Featured Articles

Ballon d’Or ဆုပေးပွဲစင်မြင့်ထက်မှာ စပိန်နည်းပြနဲ့ ကစားသမားတွေ လွှမ်းမိုးဦးမလား

အခုနှစ် အောက်တိုဘာ(၂၈)ရက်နေ့မှာ ကျင်းပမယ့် Ballon d'Or ဆုပေးပွဲမှာ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဘောလုံးသမားဆု(Men’s Ballon d’Or) သာမကဘဲ အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆု(Women's Ballon d'Or)၊ အကောင်းဆုံးအမျိုးသားနည်းပြဆု(Men’s Coach of the Year)၊...

(၂၁)နှစ်အတွင်း စီရော်နယ်ဒိုနဲ့ မက်ဆီ မပါတော့တဲ့ ပထမဆုံး Ballon d’Or ဆန်ခါတင်စာရင်း

မနေ့ညက အခုနှစ် Ballon d'Or ဆုတွေအတွက် ပဏာမရွေးချယ်ထားတဲ့ ဆန်ခါတင်စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ကမ္ဘာကျော်ဘောလုံးသမားတွေဖြစ်တဲ့ မက်ဆီရော စီရော်နယ်ဒိုပါ အမည်စာရင်း ပါဝင်မလာတာကို တွေ့ရပါတယ်။ ဒါက ၂၀၀၃ ခုနှစ်ကစပြီး နောက်ဆုံး(၂၁)နှစ်အတွင်း...

ဖိအားတွေရှိနေပေမယ့် မန်ယူနိုက်တက်မှာ နေရာရဖို့ ဆက်တိုက်ပွဲဝင်သွားမယ့် ကတ်စီမီရို

တူရကီကလပ် ဂါလာတာစာရေးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဘရာဇီးလ်ကွင်းလယ်လူ ကက်စီမီရိုက မန်ယူနိုက်တက်အသင်းမှာ ဆက်နေပြီး သူ့ရဲ့နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂါလာတာစာရေးအသင်းဟာ တူရကီအပြောင်းအရွှေ့မပိတ်ခင်မှာ ကက်စီမီရိုကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး သူကတော့ ကမ်းလှမ်းမှုတွေအားလုံးကို ငြင်းပယ်ဖို့ ရှိနေတာပါ။...

PSR Rules ခြိမ်းခြောက်မှုရှိပေမယ့် သုံးစွဲမှုများစွာ မလျော့ကျသေးတဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ကလပ်အသင်းတွေအကြား ကွာဟချက်မကြီးမားစေဖို့ ငွေကြေးထိန်းချုပ်မှုတွေ ပြုလုပ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်း(PSR Rules - Profit and Sustainability Rules)နဲ့ တာဝန်ရှိသူတွေက ထိန်းညှိနေသလို၊ ဒီစည်းမျဉ်းနဲ့ မကိုက်ညီတဲ့ အသင်းတွေကိုလည်း ရမှတ်လျှော့ပြစ်ဒဏ်တွေချမှတ်ပြီး သတိပေးနေပါတယ်။ ဒီလို ထိန်းချုပ်အပြစ်ပေးမှုတွေ...

ဥရောပထိန်တန်းလိဂ်ပြိုင်ပွဲ (၅)ခုမှာ ၂၀၂၄ အတွင်း အိမ်ကွင်း သွင်းဂိုးအများဆုံးအသင်း ချယ်လ်ဆီး

ဥရောပထိပ်တန်းလိဂ်(၅)ခုက အသင်းတွေထဲမှာ ၂၀၂၄ ခုနှစ်အတွင်း အိမ်ကွင်းသွင်းဂိုးအများဆုံးဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတဲ့အသင်းက လာလီဂါချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းမဟုတ်သလို၊ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးလည်းမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယားအဆင့်(၁၀)နေရာလောက်မှာ တစ်ရာသီလုံးကျင်လည်ခဲ့ရပြီး ရာသီကုန်မှာ အဆင့်(၆)ရရှိခဲ့တဲ့ ချယ်လ်ဆီးအသင်းဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းပိုင်ရှင်သစ်တွေထက်ထဲမှာ ငွေကြေးသုံးစွဲမှုတွေနဲ့ အောင်မြင်မှုထပ်တူမကျလို့...

အေးဂျင့်နဲ့လမ်းခွဲခဲ့တဲ့ အိုစီမန် တူရကီလိဂ်ကို ဘာကြောင့်ရွေးချယ်ခဲ့ရတာလဲ

နိုင်ဂျီးရီးယားတိုက်စစ်မှူးအိုစီမန်ဟာ နာပိုလီအသင်း စီးရီးအေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီတုန်းက ဥရောပရဲ့အကျော်ကြားဆုံးတိုက်စစ်မှူးတွေထဲမှာ ပါဝင်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဥရောပထိပ်တန်းလိဂ်(၅)ခု ပြင်ပက တူရကီလိဂ်ကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ အိုစီမန် အသင်းပြောင်းရွှေ့ခဲ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ လက်ရှိကလပ် နာပိုလီအသင်းတာဝန်ရှိသူတွေနဲ့ အဆင်မပြေတော့သလို...

