Match Review

ဘရာဇီးလ်ကို အနိုင်ယူပြီး အိုလံပစ်အမျိုးသမီးဘောလုံးမှာ (၅)ကြိမ်မြောက်ချန်ပီယံဖြစ်တဲ့ အမေရိကန်

ဘရာဇီးလ်(ဝ-၁)အမေရိကန်(အိုလံပစ်အမျိုးသမီးဘောလုံးဗိုလ်လုပွဲ) အမျိုးသမီးဘောလုံးလောကမှာ နာမည်ကြီးသလောက်အောင်မြင်မှုမရတဲ့ ဘရာဇီးလ်အသင်းနဲ့ အအောင်မြင်ဆုံးအသင်းလို့ သတ်မှတ်နိုင်တဲ့ အမေရိကန်အသင်းတို့ ကစားကြတဲ့ အိုလံပစ်(အမျိုးသမီးဘောလုံး)ဗိုလ်လုပွဲမှာ အမေရိကန်အသင်းက တစ်လုံးတည်းသော ဂိုးနဲ့အနိုင်ရပြီး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ အမေရိကန်အသင်းအနေနဲ့ အိုလံပစ်(အမျိုးသမီးဘောလုံး)ပြိုင်ပွဲမှာ (၅)ကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပြီး ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲနောက်ပိုင်း ဝေးကွာနေတဲ့...

အိမ်ရှင်ပြင်သစ်အသင်းကို အချိန်ပို သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး အိုလံပစ်ရွှေဆု တစ်ကျော့ပြန်ရယူခဲ့တဲ့ စပိန်အသင်း

ပြင်သစ်(၃-၅)စပိန် (A.E.T)(ပါရီအိုလံပစ် အမျိုးသားဘောလုံးဗိုလ်လုပွဲ) ပြင်သစ်အိုလံပစ်အသင်းက ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲနောက်ပိုင်း ရှုံးပွဲမရှိဘဲ ၂၀၂၄ ပါရီအိုလံပစ်မှာလည်း (၅)ပွဲကစား(၅)ပွဲနိုင် ပေးဂိုး(၁)ဂိုးပဲ ရှိ တဲ့အသင်းဖြစ်ပေမယ့် ချန်ပီယံရွှေဆုအတွက် ကစားရတဲ့ ဗိုလ်လုပွဲမှ စပိန်အသင်းကို (၅)ဂိုးအထိ ပေးပြီးရှုံးခဲ့ရတယ်။ စပိန်အိုလံပစ်အသင်းက...

ဥရောပ(၂)သင်းကို အနိုင်ယူပြီး အမေရိကန်နဲ့ ဘရာဇီးလ်ဗိုလ်လုပွဲမှာ တွေ့မယ့် အိုလံပစ် (အမျိုးသမီး ဘောလုံး) ပြိုင်ပွဲ

အမေရိကန်(၁-ဝ)ဂျာမနီဘရာဇီးလ်(၄-၂)စပိန် (အိုလံပစ် အမျိုးသမီးဘောလုံးဆီမီးဖိုင်နယ်) ၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီးဘောလုံးဆီမီးဖိုင်နယ်မှာ ပြိုင်ပွဲရဲ့အအောင်မြင်ဆုံး အမေရိကန်အသင်းနဲ့ နာမည်ကြီးဘရာဇီးလ်အသင်းတို့က ဂျာမနီ၊ စပိန်အသင်းတို့ကို အသီးသီးအနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လာပါတယ်။ အမျိုးသားဘောလုံးပြိုင်ပွဲမှာ ပြင်သစ်နဲ့စပိန် ဥရောပအသင်းနှစ်သင်း All European Final...

