News (Injury)

ဒဏ်ရာကြောင့် ယိုရို(၃)လ၊ဟွိုက်လန်း(၆)ပတ် အနားယူရမယ်လို့ မန်ယူနိုက်တက် အတည်ပြု

အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ ယိုရိုက(၃)လနဲ့ တိုက်စစ်မှူး ဟွိုက်လန်းက(၆)ပတ်အနားယူရမယ်လို့ မန်ယူနိုက်တက်အသင်းက အတည်ပြုခဲ့ပါတယ်။ ယိုရိုက ခြေဖမိုးကျိုးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဟွိုက်လန်းက တံကောက်ကြောဒဏ်ရာရခဲ့တဲ့အတွက် ရာသီသစ်မစတင်ခင်မှာ မန်ယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ရတာပါ။ ယိုရိုဟာ ပြီးခဲ့တဲ့လကမှ...

ဒဏ်ရာကြောင့် မန်ယူနိုက်တက်ရဲ့ရာသီအစပွဲစဉ်တွေကို ယိုရို လွဲချော်ဖွယ်ရှိ

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ လိုင်လီအသင်းကနေ ပေါင်(၅၉)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဗဟိုနောက်ခံလူယိုရိုဟာ မန်ယူနိုက်တက်အသင်းအတွက်(၂)ပွဲသာပါဝင်ကစားပေးခဲ့ပြီးနောက် ဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူရဖွယ်ရှိနေပါတယ်။ ယိုရိုဟာ မန်ယူနိုက်တက်အသင်းက အာဆင်နယ်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲရဲ့ပွဲချိန်အစောပိုင်းမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် လူစားလဲခံခဲ့ရတာပါ။ ယိုရိုဟာ ဒီပွဲအပြီး(၃)ရက်အကြာမှာ မန်ယူနိုက်တက်အသင်းရဲ့လေ့ကျင့်ရေးစခန်းကနေ သူ့ရဲ့ဘယ်ခြေထောက်ကို...

မန်ယူနိုက်တက်အသင်းမှာလေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တဲ့ လင်ဒီလော့ဖ်

မန်ယူနိုက်တက်အသင်းမှာ ဒဏ်ရာကြောင့်ကာလရှည်အနားယူနေရတဲ့ ဆွီဒင်လက်ရွေးစင်နောက်ခံလူ လင်ဒီလော့ဖ်ဟာ အသင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ကြောင်း သိရပါတယ်။ လင်ဒီလော့ဖ်ဟာ ဒီနွေရာသီ မန်ယူနိုက်တက်အသင်းရဲ့ခြေစမ်းပွဲတွေမှာ တစ်ပွဲမှ မပါဝင်ရသေးပေမယ့် အခု အသင်းနဲ့အတူ အပြည့်အ၀ လေ့ကျင့်နေပြီဖြစ်လို့ လာမယ့်ခြေစမ်းပွဲတွေနဲ့ ရာသီအစပွဲတွေမှာ ပြန်လည်ပါဝင်ကစားနိုင်မှာပါ။ အမေရိကန်ခြေစမ်းခရီးကို...

ယိုရိုနဲ့ ဟွိုက်လန်းတို့ရဲ့ဒဏ်ရာအခြေအနေ မပြင်းထန်ဖို့ မျှော်လင့်တယ်လို့ တန်ဟတ် ဆို

ဒီမနက်ကစားခဲ့တဲ့ အာဆင်နယ်(၂-၁)မန်ယူနိုက်တက် အမေရိကန်ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ နောက်ခံလူ ယိုရိုနဲ့ တိုက်စစ်မှူး ဟွိုက်လန်းတို့ရဲ့ဒဏ်ရာအခြေအနေမပြင်းထန်ဖို့ မျှော်လင့်တယ်လို့ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က မီဒီယာသမားတွေကို ပြောခဲ့ပါတယ်။ ယိုရိုနဲ့ ဟွိုက်လန်းတို့ဟာ ဒဏ်ရာတွေကြောင့် ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာ လူစားလဲခံခဲ့ရတာဖြစ်ပြီး ရာသီသစ်မတင်ခင် မန်ယူနိုက်တက်အသင်းအတွက်...

