Trending

အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူနိုက်တက်ကို အနိုင်ရပြီးနောက် စံချိန်မှတ်တမ်းတွေရရှိခဲ့တဲ့ အာနီဆလော့ပ်နဲ့ ဆာလာ

မန်ယူနိုက်တက်အသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ (ဝ-၃)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဒတ်ချ်လူမျိုးနည်းပြအာနီဆလော့ပ်နဲ့ အီဂျစ်တိုက်စစ်မှူးဆာလာတို့ဟာ ပရီးမီးယားလိဂ်ရဲ့စံချိန်မှတ်တမ်း​ကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အာနီဆလော့ပ်ဟာ သူ့ရဲ့လီဗာပူးလ်အသင်းနည်းပြဘ၀ ပထမဆုံးပရီးမီးယားလိဂ်ပွဲ(၃)ပွဲကို ဆက်တိုက်အနိုင်ရခဲ့တဲ့အပြင် ဒီ(၃)ပွဲစလုံး ဂိုးမပေးရဘဲ Clean Sheet တွေ ရယူနိုင်ခဲ့ပါတယ်။ ဒီလို မှတ်တမ်းမျိုးကို...

ဒက်ကလန်ရိုက်စ်ရဲ့ အနီကတ်က မြင်တွေ့ဖူးသမျှထဲမှာ အဆိုးဝါးဆုံး အနီကတ်လို့ ပီယာ့စ်မော်ဂန် ဆို

ပရီးမီးယားလိဂ်ပွဲစဉ်(၃) အာဆင်နယ်(၁-၁)ဘရိုက်တန်ပွဲမှာ အနီကတ်ပြခံခဲ့ရတဲ့ အာဆင်နယ်ကွင်းလယ်လူဒက်ကလန်ရိုက်စ်ရဲ့ အနီကတ်ပြစ်ဒဏ်က မိမိမြင်တွေ့ဖူးသမျှအနီကတ်တွေထဲမှာ အဆိုးရွားဆုံးအနီကတ်ဖြစ်တယ်လို့ ရုပ်သံအစီအစဉ်တင်ဆက်သူ ပီယာ့စ်မော်ဂန်က သူ့ရဲ့ ဆိုရှယ်မီဒီယာက တစ်ဆင့်ဝေဖန်လိုက်ပါတယ်။ ရိုက်စ်ဟာ ပွဲချိန်(၄၂)မိနစ်မှာ ဘောလုံးဖျက်ထုတ်မှုကနေ ပထမအဝါကတ်အပြခံရပြီး ပွဲချိန်(၄၉)မိနစ်မှာ အငြင်းပွားဖွယ်အနေအထားကနေ ဒုတိယအဝါကတ်ထိပြီး (၂)ဝါ(၁)နီနဲ့...

ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ပွဲမှာ အာဆင်နယ်ခြေချော်သွားပြီဆိုတဲ့ ပြောဆိုမှုကို ဟာလန်း ပယ်ချ

မနေ့က ဝက်စ်ဟမ်း(၁-၃)မန်စီးတီး ပရီးမီးယားလိဂ်ပွဲစဉ်အပြီး Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာ မန်စီးတီးတိုက်စစ်မှူးဟာလန်းက ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ပွဲမှာ အာဆင်နယ်အသင်းစောစောစီးစီး ခြေချော်သွားပြီဆိုတဲ့ ပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းနဲ့(၁)ဂိုး ရလဒ်နဲ့သရေကျခဲ့တာကြောင့်...

ရွန်နီရဲ့ စံချိန်ကိုကျော်ဖြတ်ပြီး အိုဝင်၊ အွန်နရီ၊ ကိန်းတို့ရဲ့ ဟက်ထရစ်မှတ်တမ်းကို လိုက်မီခဲ့တဲ့ ဟာလန်း

၂၀၂၄-၂၅ ရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ခုအတွင်းမှာပဲ မန်စီးတီးတိုက်စစ်မှူးဟာလန်းက ဟက်ထရစ်(၂)ကြိမ်သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘ၀ ပရီးမီးယားလိဂ်ဟက်ထရစ်စုစုပေါင်းက (၈)ကြိမ်အထိရှိလာခဲ့ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲရဲ့ဟက်ထရစ်အများဆုံးသွင်းယူသူစာရင်းမှာ ဟာလန်းဟာ ရွန်နီ(၇ ကြိမ်)ကို ကျော်ဖြတ်ပြီး အိုဝင်၊ အွန်နရီ၊ ဟာရီကိန်းအစရှိတဲ့ တိုက်စစ်မှူးတွေရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။...