(၁၇)နှစ်ကြာကစားခဲ့တဲ့ ဥရုဂွေးလက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်တော့မယ့် ဆွာရက်ဇ်

ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ဒီတစ်ပတ်ကစားမယ့် နိုင်ငံတကာပွဲတွေမတိုင်မီ မီဒီယာတွေနဲ့ တွေ့ဆုံပြီး သူ့အနေနဲ့ နိုင်ငံတကာဘောလုံးသမားဘဝက အနားယူတော့မှာဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ ဆွာရက်ဇ်ကို အလွန်ဝမ်းနည်းနေတဲ့ အမူအရာနဲ့တွေ့ခဲ့ရပြီး သူ့အနေနဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ရတဲ့ပုံပေါ်နေပါတယ်။ လာမယ့် စက်တင်ဘာ(၆)ရက်(စနေ့နေ့)မှာ...

ကက်စီမီရိုအတွက် စကားလုံးတိုက်ပွဲဖြစ်နေတဲ့ ကာရေဂါနဲ့ ဖာဒီနန်

လီဗာပူးလ်နောက်ခံလူဟောင်းဂျေမီကာရေဂါနဲ့ မန်ယူနိုက်တက်နောက်ခံလူဟောင်းရီယိုဖာဒီနန်တို့ဟာ ကစားသမားဘဝမှာ အင်္ဂလန်အနောက်မြောက်ဒါဘီပြိုင်ဘက် အသင်းနှစ်သင်းရဲ့ကစားသမားတွေဖြစ်တာနဲ့အညီ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နောက်ခံလူတွေဖြစ်ခဲ့ကြပါတယ်။ ကစားသမားဘဝက အနားယူပြီးနောက်ပိုင်း ဘောလုံးဝေဖန်သုံးသပ်သူတွေဖြစ်လာတော့လည်း အင်္ဂလန်ဘောလုံးရုပ်သံလောကမှာ သဘောထားမတူတဲ့ အငြင်းပွားမှုတွေကို မကြာခဏတွေ့ရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်ယူနိုက်တက်(ဝ-၃)လီဗာပူးလ်ပွဲအပြီးမှာလည်း သူတို့နှစ်ဦးရဲ့အငြင်းပွားမှုကို ပရိသတ်တွေတွေ့ရပြန်ပါတယ်။...

ဒီယေဂိုအမန်ဒါမာရာဒိုနာကွင်းနားမှာ သေနတ်ထောက်လုယက်ခံခဲ့ရတဲ့ နီရက်စ်

စီးရီးအေကလပ်နာပိုလီအသင်းရဲ့ဘရာဇီးလ်တောင်ပံကစားသမားဒေးဗစ်နီရက်စ်ဟာ ပြီးခဲ့တဲ့ နာပိုလီ(၂-၁)ပါးမားပွဲအပြီး နေအိမ်ကို ပြန်ရာမှာ ပွဲကစားရာ ဒီယေဂိုအာမန်ဒါမာရာဒိုနာကွင်းအနား သေနတ်သမား(၂)ဦးရဲ့ သေနတ်နဲ့ ခြိမ်းခြောက်လုယက်ခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်။ နီရက်စ်ဟာ ပြီးခဲ့တဲ့ (၁၀)ရက်လောက်ကမှ ဘင်ဖီကာအသင်းကနေ စီးရီးအေကလပ်နာပိုလီအသင်းကို ပြောင်းရွှေ့ကြေးပေါင် (၂၃.၅)သန်းနဲ့ ပြောင်းရွှေ့ကစားနေတာဖြစ်ပြီး...

အထင်နဲ့ အမြင်လွဲနေတဲ့ ပြိုင်မြင်းနှစ်ကောင်ရဲ့လာလီဂါ

ပြီးခဲ့တဲ့ရာသီအောင်မြင်မှုနဲ့ နွေရာသီမှာ ပြင်သစ်တိုက်စစ်မှူးဘာပေရောက်ရှိလာမှုတွေကြောင့် ဒီရာသီ ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါမှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံး နံပါတ်တစ် ဖေးဘရိတ်ဖြစ်နေတာ မဆန်းဘူးလို့ ဆိုရမှာပါ။ ဘာစီလိုနာအသင်းကတော့ အသင်းရဲ့ဘဏ္ဍာရေးအခက်အခဲကြောင့် ဒီနွေရာသီမှာ အလိုရှိတဲ့ကစားသမားတွေကို ငွေကြေးများစွာသုံးစွဲပြီး မခေါ်နိုင်တဲ့အခြေအနေကို ကြုံတွေ့ခဲ့ရသလို၊ အော်လ်မိုတို့လို ကစားသမားသစ်တွေကို...