်ခွာမယ်လို့ အေစီမီလန်အသင်း ကြေညာ

အီတလီလူမျိုးနည်းပြ ပိုင်အိုလီဟာ ဒီရာသီအကုန်မှာ နည်းပြရာထူးက ထွက်ခွာမယ်လို့ အေစီမီလန်အသင်းက ကြေညာလိုက်ပါတယ်။ စီးရီးအေဖလားကို (၁၉)ကြိမ်ရရှိထားတဲ့ အေစီမီလန်အသင်းဟာ ဒီရာသီ အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ အဆင့်(၂)နေရာရပ်တည်ပြီး ရာသီအဆုံးသတ်ဖို့ သေချာခဲ့ပေမယ့် အဆင့်(၁)နေရာက အင်တာမီလန်အသင်းနဲ့ ရမှတ်အများအပြားကွာဟခဲ့သလို ဖလားပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုရယူနိုင်ခဲ့ခြင်းမရှိတာပါ။...

သတင်းထွက်တဲ့အတိုင်း ဇာဗီနဲ့လမ်းခွဲကြောင်း ကြေညာခဲ့ပြီး ဟန်ဆီဖလစ်ကို အစားထိုးဖို့ စီစဉ်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေကြိုတင်ထွက်ပေါ်ခဲ့တဲ့အတိုင်း နည်းပြဇာဗီနဲ့ လမ်းခွဲမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒီနေ့ (မေ ၂၄ ရက်၊ သောကြာနေ့)မှာ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ၊ အားကစားဒါရိုက်တာဒေကိုတို့အပါအဝင် ကလပ်အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေ အရေးပေါ်ဆွေးနွေးခဲ့ပြီးနောက်မှာ ဇာဗီနဲ့ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါကြောင့် လာမယ့်...

တန်းဆင်းခဲ့သည့် ဘန်လေအသင်းနည်းပြ ကွန်ပနီ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဖြစ်လာရန် နီးစပ်နေ

ဘယ်လ်ဂျီယံလူမျိုးနည်းပြ ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့တာကြောင့် ဘန်လေအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ပြီး ကိုင်တွယ်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ကွန်ပနီဟာ ဘန်လေအသင်းကို ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းမဆင်းရအောင် ကိုင်တွယ်နိုင်ခြင်းမရှိခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ...

လစ်လပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြရာထူးအတွက် ကွန်ပနီ ဆွေးနွေးမှုတွေ ပြုလုပ်

ဘန်လေအသင်းနည်းပြ ကွန်ပနီဟာ နည်းပြရာထူးအတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ထွက်ခွာခဲ့တဲ့ နည်းပြတူချယ်လ်ရဲ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေနေပြီး သူတို့ရဲ့နည်းပြလောင်းစာရင်းထဲမှာ ပါဝင်နေတဲ့ ကွန်ပနီနဲ့ ဆွေးနွေးမှုတွေပြုလုပ်လာခဲ့တာပါ။ ကွန်ပနီဟာ ဘန်လေအသင်းကို ပြီးခဲ့တဲ့ရာသီက...

လူမျိုးရေးခွဲခြားမှုတွေရှိနေပေမယ့် လာလီဂါက ထွက်ခွာဖို့ မစဥ်းစားဘူးလို့ ဗင်နီစီယပ်စ် ဆို

ဒီနေ့ကစားမယ့် စပိန်-ဘရာဇီးလ်ခြေစမ်းပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ်က သူဟာ ရီးရယ်လ်မက်ရစ်အသင်းကို ရောက်ရှိလာပြီးကတည်းက လူမျိုးရေးခွဲခြားမှုတွေအများအပြားခံခဲ့ရပေမယ့် လာလီဂါကနေထွက်ခွာဖို့ မစဉ်းစားဘူးလို့ ငိုကြွေးပြီး ပြောခဲ့ပါတယ်။ ဗင်နီစီယပ်စ်ဟာ ပြီးခဲ့တဲ့ရာသီမှာရော ဒီရာသီမှာပါ လူမျိုးရေးခွဲခြားမှုတွေခံနေရတာပါ။ ဗင်နီစီယပ်စ်က စပိန်နိုင်ငံဟာ...