နာပိုလီအသင်းရဲ့စီးရီးအေလူစာရင်းမှာ ချန်လှပ်ခံရပြီး ကျောနံပတ်(၉)ပါ အိုစီမန် ဆုံးရှုံး

နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုစီမန်ဟာ နာပိုလီအသင်းရဲ့စီးရီးအေလူစာရင်းမှာ ချန်လှပ်ခံခဲ့ရပြီး ကျောနံပတ်(၉)ပါ ဆုံးရှုံးသွားခဲ့ပါတယ်။ နာပိုလီအသင်းဟာ အိုစီမန်ရဲ့ကျောနံပတ်(၉)ကို နွေရာသီအပြောင်းအရွှေ့ကာလက ချယ်လ်ဆီးအသင်းကနေ ခေါ်ယူထားတဲ့ တိုက်စစ်မှူးအသစ် လူကာကူကို ပေးခဲ့တာပါ။ အိုစီမန်ရဲ့ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းထံ အပြောင်းအရွှေ့ပျက်ပြယ်သွားအပြီးမှာ သူနဲ့ နာပိုလီအသင်းတို့ရဲ့ဆက်ဆံရေးဟာ လုံးဝပျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။...

အာဆင်နယ်အသင်းနဲ့ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ လေ့ကျင့်ခန်းမှာ ကစားသမားသစ် မယ်ရီနို ဒဏ်ရာရ

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဆိုစီဒက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ စပိန်ကွင်းလယ်လူ မယ်ရီနိုဟာ အာဆင်နယ်အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တယ်လို့ နည်းပြ အာတီတာက အတည်ပြုခဲ့ပါတယ်။ မယ်ရီနိုဟာ လေ့ကျင့်ခန်းအစီအစဉ်မှာရခဲ့တဲ့ ပခုံးဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာအနားယူရမယ်လို့လည်း အာဆင်နယ်အသင်းနည်းပြ အာတီတာက မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့တာပါ။...

ရီးရဲလ်မက်ဒရစ်အသင်းမှာ “ဘော်ဘီ”လို့ အမည်တွင်နေတဲ့ အန်းဒရစ်

စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘရာဇီးလ်လူငယ်တိုက်စစ်မှူးအန်းဒရစ်ရဲ့နာမည်အရင်းက အန်းဒရစ်ဖီလီပီမိုရဲရားဒီဆော်ဆာ ဖြစ်ပါတယ်။ ၂၀၀၆ ဇူလိုင်လမှာ မွေးဖွားတဲ့အန်းဒရစ်က လက်ရှိရီးရဲလ်မက်ဒရစ်အသင်းကြီးရဲ့လူစာရင်းမှာ အသက်အငယ်ဆုံးကစားသမားပါ။ အသင်းရဲ့အသက်အငယ်ဆုံးကစားသမားအန်းဒရစ်ကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့စီနီယာကစားသမားတွေက ဘော်ဘီလို့ ချစ်စနိုးခေါ်ကြပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်(၂) ရီးရဲလ်မက်ဒရစ်(၃-ဝ)ဗယ်လာဒိုလစ်ပွဲမှာ အသင်းအတွက် နောက်ဆုံးဂိုးကို သွင်းယူပေးခဲ့တဲ့ အန်းဒရစ်ကို...

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီထံ အိုစီမန် ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းထွက်ပေါ်

ချယ်လ်ဆီးအသင်းအပါအဝင် အသင်းကြီးအချို့ရဲ့ပစ်မှတ်ဖြတ်ခဲ့တဲ့ နာပိုလီအသင်းတိုက်စစ်မှူး အိုစီမန်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းထံ ပြောင်းရွှေ့ဖို့နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက နာပိုလီအသင်းနဲ့ အယ်လ်အာလီအသင်းတို့ဟာ အိုစီမန်အတွက် ပြောင်းရွှေ့ကြေးယူရို(၆၅)သန်းကျော်တန်ကြေးရှိတဲ့ သဘောတူညီချက်ပြီးဆုံးလုနီးပါးဖြစ်နေပြီလို့ ဖော်ပြထားတာပါ။ အိုစီမန်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ နာပိုလီအသင်းကနေ ထွက်ခွာချင်နေပြီး...