Featured Articles

ဘယ်ပြိုင်ပွဲမှာမှ မရှိတဲ့ ပွဲချိန်တစ်မိနစ်မတိုင်ခင် သွင်းတဲ့ အမြန်ဆုံးဂိုး(၂)ဂိုး တွေ့ရတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ

မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ Round of 16 အဆင့်ပွဲစဉ် သြစတြီးယား(၁-၂)တူရကီပွဲမှာ တူရကီနောက်ခံလူ ဒီမီရယ်သွင်းယူခဲ့တဲ့ အဖွင့်ဂိုးက ပွဲစပြီးမကြာခင် (၅၇)စက္ကန့်မှာ သွင်းယူခဲ့တာပါ။ ယူရို-၂၀၂၄ ပြိုင်ပွဲဟာ အရင်ဘယ်ပြိုင်ပွဲမှာမှ မရှိခဲ့တဲ့ ပွဲစပြီးပြီးချင်း ပွဲချိန်(၁)မိနစ်မပြည့်မီ...

ကိုပါအမေရိကပြိုင်ပွဲ သမိုင်းတစ်လျှောက် အုပ်စုကထွက်ခဲ့ရတဲ့ ပထမဆုံးအိမ်ရှင် အမေရိကန်အသင်း

ဒီနှစ်ကိုပါအမေရိကပြိုင်ပွဲရဲ့အိမ်ရှင်အသင်းဖြစ်တဲ့အမေရိကန်အသင်းက ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အုပ်စုကထွက်ရတဲ့ ပထမဆုံးအိမ်ရှင်အသင်းဖြစ်လာပါတယ်။ ဒီနေ့မနက်ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဥရုဂွေးအသင်းကို (ဝ-၁)ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် အမေရိကန်အသင်းအနေနဲ့ (၁)ပွဲနိုင်၊ (၂)ပွဲရှုံးရမှတ်(၃)မှတ်သာရခဲ့တာကြောင့် အုပ်စုတတိယနေရာသာရပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။ အိမ်ရှင်အမေရိကန်အသင်းအနေနဲ့ အုပ်စုအဖွင့်မှာ ဘိုလစ်ဗီးယားအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ကစားနိုင်ခဲ့ပေမယ့် အုပ်စုဒုတိယပွဲမှာ ပနားမားကို...

စီရော်နယ်ဒိုအတွက် ဂိုးကံခေနေတဲ့ ယူရိုပြိုင်ပွဲနဲ့ ပေးဂိုးအနည်းဆုံး ပြင်သစ်နဲ့တွေ့ရတော့မယ့် ပေါ်တူဂီ

လက်ရှိယူရို-၂၀၂၄ ပြိုင်ပွဲဝင်နေတဲ့ ကစားသမားတွေထဲမှာ ပေါ်တူဂီအသင်းခေါင်းဆောင်စီရော်နယ်ဒိုက ဂိုးကန်သွင်းမှု(Shots) အများဆုံးကစားသမားအဖြစ် ဦးဆောင်နေပါတယ်။ ဒါပေမယ့် စီရော်နယ်ဒိုအနေနဲ့ အုပ်စုပွဲ(၃)ပွဲနဲ့ Round of 16 (၁)ပွဲ စုစုပေါင်း(၄)ပွဲ ကစားပြီးချိန်အထိ သွင်းဂိုးတစ်ဂိုးမှ မသွင်းနိုင်သေးဘဲရှိနေပါတယ်။ ဒီယူရိုပြိုင်ပွဲမှာ စီရော်နယ်ဒိုရဲ့...

ဖခင်ခြေရာနင်းပြီး ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားနေတဲ့ ကစားသမားများ

ယူရို-၂၀၂၄ပြိုင်ပွဲမှာ အရင်ယူရိုပြိုင်ပွဲတွေတုန်းက ကစားဖူးတဲ့ကစားသမားတွေရဲ့ မျိုးဆက်ကစားသမား(၅)ယောက်အထိ ပါဝင်နေပါတယ်။ ဒီမျိုးဆက်သစ်ကစားသမားတွေက ဖခင်ဖြစ်သူရဲ့ခြေရာကိုနင်းပြီး နိုင်ငံ့ကိုယ်စားပြုလက်ရွေးစင်ကစားသမားဖြစ်လာတဲ့အပြင် ယူရိုပြိုင်ပွဲမှာ အဖေရောသားပါ ကစားဖူးတဲ့စံချိန်မှတ်တမ်းကို ရယူနိုင်ကြတာပါ။ ထူးခြားစွာပဲ ဒီကစားသမားတွေပါဝင်တဲ့ အသင်းအားလုံးက ဒီယူရိုပြိုင်ပွဲမှာ အုပ်စုအဆင့်ကို ကျော်လွန်ပြီး နောက်တစ်ဆင့် ဖြစ်တဲ့...

