News (Regular)

အိုင်ယာလန်-အင်္ဂလန်ပွဲမှာ ထိုင်ခုံနေရာမှားထိုင်ခဲ့ပြီး ပထမဆုံးအမှားကို လီကာစလေ ပြုလုပ်ခဲ့

မနေ့က အိုင်ယာလန်(ဝ-၂)အင်္ဂလန် UEFA Nations League ပွဲကို အင်္ဂလန်အသင်းယာယီနည်းပြအဖြစ် ပထမဆုံးကိုင်တွယ်ခဲ့တဲ့ လီကာစလေဟာ ထိုင်ခုံနေရာမှားထိုင်ပြီး ပထမဆုံးအမှားကို ပြုလုပ်ခဲ့ပါတယ်။ အိုင်ယာလန်ကစားသမားဟောင်းဖြစ်တဲ့ လီကာစလေဟာ အင်္ဂလန်အသင်းနည်းပြအဖြစ်နဲ့ Aviva Stadium ထဲကို ပထမဆုံးအကြိမ်ဝင်ရောက်လာချိန်မှာ အမှားအယွင်းကို...

မန်စီးတီးနဲ့ ဟာလန်း စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီး စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပါဝင်ဖွယ်ရှိ

နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ အကျိုးအမြတ်အများကြီးရရှိမယ့် မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီး စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပါဝင်ဖွယ်ရှိနေပါတယ်။ ဟာလန်းဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ရာသီသစ်ကို အလွန်ကောင်းမွန်စွာစတင်နေပြီး အဖွင့်ပွဲစဉ်(၃)ပွဲမှာ ဟက်ထရစ်(၂)ကြိမ်အပါအဝင် သွင်းဂိုး(၇)ဂိုးသွင်းယူထားတာပါ။ ဟာလန်းဟာ မကြာခင်မှာ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့...

အိုင်ယာလန်ကို ဂိုးသွင်းပြီး အောင်ပွဲမခံခဲ့တာက မိသားစုအပေါ် မရိုမသေဖြစ်မှာစိုးတာကြောင့်လို့ ဒက်ကလန်ရိုက်စ်ဆို

မနေ့က အိုင်ယာလန်(ဝ-၂)အင်္ဂလန် UEFA Nations League ပွဲမှာ အိုင်ယာလန်အသင်းဘက်ကို ဂိုးသွင်းပြီးချိန်မှာ အောင်ပွဲမခံခဲ့တာက မိသားစုအပေါ် မရိုမသေဖြစ်မှာစိုးတာကြောင့်လို့ အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ပွဲအပြီး beIN SPORTS နဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ အိုင်ယာလန်ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေခံခဲ့ရတဲ့...

ဂရင်းဝုဒ်ကို အင်္ဂလန်အတွက် ရွေးချယ်ဖို့ မိမိ မစဉ်းစားဘူးလို့ လီကာစလေ အတည်ပြု

အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေက မာဆေးလ်အသင်းမှာ ပုံစံကောင်းတွေပြသနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ဖို့ သူမစဉ်းစားဘူးလို့ အတည်ပြုခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းကနေ မာဆေးလ်အသင်းထံ ပေါင်(၂၇)သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ပြီး နည်းပြ ဒီဇာဘီလက်အောက်မှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနေတဲ့သူပါ။...

ကွင်းထဲကို ဂါနာပရိသတ်တွေ ကျူးကျော်ဝင်ရောက်လာမှုကြောင့် ကစားသမားတွေ ထွက်ပြေးခဲ့ရ

မနေ့က ဂါနာ(ဝ-၁)အန်ဂိုလာ Africa Cup of Nations ခြေစစ်ပွဲမှာ ပရီးမီးယားလိဂ်ကြယ်ပွင့်(၆)ဦးအပါအဝင် ကစားသမားတွေဟာ ဂါနာပရိသတ်တွေကွင်းအတွင်းကျူးကျော်ဝင်ရောက်လာမှုကြောင့် ဘေးကင်းရာကို ထွက်ပြေးခဲ့ရပါတယ်။မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ အန်ဂိုလာအသင်းကို ပေးခဲ့ရတဲ့ ဂိုးကြောင့် ဂါနာအသင်းဟာ Africa Cup of...

