Match Review

ဆီီမးဖိုင်နယ်မှာ ဥရုဂွေးကို အနိုင်ယူပြီး ကိုပါအမေရိက ဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ တွေ့မယ့် ကိုလံဘီယာ

ဥရုဂွေး(ဝ-၁)ကိုလံဘီယာ (၂၀၂၄ ကိုပါအမေရိက ဆီမီးဖိုင်နယ်) ဒီမနက်ကစားခဲ့တဲ့ ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒီပြိုင်ပွဲရဲ့ တတိယရေပန်းအစားဆုံး ဥရုဂွေးအသင်းကို ကိုလံဘီယာအသင်းက (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ နောက်ဆုံး(၂)နှစ်ခွဲကျော်ကာလအတွင်း ရှုံးပွဲမရှိတဲ့ ကိုလံဘီယာအသင်းအနေနဲ့ ဥရုဂွေးကို ဘောလုံးပေးကိုင်ကစားပြီး...

မက်ဆီ ဂိုးသွင်းပြီး အကောင်းဆုံးကစားသမားဆုပါရခဲ့တဲ့ ကိုပါအမေရိကဖလားဆီမီးဖိုင်နယ်

(ကိုပါအမေရိက ဆီမီးဖိုင်နယ်) အာဂျင်တီးနား(၂-ဝ)ကနေဒါ ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းက ကနေဒါအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းအတွက် ကနေဒါက ခက်ခဲတဲ့ပြိုင်ဘက်မဖြစ်ခဲ့ဘဲ အုပ်စုအဆင့်တုန်းက ရရှိခဲ့တဲ့ရလဒ်အတိုင်း ပြန်ပြီး အနိုင်ယူခဲ့တာပါ။ ပွဲချိန်(၂၂)မိနစ်မှာ...

ပြင်သစ်ကို ယာမားလ်၊ အော်လ်မိုတို့ရဲ့ လှပတဲ့ဂိုးတွေနဲ့ အနိုင်ယူပြီး ယူရိုဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့ စပိန်အသင်း

စပိန်(၂-၁)ပြင်သစ်(ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်) ချန်ပီယံဟောင်းနှစ်သင်းတွေ့တဲ့ပွဲမှာ ချန်ပီယံဆု(၃)ကြိမ်ရ စပိန်အသင်းက ချန်ပီယံဆု(၂)ကြိမ်ရ ပြင်သစ်အသင်းကို ပထမပိုင်းသွင်းဂိုးတွေနဲ့ပဲ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်သွားခဲ့ပါတယ်။ ပြင်သစ်အသင်းအနေနဲ့ အရင်ပွဲတွေထက် ကစားပုံပိုကောင်းလာတယ်ဆိုပေမယ့် ဒုတိယပိုင်းခြေစွမ်းကတော့ ဗိုလ်လုပွဲတက်ဖို့ မထိုက်တန်ဘူးလို့ ဆိုရမှာပါ။ ဒုတိယပိုင်းမှာ ချေပဂိုးရဖို့...

ဆွစ်ဇာလန်ကို ပယ်နယ်တီမှာ ကျော်ဖြတ်ခဲ့တဲ့ အင်္ဂလန်နဲ့ တူရကီကို အနိုင်ရခဲ့တဲ့ နယ်သာလန် ဆီမီးမှာတွေ့မည်

အင်္ဂလန် (၁-၁) ဆွစ်ဇာလန်(အင်္ဂလန် ပယ်နယ်တီ ၅-၃ ဂိုးနဲ့နိုင်)နယ်သာလန် (၂-၁) တူရကီ ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ် ယူရို-၂၀၂၄ မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအင်္ဂလန်က ပြီးခဲ့တဲ့ Round of 16 မှာ အချိန်ပိုကစားပြီးမှ...

အချိန်ပိုသွင်းဂိုးနဲ့ အိမ်ရှင်ဂျာမနီကို အနိုင်ယူခဲ့တဲ့ စပိန်အသင်း ပေါ်တူဂီကိုပယ်နယ်တီမှာ ကျော်ဖြတ်ခဲ့တဲ့ ပြင်သစ်

စပိန်(၂−၁)ဂျာမနီ (AET)ပေါ်တူဂီ(ဝ-၀)ပြင်သစ် (AET)(ပြင်သစ် ပယ်နယ်တီ ၅-၃ နဲ့နိုင်) ယူရို-၂၀၂၄ ကွာတားဖိုင်နယ် ကိုပါအမေရိကွာတားဖိုင်နယ်မှာ အချိန်ပိုမကြည့်ရပေမယ့် ယူရိုကွာတားဖိုင်နယ်(၂)ပွဲကတော့ အချိန်ပိုတွေနဲ့အတူ ရင်ခုန်စရာရသတွေကို ပေးခဲ့ပါတယ်။ နှစ်ပွဲစလုံး ပုံမှန်ပွဲချိန်အတွင်း ဂိုးနည်းခဲ့ပေမယ့် တစ်ဖက်ဂိုးပေါက်ကို တစ်ဖက် အပြန်အလှန်ခြိမ်းခြောက်မှုတွေ...

