Football Facts and Figures

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကွန်မြူနတီဒိုင်းဆုရအသင်းတွေ ပရီးမီးယားလိဂ်မှာ ဘယ်လောက် % ဗိုလ်စွဲခဲ့သလဲ

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း (၂၀၁၄ ကနေ ၂၀၂၃ အထိ) ကွန်မြူနတီဒိုင်းဆုဆွတ်ခူးခဲ့တဲ့အသင်းတွေအနေနဲ့ (ဒိုင်းဆုရတဲ့ရာသီ) ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်လောက်အထိ ချန်ပီယံဖြစ်ခဲ့သလဲဆိုတာ လေ့လာကြည့်ရင် အလွန်အံအားသင့်စရာကောင်းတဲ့ မှတ်တမ်းတစ်ခုကို တွေ့ရမှာပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ ၂၀၁၈-၁၉ ရာသီ ကွန်မြူနတီဒိုင်းချန်ပီယံမန်စီးတီးအသင်းက...

နေမာရဲ့ စံချိန်ထက် ဂျော်အိုဖီးလစ်ရဲ့ ကြေးကိုတောင် ကျော်ဖြတ်ဖို့ခက်လာတဲ့ ယနေ့ခေတ် အပြောင်းအရွှေ့ဈေးကွက်

လက်ရှိကမ္ဘာ့စံချိန်တင်ထားတဲ့ အပြောင်းအရွှေ့က ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းကနေ PSG အသင်းကို ပြောင်းရွှေ့ကြေး ယူရို(၂၂၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးနေမာရဲ့အပြောင်းအရွှေ့ပါ။ (၇)နှစ်ကြာလာတဲ့တိုင် နေမာရဲ့အပြောင်းအရွှေ့စံချိန်ကို နောက်ပိုင်းဘယ်ကစားသမားကမှ မရိုက်ချိုးနိုင်ခဲ့သလို နောက်ပိုင်းဘောလုံးလောကမှာ တင်းကျပ်လာတဲ့ စည်းမျဉ်းတွေကြောင့် နေမာထက် လွန်ခဲ့တဲ့(၅)နှစ်က...

စီးရီးအေ + လာလီဂါ + ပြင်သစ်လီဂူး သုံးစွဲငွေ စုစုပေါင်းထက် ပိုသုံးထားတဲ့ ပရီးမီးယားလိဂ်

ဒီနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ပြောင်းရွှေ့ကြေးသုံးစွဲမှု စုစုပေါင်းက ယူရို(၁.၂၁)ဘီလီယံ(ယူရို ၁၂၁၀ သန်း)အထိရှိနေပါတယ်။ ဒါက ပြီးခဲ့တဲ့သြဂုတ်(၂)ရက်နေ့အထိ သုံးစွဲငွေပမာဏဖြစ်ပြီး ဒီပမာဏက အခြားဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေဖြစ်တဲ့ စီးရီးအေ၊ လာလီဂါ၊ ပြင်သစ်လိဂ်ပြိုင်ပွဲတွေက ကလပ်အသင်းတွေအားလုံး သုံးစွဲထားတဲ့ပြောင်းရွှေ့ကြေး စုစုပေါင်းထက် ပိုများနေပါတယ်။...

နောက်ဆုံးဆယ်စုနှစ်အတွင်း အပြောင်းအရွှေ့တွေက နေ ဝင်ငွေ ပေါင်တစ်ဘီလီယံကျော်ရရှိခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းပိုင်ရှင်သစ် တော့ဘိုလေးနဲ့ အပေါင်းပါတွေရဲ့လက်ထက်မှာ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ငွေကြေးပေါင်(ဘီလီယံချီသုံးစွဲထားသလို ကစားသမားတွေကို ပြန်လည်ရောင်းချမှုတွေကနေလည်း ငွေတွေအများအပြားရရှိနေပါတယ်။ နိုင်ငံတကာအားကစားမီဒီယာတွေမှာ ချယ်လ်ဆီးအသင်းရဲ့ငွေကြေးသုံးစွဲမှုတွေကိုသာ အဓိကဖော်ပြနေကြပြီး ကစားသမားရောင်းချမှုတွေကနေ ငွေတွေအများအပြားရနေတာကိုတော့ ဖော်ပြတာ ရှားပါးပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ငွေကြေးသုံးစွဲမှုတွေအများအပြားရှိတာမှန်ပေမယ့် အသင်းဘဏ်စာရင်းထဲကို ပြန်ဝင်လာတဲ့ငွေတွေလည်း...

အိမ်ရှင်ပြင်သစ်အသင်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေဆဲ အိုလံပစ် (အမျိုးသားဘောလုံး) ပြိုင်ပွဲ

၂၀၂၄ ပါရီအိုလံပစ်(အမျိုးသားဘောလုံး)ပြိုင်ပွဲက ကွာတားဖိုင်နယ်အဆင့်ကို ရောက်လာပြီး ဒီနေ့ညမှာ ကွာတားဖိုင်နယ်(၄)ပွဲစလုံးကို ကစားသွားမှာပါ။ ကွာတားဖိုင်နယ်ပွဲတွေမတိုင်မီ ဘွတ်ကီဒိုင်တွေမှာ ပေးထားတဲ့အလေးပေးချက်တွေအရ အိမ်ရှင်ပြင်သစ်အသင်းက ဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်နေဆဲဖြစ်ပြီး (၂/၁)လေးနဲ့ ဦးဆောင်နေပါတယ်။ ပြင်သစ်ရဲ့နောက်မှာ စပိန်၊ အာဂျင်တီးနား၊ မော်ရိုကို အစရှိတဲ့အသင်းတွေရှိနေပါတယ်။ ဥရောပအသင်းတွေအနေနဲ့...