အင်္ဂလန်ကစားသမားတွေ ဖိအားဒဏ်တွေ လျော့ပါးစေဖို့ ဘီယာသောက်ခွင့်ပေးခဲ့တဲ့ နည်းးပြဆောက်ဂိတ်

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းက ကစားသမားတွေကို ဖိအားလျော့ပါးစေဖို့ အတွက် ဘီယာသောက်ခွင့်ပေးခဲ့တယ်လို့ ဗြိတိန်သတင်းစာ Daily Star ကဖော်ပြခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ ပုံမှန်အားဖြင့် ပြိုင်ပွဲကာလအတွင်း သူ့ကစားသမားတွေကို အရက်ဘီယာသောက်သုံးတာကို ခွင့်ပြုတတ်တဲ့နည်းပြမဟုတ်ပေမယ့် အခု ယူရို-၂၀၂၄ ပြိုင်ပွဲမှာတော့ အစဉ်မလာမဟုတ်တဲ့အရာကို...

ရှုံးထွက်အဆင့်တက်ရောက်နိုင်တဲ့ အသင်းတွေထဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေဆဲ အင်္ဂလန်

ယူရို-၂၀၂၄ အုပ်စုအဆင့်ပွဲတွေအပြီး ရှုံးထွက်အဆင့်ကို တက်ရောက်လာတဲ့ အသင်း(၁၆)သင်းအနေနဲ့ ဗိုလ်စွဲဖို့ဖြစ်နိုင်ခြေဘယ်လောက်ရှိသလဲလို့ နာမည်ကျော်ဘောလုံးအချက်အလက် ဝက်ဘ်ဆိုက်ဖြစ်တဲ့ Opta က ထုံးစံအတိုင်း ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းတွေနဲ့ တွက်ချက်ဖော်ပြခဲ့ပါတယ်။ ဒီလို ဖော်ပြခဲ့ရာမှာ ပြိုင်ပွဲမတိုင်ခင်ကအတိုင်း အင်္ဂလန်အသင်းက ထိပ်ဆုံးနေရာမှာပဲ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းကို...

ယူရို ပြိုင်ပွဲထက် ပရိသတ်အားပေးကြမ်းနေတဲ့ အမေရိကန်မှာ ကျင်းပတဲ့ ကိုပါအမေရိကပြိုင်ပွဲ

လက်ရှိ အမေရိကန်နိုင်ငံမှာကျင်းပနေတဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲက ဥရောပတိုက်က ယူရို-၂၀၂၄ ပြိုင်ပွဲထက်တောင် ပရိသတ်အားပေးကြမ်းနေပါတယ်။ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ ပရိသတ်အများဆုံးလာအားပေးခဲ့တဲ့ပွဲက နယူးဂျာစီပြည်နယ် MetLife ကွင်းမှာကစားခဲတဲ့ ချီလီ(ဝ-၁)အာဂျင်တီးနားပွဲဖြစ်ပြီး ပရိသတ်(၈၁၁၀၆)ဦး လာအားပေးခဲ့တာပါ။ ဒီပရိသတ်အရေအတွက်က ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် (ပွဲစဉ်တစ်ပွဲအတွင်း)ပရိသတ်အများဆုံးအဖြစ်...

စံချိန်မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပြီး မှတ်တမ်းကောင်းတစ်ခု ရပ်တန့်ခဲ့ရတဲ့ စီရော်နယ်ဒို

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဂျော်ဂျီယာအသင်းနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့သလို၊ ဒီပွဲမှာ ဂိုးမသွင်းနိုင်တာကြောင့် မှတ်တမ်းကောင်းတစ်ခုလည်း ရပ်တန့်သွားခဲ့ရပါတယ်။ စီရော်နယ်ဒိုအနေနဲ့ ဒီပွဲအပါအဝင် ယူရိုပြိုင်ပွဲတွေမှာ ကစားနေတာ (၂၈)ပွဲအထိရှိနေပြီး သူ့အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း (၂၂)ပွဲကစားထားတာကြောင့် အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ...

ယူရို-၂၀၂၄ Round of 16 အဆင့်အတွဲအဖက်များ

ယူရို-၂၀၂၄ အုပ်စုအဆင့်ပွဲတွေ ပြီးဆုံးသွားချိန်မှာ နောက်တစ်ဆင့်ဖြစ်တဲ့ Round of 16 အတွက် အတွဲအဖက်တွေ အသီးသီးထွက်ပေါ်လာခဲ့ပြီး အောက်ပါအတိုင်းဖြစ်ပါတယ်။ Round of 16 ပွဲတွေကို ဇွန်(၂၉)ရက်နေ့ကနေ ဇူလိုင်(၂)ရက်နေ့အထိ တစ်နေ့ (၂)ပွဲ ကစားသွားမှာဖြစ်ပါတယ်။...

ယူရိုပြိုင်ပွဲတစ်လျှောက် အမြန်ဆုံး Own Goal အဖြစ်စံချိန်တင်ခဲ့တဲ့ မယ်လန်ရဲ့ ဂိုး

မနေ့က ကစားခဲ့တဲ့နယ်သာလန်(၂-၃)သြစတြီးယားပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ နယ်သာလန်တောင်ပံတိုက်စစ်ကစားသမား မယ်လန်ရဲ့ Own Goal ဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံး Own Goal အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ပွဲချိန်(၆)မိနစ်ကတည်းက ကိုယ့်ဂိုးထဲကို ကန်သွင်းမိခဲ့တဲ့ ဒီ Own Goal...