မက်ဆီ ပယ်နယ်တီလွဲခဲ့ပေမယ့် ကိုပါအမေရိကဆီမီးဖိုင်နယ်တက်တဲ့ အာဂျင်တီးနား

အာဂျင်တီးနား(၁-၁)အီကွေဒေါ(ပယ်နယ်တီ ၄-၂နဲ့ အာဂျင်တီးနားနိုင်) ကိုပါအမေရိက ကွာတားဖိုင်နယ် ကိုပါအမေရိက ကွာတားဖိုင်နယ် ပထမဆုံးပွဲမှာ ချန်ပီယံအာဂျင်တီးနားက အီကွေဒေါအသင်းကို နောက်ကျချေပဂိုးပြန်ပေးခဲ့ရတာကြောင့် ပုံမှန်ပွဲချိန်အတွင်း (၁-၁)ဂိုးနဲ့ သရေကျခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။ ပယ်နယ်တီမှာ မက်ဆီက ပထမဆုံးကန်တဲ့အလုံးကို မဝင်ခဲ့ပေမယ့် ကျန်တဲ့...

ရိုမေနီးယားကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ နယ်သာလန် ခြေစွမ်းပြနေတဲ့ ဩစတြီးယားကို ကျော်ဖြတ်ခဲ့တဲ့ တူရကီ

ရိုမေးနီးယား(ဝ-၃)နယ်သာလန်သြစတြီးယား(၁-၂)တူရကီ (ယူရို-၂၀၂၄ Round of 16) အုပ်စုနောက်ဆုံးပွဲမှာ သြစတြီးယားကိုရှုံးခဲ့တဲ့ နယ်သာလန်က ရိုမေးနီးယားနဲ့ပွဲမှာတော့ ပုံစံကောင်းကို ပြန်လည်ပြသခဲ့ပြီး ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရယူခဲ့ပါတယ်။ သြစတြီးယားနဲ့ပွဲမှာ (အက်စ်ကိုဘာကို သေနတ်နဲ့ပစ်သလို နယ်သာလန်ပရိသတ်တွေအမှုန့်ခြေချင်စရာကောင်းတဲ့) Own Goal သွင်းခဲ့သူ...

ဘယ်လ်ဂျီယံကို Own Goal နဲ့အနိုင်ရတဲ့ ပြင်သစ် ပယ်နယ်တီအစွမ်းပြပြီး ကွာတားတက်တဲ့ ပေါ်တူဂီ

ပြင်သစ်(၁-ဝ)ဘယ်လ်ဂျီယံပေါ်တူဂီ(ဝ-၀)ဆလိုဗေးနီးယား (AET)(ပယ်နယ်တီ ၃-၀ ဂိုးနဲ့ ပေါ်တူဂီနိုင်) (ယူရို-၂၀၂၄ Round of 16) ယူရို-၂၀၂၄ ပြိုင်ပွဲအဖွင့်ပွဲမှာ တစ်ပွဲတည်း(၆)ဂိုးကို တွေ့မြင်ခဲ့ရပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ဒီပြိုင်ပွဲက ဂိုးတွေ တဖြည်းဖြည်းခမ်းခြောက်လာပါတယ်။ Round of 16...

ခြေစွမ်းမကောင်းသေးပေမယ့် ကွာတားတက်တဲ့ အင်္ဂလန်နဲ့ ဂျော်ဂျီယာကို အနိုင်ယူပြီး ဂျာမနီနဲ့တွေ့ရတော့မယ့် စပိန်

အင်္ဂလန်(၂-၁)ဆလိုဗက်ကီးယား (AET)စပိန်(၄-၁) ဂျော်ဂျီယာ (ယူရို-၂၀၂၄ Round of 16) အင်္ဂလန်အသင်းက အုပ်စုအဆင့်(၃)ပွဲလုံးမှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်၊ စိတ်ပျက်ဖွယ်ရာခြေစွမ်းကိုပြခဲ့တာကြောင့် ဝေဖန်မှုတွေများစွာရှိခဲ့ပေမယ့် နည်းပြဆောက်ဂိတ်က ခေါင်းမာမာနဲ့ သူ့ရဲ့4-2-3-1 ကစားကွက်နဲ့ ဒီလူစာရင်းကိုပဲ ခင်းကျင်းခဲ့ပြီး အပြောင်းအလဲအနေနဲ့ မေနူးကို...

လက်ရှိချန်ပီယံ အီတလီ ပြိုင်ပွဲကထွက်ခဲ့ရပြီး အိမ်ရှင်ဂျာမနီ ဆက်ချီတက်ခဲ့ရတဲ့ ယူရို-၂၀၂၄

ဆွစ်ဇာလန်(၂-ဝ)အီတလီဂျာမနီ(၂-ဝ)ဒိန်းမတ် (ယူရို-၂၀၂၄ Round of 16) ယူရို-၂၀၂၄ Round of 16 အဆင့်မှာပဲ လက်ရှိချန်ပီယံအီတလီအသင်းက ဆွစ်ဇာလန်ကို (ဝ-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက စောစောစီးစီးထွက်ခဲ့ရပါတယ်။ အီတလီအသင်း ပြိုင်ပွဲကထွက်ခဲ့ရတာမှာ အသင်းကြီးက အသင်းငယ်ကို...