ဆယ်ကျော်သက်လူငယ်တွေအပေါ် ဘယ်အသင်းက ယုံကြည်မှုအများဆုံးလဲ

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆယ်ကျော်သက်(အသက် ၂၀ နှစ်အောက်) ကစားသမားတွေကို အချိန်အများဆုံး သုံးစွဲတဲ့အသင်းအဖြစ် ဘရိုက်တန်အသင်းက ထိပ်ဆုံးကဦးဆောင်ခဲ့ပါတယ်။ မှတ်တမ်းတွေအရ ဆယ်ကျော်သက်ကစားသမားတွေကို အသင်းမှာ ကစားချိန်မိနစ်အများဆုံးပေးတဲ့အသင်းအဖြစ် ဘရိုက်တန်အသင်းက စုစုပေါင်း(၃၇၅၁)မိနစ်နဲ့ ဦးဆောင်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက...

ဘရာဇီးလ် အမျိုးသမီးလက်ရွေစင်အသင်းမှာ နိုင်ငံတကာပွဲ(၂၀၀) ပြည့်သွားတဲ့ မာတာ

ဘရာဇီးလ်အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးမာတာဟာ ၂၀၂၄ ပါရီအိုလံပစ်(အမျိုးသမီးဘောလုံး)ပြိုင်ပွဲ အုပ်စု ဒုတိယပွဲစဉ် ဘရာဇီးလ်(၁-၂)ဂျပန်ပွဲမှာ နိုင်ငံတကာပွဲ(၂၀၀)ပြည့်သွားခဲ့ပါတယ်။ အသက်(၃၈)နှစ်အရွယ်ရှိပြီဖြစ်သူ မာတာဟာ ဘရာဇီးလ်အမျိုးသမီးလက်ရွေးစင်အသင်းမှာ ဂိုးအများဆုံးသွင်းတဲ့ကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်ပြီး (၁၁၈)ဂိုးသွင်းယူပေးထားသူပါ။ မာတာဟာ ဘရာဇီးလ်အမျိုးသမီးအသင်းမှာ ပွဲအများဆုံးကစားထားသူတော့မဟုတ်ပါဘူး။ ဘရာဇီးလ်အမျိုးသမီးလက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားသူအဖြစ် စံချိန်တင်ထားတာက...

ဥရောပ ထိပ်တန်းလိဂ်(၅)ခုမှာ လစာငွေအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ဒီယွန်း

ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ ကစားနေကြတဲ့ကစားသမားတွေထဲမှာ လစာငွေအများဆုံးရတဲ့ကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဖရန်ကီဒီယွန်းက ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီယွန်းဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းရဲ့ပွဲအတော်များများကို လွဲချော်ခဲ့သလို ယူရို-၂၀၂၄ ပြိုင်ပွဲဝင် နယ်သာလန်အသင်းမှာလည်း မပါဝင်နိုင်ခဲ့သူပါ။ ဒါအပြင် ဘာစီလိုနာအသင်းရဲ့လက်ရှိရာသီကြိုပြင်ဆင်မှုတွေမှာလည်း ဒီယွန်းအနေနဲ့ ဒဏ်ရာအကင်းမသေသေးတာကြောင့် မပါဝင်နိုင်သေးဘဲ...

၂၀၂၄ နွေရာသီအပြောင်းအရွေ့ ငွေကြေးသုံးစွဲမှုမှာ အများဆုံးအဖြစ် ဦးဆောင်နေတဲ့ အက်စတွန်ဗီလာ

ဥရောပကလပ်အသင်းတွေထဲမှာ လက်ရှိ(ဇူလိုင် ၂၃ ရက်နေ့အထိ) ငွေကြေးအများဆုံးသုံးစွဲတဲ့အသင်းအဖြစ် ဗီလာအသင်းက ဦးဆောင်နေပါတယ်။ ဗီလာအသင်းဟာ ဒီနွေရာသီမှာ မတ်ဆန် (ယူရို ၄၄.၃ သန်း)၊ အမာဒူအိုနာနာ(ယူရို ၅၉ သန်း)၊ ဆမ်မြူရယ်အီလင်းဂျူနီယာ(ယူရို ၁၄ သန်း)အစရှိတဲ့ကစားသမားတွေအပါအဝင် ကစားသမား(၁၁)ယောက်ခေါ်ယူထားခြင်းအတွက်...

လစာငွေနဲ့ အချိုးချရင် မန်စီးတီးမှာ တစ်ပွဲအတွက် ပေါင် (၃.၅)သန်း တန်ကြေးရှိနေတဲ့ စကော့ကာဆန်

မန်စီးတီးအသင်းကို ၂၀၁၉ ခုနှစ်မှာ ရောက်ရှိလာတဲ့ အင်္ဂလန်ဝါရင့်ဂိုးသမား စကော့ကာဆန်(၃၈ နှစ်)ဟာ ဒီအသင်းမှာ (၅)ရာသီကြာ ဖြတ်သန်းခဲ့ပြီးပါပြီ။ ဒီ(၅)ရာသီအတွင်း စကော့ကာဆန် ကစားခဲ့တဲ့ပွဲအရေအတွက် စုစုပေါင်းက (၂)ပွဲသာဖြစ်ပါတယ်။ ဒီအသင်းမှာ ကစားခဲ့တဲ့ (၅)နှစ်အတွင်း စကော့ကာဆန်ရရှိခဲ့တဲ့ ဆုဖလားအရေအတွက်က...