News (Regular)

နည်းပြ အဲရစ်တန်ဟတ်အပေါ် စီရော်နယ်ဒို ဝေဖန်မှုပြုလုပ်ခဲ့တဲ့ ပို့စ်ကို ဂါနာချို Like ပေးခဲ့

မန်ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုဟာ သူ့ရဲ့Idol ဖြစ်တဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုက ဒတ်ချ်လူမျိုးအဲရစ်တန်ဟတ်အပေါ် ဝေဖန်မှုပြုလုပ်ခဲ့တာကို တင်ထားခဲ့တဲ့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုရဲ့ပို့စ်ကို Like ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် ဂါနာချိုဟာ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ရဲ့ဒေါသနဲ့ ရင်ဆိုင်လာရဖွယ်ရှိနေတာပါ။ စီရော်နယ်ဒိုဟာ မကြာသေးခင်က...

ဇင်ဘာဘွေ-ကင်မရွန်းပွဲအပြီး ကွင်းထဲက အိုနာနာထွက်ချိန်မှာ ယူဂန်ဒါပရိသတ်တွေ ဝိုင်းရံ

မနေ့က ဇင်ဘာဘွေ(ဝ-ဝ)ကင်မရွန်း Africa Cup of Nations ခြေစစ်ပွဲမှာ ကင်မရွန်းအသင်းနဲ့ သီးခြားကွင်းထဲက ထွက်ခွာခဲ့တဲ့ မန်ယူနိုက်တက်အသင်းဂိုးသမား အိုနာနာဟာ ယူဂန်ဒါပရိသတ်ရာနဲ့ချီ ဝိုင်းရံခြင်းခံခဲ့ရပါတယ်။ ယူဂန်ဒါနိုင်ငံမှာ မန်ယူနိုက်တက်အသင်းကို အားပေးတဲ့ ပရိသတ်တွေအများအပြားရှိပြီး နိုင်ငံအတွင်းမှာရှိတဲ့ ပရိသတ်တွေအတွက်...

ပါရာဂွေးကို အရေးနိမ့်ပြီးနောက် ဘရာဇီးလ်ပရိသတ်တွေကို ဗင်နီစီယပ်စ် တောင်းပန်

ဒီမနက်က ပါရာဂွေး(၁-ဝ)ဘရာဇီးလ် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်အပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းတောင်ပံကစားသမား ဗင်နီစီယပ်စ်က ဘရာဇီးလ်အသင်းပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ ဒီရှုံးပွဲကြောင့် ခြေစစ်ပွဲ(၈)ပွဲကစားအပြီးမှာ (၁၀)မှတ်သာရယူထားနိုင်ကာ အာဂျင်တီးနား၊ကိုလံဘီယာ၊ဥရုဂွေး၊အီကွေဒေါအသင်းတို့ရဲ့အနောက်အဆင့်(၅)နေရာမှာ ရပ်တည်နေတာပါ။ ဒါပေမယ့် ဘရာဇီးလ်အသင်းဟာ အဆင့်(၆)နေရာက ဗင်နီဇွဲလားအသင်းနဲ့ ရမှတ်တူညီနေပြီး ဂိုးကွာခြားချက်ကြောင့်သာ...

အမေရိကန် လက်ရွေးစင်အသင်းနည်းပြအဖြစ် ပိုချက်တီနို ခန့်အပ်ခံရ

ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနိုဟာ အမေရိကန်လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံရကြောင်းသိရပါတယ်။ ပိုချက်တီနိုဟာ အမေရိကန်အသင်းကို ကိုင်တွယ်ဖို့ ပြီးခဲ့တဲ့လတွေကတည်းက သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အခုမှ တရားဝင်အတည်ပြုနိုင်ခဲ့တာပါ။ ပိုချက်တီနိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုကနေထွက်ခွာခဲ့ရတာကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း ဘာဟယ်တာရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး အမေရိကန်အသင်းနည်းပြသစ်အဖြစ် တာဝန်ယူရမှာဖြစ်ပါတယ်။...

နယ်သာလန်-ဂျာမနီပွဲမှာ လက်ခံနိုင်စရာမရှိတဲ့ အမှားအယွင်းပြုလုပ်ခဲ့လို့ ဒီလစ် လူစားလဲခံရ

မနေ့က နယ်သာလန်(၂-၂)ဂျာမနီ UEFA Nations League ပွဲစဉ်မှာ နယ်သာလန်နောက်ခံလူ ဒီလစ်ဟာ လက်ခံနိုင်စရာမရှိတဲ့ အမှားအယွင်းပြုလုပ်ခဲ့လို့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပြီး ပရိသတ်တွေက သူ့ရဲ့စွမ်းဆောင်ရည်အပေါ် သူတို့ရဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ မန်ယူနိုက်တက်အသင်းနောက်ခံလူ ဒီလစ်ဟာ ပြီးခဲ့တဲ့ ဘော့စနီးယာအသင်းနဲ့ပွဲမှာ...