အာဖရိက (၂)သင်းကို၊ ဥရောပ (၂)သင်းက အနိုင်ယူခဲ့တဲ့ အိုလံပစ် (အမျိုးသားဘောလုံး) ဆီးမီးဖိုင်နယ်

မော်ရိုကို(၁-၂)စပိန်ပြင်သစ်(၃-၁)အီဂျစ်(အိုလံပစ်အမျိုးသားဘောလုံးဆီမီးဖိုင်နယ်) ၂၀၂၄ ပါရီအိုလံပစ်(အမျိုးသားဘောလုံး)ဆီမီးဖိုင်နယ်ပွဲတွေမှာ ဥရောပ(၂)သင်းက အာဖရိက(၂)သင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်လာနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲမတိုင်ခင်ကတည်းက ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူးအွန်နရီ၊ အာဆင်နယ်အသင်းဖော်ဟောင်းကလစ်ချီတို့ ကိုင်တွယ်နေတဲ့ အိမ်ရှင်ပြင်သစ်အသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး လူငယ်ခြေတက်ကစားသမားတွေအများအပြားပါဝင်တဲ့ စပိန်ကလည်း ဗိုလ်စွဲဖို့ ဒုတိယရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။ ချန်ပီယံရေပန်းစားမှု...

ပြင်သစ်-အီဂျစ်၊ စပိန်-မော်ရိုကိုတို့ ဆီးမီးဖိုင်နယ်မှာ ဆုံတွေ့မယ့် အိုလံပစ် (အမျိုးသားဘောလုံး)

မော်ရိုကို(၄-ဝ)USAဂျပန်(ဝ-၃)စပိန်အီဂျစ်(၁-၁)(၅-၄P)ပါရာဂွေးပြင်သစ်(၁-ဝ)အာဂျင်တီးနား(ပါရီအိုလံပစ် အမျိုးသားဘောလုံးကွာတားဖိုင်နယ်ပွဲများ) ၂၀၂၄ ပါရီအိုလံပစ် (အမျိုးသားဘောလုံး)ပြိုင်ပွဲက ကွာတားဖိုင်နယ်ပွဲတွေ ကစားခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။ မနေ့ညက ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲတွေက အကြိတ်အနယ်ရှိပြီး ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့်အဝပေးနိုင်ခဲ့သလို အိမ်ရှင်ပြင်သစ်နဲ့ အာဂျင်တီးနား အားပြိုင်မှုကလည်း ဗိုလ်လုပွဲတစ်ပွဲကို...

နာမည်ကြီး အာဂျင်တီးနား ရှုံးပွဲနဲ့ စတင် တာထွက်ခဲ့ရတဲ့ ပါရီအိုလံပစ် (အမျိုးသားဘောလုံး) အုပ်စုအဖွင့်

မနေ့ညက ပါရီအိုလံပစ်ပြိုင်ပွဲရဲ့(အမျိုးသားဘောလုံး) အုပ်စုအဖွင့်ပွဲစဉ်တွေ စတင်ကျင်းပခဲ့ရာမှာ နာမည်ကြီးအာဂျင်တီးနားအသင်းက မော်ရိုကိုအသင်းကို (၂-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး အရှုံးနဲ့ တာထွက်ခဲ့ရပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းက ကမ္ဘာ့ဖလား၊ ကိုပါအမေရိကပြိုင်ပွဲတွေမှာ ချန်ပီယံအဖြစ်အောင်ပွဲခံထားချိန်မှာ အာဂျင်တီးနားအိုလံပစ်အသင်းကတော့ ရှုံးပွဲနဲ့ စတင်ခဲ့တာကြောင့် ၂၀၀၈ ဘေဂျင်းအိုလံပစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်...

ပေါင်သန်း(၂၅၀)တန် လူစာရင်းနဲ့ လိဂ်ဝမ်းကလပ် လေတန်အိုရီးယန့်ကို ရင်ဆိုင်ခဲ့တဲ့ အာတီတာ

အင်္ဂလန်လိဂ်အဆင့်အတန်းမှာ စတုတ္ထအဆင့်သာရှိတဲ့ League One က လေတန်အိုးရီးယန့်အသင်းနဲ့ မနေ့က ကစားတဲ့ ခြေစမ်းပွဲမှာ အာဆင်နယ်အသင်းက ဈေးကွက်တန်ဖိုး ပေါင်သန်း(၂၅၀)အထက်တန်ကြေးရှိတဲ့အသင်းကို ပွဲထွက်အသုံးပြု ကစားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အော်ဒီဂါ၊ ဂျေးဆူ၊ ဘင်ဝှိုက်၊ ပါတေး၊ တိုင်ဘာ၊...