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြုလုပ်ခဲ့တဲ့ အောင်ပွဲခံမှုကို ကိုပါဖလားကို ကိုင်ပြီး E.မာတီနက်ဇ်ထပ်လုပ်

အာဂျင်တီးနားအသင်းက ချီလီအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းဂိုးသမား အီမီလီယာနိုမာတီနက်ဇ်ဟာ ကိုပါအမေရိကဖလားနဲ့ အောင်ပွဲခံချိန် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူပြုလုပ်ခဲ့တဲ့ အောင်ပွဲခံမှုကို ထပ်ပြီးပြုလုပ်သွားခဲ့ပါတယ်။ ဒီပွဲအပြီးမှာ အာဂျင်တီးနားကစားသမားတွေဟာ ကိုပါအမေရိကဖလားပုံတူနဲ့ ကွင်းအတွင်းအောင်ပွဲခံခဲ့ကြပြီး အီမီလီယာနိုမာတီနက်ဇ်ဟာ...

ကိုးမန်းလက်အောက်မှာ နယ်သာလန်အသင်းအတွက် မိမိ မကစားဘူးလို့ ဘာ့ဂ်ဝိုင် တုံ့ပြန်

အိုင်းယက်စ်အသင်းကနေ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ခဲ့တာကြောင့် နည်းပြ ရော်နယ်လ်ကိုးမန်းရဲ့ဝေဖန်မှုတွေခံခဲ့ရတဲ့ တောင်ပံကစားသမား ဘာ့ဂ်ဝိုင်က သူဟာ ဒီနည်းပြလက်အောက်မှာ နယ်သာလန်အသင်းအတွက် ကစားမှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ရော်နယ်လ်ကိုးမန်းက ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ခဲ့တဲ့ ဘာဂ့်ဝိုင်ကို နယ်သာလန်အသင်းအတွက် သူရွေးချယ်ဖို့ မစဉ်စားတော့ဘူးလို့...

မန်ယူနိုက်တက်ရဲ့ကစားပုံ တိုးတက်မှုမရှိရင် တန်ဟတ် ထုတ်ပယ်ခံရမယ်လို့ သတင်းထွက်ပေါ်

မန်ယူနိုက်တက်အသင်းဟာ ရာသီအစကို ဆိုးရွားစွာစတင်ပြီးနောက် နည်းပြ အဲရစ်တန်ဟတ်အနေနဲ့ သူ့ရဲ့ကစားပုံကို တိုးတက်အောင်မလုပ်နိုင်ရင် ထုတ်ပယ်ခံရမယ့် အန္တရာယ်ရှိတယ်လို့ The Guardian က ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ နွေရာသီက ဒတ်ချ်လူမျိုးနည်းပြအဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့စဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာ သူ့ကို(၁)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုပြီး ကလပ်မှာဆက်ပြီး...

Ballon d’Or ဆန်ခါတင်စာရင်းမှာ ချန်လှပ်ခံရပြီးနောက် ရိုဒရီဂို ရယ်မောပြီး လှောင်ပြောင်

ဘရာဇီးလ်ကြယ်ပွင့် ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းကို လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရရှိအောင်ကူညီပေးနိုင်ခဲ့ပေမယ့် အခုနှစ် Ballon d'Or ဆုအတွက် ဆန်ခါတင်စာရင်းမှာ ချန်လှပ်ခံခဲ့ရတာကြောင့် သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ရယ်မောပြီးလှောင်ပြောင်ခဲ့ပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိ ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်း ဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့အတွက်...

လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စွပ်စွဲချက်ကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ရာဖာမီ အာမခံနဲ့ ပြန်လွတ်လာ

ဗလင်စီယာတိုက်စစ်မှူး ရာဖာမီဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုစွပ်စွဲချက်ကြောင့် ဖမ်းဆီးခံရပြီးနောက် အာမခံနဲ့ ပြန်လွတ်လာခဲ့ပါတယ်။ အသက်(၂၇)နှစ်အရွယ်ရှိ ရာဖာမီဟာ တနင်္လာနေ့က ဖမ်း‌ဆီးခံခဲ့ရပြီး ဗုဒ္ဓဟူးနေ့က ဗလင်စီယာတရားရုံးမှာ ရုံးထုတ်ခံခဲ့ရတာပါ။ တရားသူကြီးက ရာဖာမီကို အခြေအနေအရ လွှတ်ပေးဖို့ အမိန့်ပေးခဲ့ပြီး သူ့ကို ရုံးတင်စစ်ဆေးဖို့...