နွေရာသီအပြောင်းအရွှေ့ကာလက ဒူရမ်အတွက် ကမ်းလှမ်းမှု(၄၀)ခန့်ကို အက်စတွန်ဗီလာ ပယ်ချ

အက်စတွန်ဗီလာအသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက ကိုလံဘီယာတိုက်စစ်မှူး ဒူရမ်ကို ခေါ်ယူဖို့ ကလပ်အသင်းအများအပြားက ပြုလုပ်ခဲ့တဲ့ ကမ်းလှမ်းမှု(၄၀)ခန့်ကို ပယ်ချခဲ့တယ်လို့ The Mirror က ဖော်ပြထားပါတယ်။ အက်စတွန်ဗီလာအသင်းဟာ အသက်(၂၀)နှစ်အရွယ်သာရှိသေးတဲ့ ဒူရမ်ကို ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်လာနိုင်တယ်လို့ ယုံကြည်မှုရှိနေတာကြောင့် ကလပ်မှာဆက်ပြီးထိန်းသိမ်းထားခဲ့တာပါ။...

ဘယ်လ်ဂျီယံကနေ မိမိထွက်ခွာချင်တယ်လို့ ဒီဘရိုင်းနားဆိုခဲ့ပြီး အသင်းဖော်တွေကို အပြစ်တင်

မနေ့က ပြင်သစ်(၂-ဝ)ဘယ်လ်ဂျီယံ UEFA Natios League ပွဲစဉ်အပြီးမှာ မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားက သူဟာ ဘယ်လ်ဂျီယံအသင်းကနေ နုတ်ထွက်ပြီလို့ နည်းစနစ်ဒါရိုက်တာကို ပြောခဲ့သလို မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ အသင်းဖော်တွေကို သူတို့အလုပ်မလုပ်ဘူးလို့ စွပ်စွဲခဲ့ပါတယ်။ ဘယ်လ်ဂျီယံရွှေရောင်မျိုးဆက်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဒီဘရိုင်းနားဟာ...

အဲဗာတန်ကို ဂျွန်တက်စ်တာ ဝယ်ယူမှုပြီးမြောက်ရင် နည်းပြရာထူးက ရှောင်ဒိုက် ထုတ်ပယ်ခံရဖွယ်ရှိ

အဲဗာတန်အသင်းကို အမေရိကန်စီးပွားရေးသမား ဂျွန်တက်စ်တာ ဝယ်ယူမှုပြီးမြောက်ခဲ့ရင် လက်ရှိနည်းပြဖြစ်တဲ့ ရှောင်ဒိုက်ဟာ ရာထူးက ထုတ်ပယ်ခံရဖွယ်ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ဂျွန်တက်စ်တာဟာ ပြီးခဲ့တဲ့ရာသီက ပါလ်မီးရက်စ်အသင်းကို ဘရာဇီးလ်လိဂ်ဖလားရယူပေးနိုင်ခဲ့တဲ့ ပေါ်တူဂီလူမျိုးနည်းပြ အာဘဲလ်ဖာရဲရားကို နည်းပြသစ်အဖြစ်ခန့်အပ်ချင်နေတာပါ။ ဂျွန်တက်စ်တာဟာ အာဘဲလ်ဖာရဲရားရဲ့နည်းစနစ်တွေကို ကိုယ်တိုင်ကြည့်ရှုခဲ့ပြီးနောက်...

နယ်သာလန် လေ့ကျင့်ရေးကွင်းမှာ ဝက်ဂ်ဟော့စ်နဲ့ တင်ဘာ ထိပ်တိုက်တွေ့တာကို ကိုးမန်းဖျန်ဖြေခဲ့ရ

နယ်သာလန်အသင်းဟာ ဂျာမနီအသင်းနဲ့ ကစားမယ့် Nations League ပွဲအတွက် လေ့ကျင့်မှုတွေပြုလုပ်ခဲ့ရာမှာ တိုက်စစ်မှူး ဝက်ဂ်ဟော့စ်နဲ့ နောက်ခံလူ တင်ဘာတို့ နှစ်ဦးသားထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့ပြီး ဒါကို နည်းပြ ရော်နယ်လ်ကိုးမန်းက ဝင်ရောက်ဖျန်ဖြေခဲ့ရပါတယ်။ မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝက်ဂ်ဟော့စ်ဟာ အာဆင်နယ်နောက်ခံလူ တင်ဘာရဲ့ဖျက်ထုတ်မှုကြောင့်...

လာမင်းယာမားလ်ရဲ့ပွဲကစားချိန်နဲ့ပတ်သက်ပြီး မိမိ စိုးရိမ်ပူပန်မှုမရှိဘူးလို့ ဒယ်လာဖွန်တေ ဆို

စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက ဘာစီလိုနာကြယ်ပွင့် လာမင်းယာမားလ်ရဲ့ပွဲကစားချိန်နဲ့ ပတ်သက်ပြီး မိမိစိုးရိမ်ပူပန်မှုမရှိဘူးလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လာမင်းယာမားလ်ရဲ့ပွဲကစားချိန်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ဒယ်လာဖွန်တေက အခုလိုတုံ့ပြန်လာခဲ့တာပါ။ အသက်(၁၇)နှစ်အရွယ်ရှိ လာမင်းယာမားလ်ဟာ ပြီးခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ Nations...