လီဗာပူးလ်နည်းပြဘဝ ပထမဆုံးခြေစမ်းပွဲမှာ ရှုံးပွဲတွေ့သွားတဲ့ အာနီဆလော့

လီဗာပူးလ်အသင်းရဲ့ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့ဟာ သူ့ရဲ့ပထမဆုံးပွဲကို ရှုံးပွဲနဲ့ စတင်ဖွင့်လှစ်ခဲ့ရပါတယ်။ ဒီနွေရာသီ ပထမဆုံးခြေစမ်းပွဲအဖြစ် လီဗာပူးလ်အသင်းဟာ မနေ့ညက ချန်ပီယံရှစ်ကလပ် ပရက်စတန်အသင်းနဲ့ ကစားခဲ့ရာမှာ (ဝ-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲမှာ အာနီဆလော့အနေနဲ့ ဆာလာ၊ ဆိုဘို့ဆလိုင်း၊ အန်ဒို၊ ကာတစ်ဂျူံးစ်၊...

ရှုံးပွဲမရှိကစားနေတဲ့ ကိုလံဘီယာကို အချိန်ပိုဂိုးနဲ့ အနိုင်ယူပြီး ကိုပါအမေရိကချန်ပီယံဆု ပြန်ရယူခဲ့တဲ့ အာဂျင်တီးနား

အာဂျင်တီးနား(၁-ဝ)ကိုလံဘီယာ (AET)(ကိုပါအမေရိကဗိုလ်လုပွဲ) ဝါရင့်ကွင်းလယ်လူဒီမာရီယာရဲ့အာဂျင်တီးနားလက်ရွေးစင်အသင်းကို နောက်ဆုံးနှုတ်ဆက်တဲ့ပွဲ၊ မက်ဆီရဲ့နောက်ဆုံးဖြစ်လာနိုင်တဲ့ ကိုပါအမေရိကပြိုင်ပွဲ၊ စံချိန်တင်(၂၈)ပွဲဆက်တိုက်အနိုင်ရထားတဲ့ ကိုလံဘီယာ၊ တစ်ကျော့ပြန်ခြေစွမ်းပြနေတဲ့ ဟားမိစ်ရိုဒရီဂွက်ဇ် အစရှိတဲ့ အကြောင်းအရာတွေကြောင့် ကိုပါအမေရိက ဗိုလ်လုပွဲက စိတ်ဝင်စားစရာတွေအပြည့်နဲ့ ဆွဲဆောင်ခဲ့ပါတယ်။ ဒီပွဲကို ပရိသတ်အများအပြားကွင်းအတွင်းဝင်ရောက်ကြည့်လိုတာကြောင့် မိုင်ယာမီက Venue...

အင်္ဂလန်ကို အနိုင်ယူပြီး (၄)ကြိမ်မြောက်ချန်ပီယံဆုကို စပိန်အသင်း ထိုက်ထိုက်တန်တန်ရယူခဲ့တဲ့ ယူရို-၂၀၂၄

စပိန်(၂-၁)အင်္ဂလန်(ယူရို-၂၀၂၄ ဗိုလ်လုပွဲ) ဂျာမန်မြေမှာ စပိန်က ဂျာမနီအသင်းကိုကျော်ပြီး ဥရောပရဲ့အအောင်မြင်ဆုံးအသင်းအဖြစ် ယူရိုပြိုင်ပွဲမှာ မှတ်တမ်းသစ်ရေးထိုးလိုက်ပါပြီ။ ဒီပြိုင်ပွဲမတိုင်မီက ဂျာမနီအသင်းက ချန်ပီယံ(၃)ကြိမ်၊ ဒုတိယ(၃)ကြိမ်နဲ့ ယူရိုပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းစာရင်းမှာ ဦးဆောင်ခဲ့ပြီး အခုတော့ စပိန်က ချန်ပီယံ(၄)ကြိမ်၊ ဒုတိယ(၁)ကြိမ်နဲ့ ဂျာမနီအသင်းအထက်ကို ရောက်လာခဲ့တာပါ။ဒီဗိုလ်လုပွဲမှာ...