ဒဏ်ရာတွေကြောင့် ၂၀၂၄ မေဂျာလိဂ် All-Star ပွဲကို မက်ဆီနဲ့ဆွာရက်ဇ် လွဲချော်

အင်တာမိုင်ယာမီအသင်းဖော်တွေဖြစ်တဲ့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ ဒဏ်ရာတွေကြောင့် မက္ကဆီကိုလိဂ် All-star အသင်းနဲ့ ယှဉ်ပြိုင်မယ့် မေဂျာလိဂ် All-star အသင်းရဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။ မက်ဆီဟာ ကိုပါအမေရိကဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် ဒီပွဲကို မပါဝင်နိုင်တာဖြစ်ပြီး သူ့ရဲ့အသင်းဖော် ဆွာရက်ဇ်ကတော့ ဒူးနာကျင်နေလို့...

ရိုစင်ဘော့နဲ့ပွဲမှာ ဒဏ်ရာပြင်းထန်စွာရရှိမယ့် အခြေအနေကနေ ကတ်စမဲရိုး လွတ်မြောက်

မနေ့က ရိုစင်ဘော့(၁-ဝ)မန်ယူနိုက်တက်ခြေစမ်းပွဲစဉ်မှာ ဘရာဇီးလ်ကွင်းလယ်လူ ကက်စီမဲရိုးဟာ ရိုစင်ဘော့နောက်ခံလူတိုမက်စ်ရဲ့ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကိုခံရပေမယ့် ဒဏ်ရာပြင်းထန်စွာရရှိမယ့် အခြေအနေကနေ ကံကောင်းပြီး လွတ်မြောက်ခဲ့ပါတယ်။ ခြေစမ်းပွဲရဲ့ပွဲချိန်(၁၈)မိနစ်မှာ တိုမက်စ်ဟာ ဘောလုံးကိုထိန်းသိမ်းတာ ဆုံးရှုံးပြီးနောက် ကက်စီမဲရိုးရဲ့ဒူးကို ပြင်းထန်စွာဖျက်ထုတ်မိသလိုဖြစ်ခဲ့တာပါ။ ကက်စီမဲရိုးဟာ ဒီဖျက်ထုတ်မှုကြောင့် ကွင်းအတွင်းမှာ ဆေးကုသမှုခံယူခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာမရတဲ့အတွက်...

ပြင်သစ်ကို အနိုင်ရတဲ့ပွဲအပြီး အောင်ပွဲခံနေချိန် လုံခြုံရေးဝန်ထမ်းကြောင့် မိုရာတာ ဒဏ်ရာရရှိ

မနေ့က စပိန်(၂-၁)ပြင်သစ် ယူရို-၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ စပိန်အသင်းသားတွေဟာ ပရိသတ်တွေအရှေ့မှာ အောင်ပွဲခံချိန် အသင်းခေါင်းဆောင် မိုရာတာဟာ လုံခြုံရေးဝန်ထမ်းတစ်ဦးကြောင့် ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အဆိုပါလုံခြုံရေးဝန်ထမ်းဟာ ကွင်းထဲကိုဝင်ရောက်လာတဲ့ ပရိသတ်ကို ဖမ်းဖို့ကြိုးစားခဲ့ရာမှာ ချော်လဲပြီး မိုရာတာရဲ့ဒူးကို ထိခိုက်မိသွားတာပါ။ မိုရာတာဟာ ထိခိုက်မှုကြောင့်...

ယူရို-၂၀၂၄ ပြိုင်ပွဲ လက်ကျန်ပွဲစဉ်တွေကို ပက်ဒရီ လွဲချော်မယ်လို့ စပိန်အတည်ပြု

ယူရို-၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် စပိန်(၂-၁)ဂျာမနီပွဲမှာ ဒဏ်ရာရရှိသွားတဲ့ ဘာစီလိုနာကွင်းလယ်လူပက်ဒရီဟာ စပိန်အသင်းရဲ့ဆီမီးဖိုင်နယ်ပွဲကို လွဲချော်မယ့်အပြင် ဗိုလ်လုပွဲတက်ရင်လည်း ကစားနိုင်မှာ မဟုတ်ဘူးလို့ စပိန်အသင်းတာဝန်ရှိသူ​တွေက အတည်ပြုခဲ့ပါတယ်။ ပက်ဒရီဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၈)မိနစ်မှာ ဂျာမနီကွင်းလယ်လူ တိုနီကရူးစ်နဲ့ ပြင်းထန်စွာထိခိုက်မိပြီးနောက် ဒဏ်ရာရရှိသွားခဲ့တဲ့အတွက် ကွင်းလယ်တောင်ပံကစားသမား...

ယူရို-၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ် မတိုင်ခင် ဒဏ်ရာအခြေအနေကို ရှာကာ စကန်ဖတ်စစ်ဆေးမှုခံယူ

ဆွစ်ဇာလန်အသင်းခေါင်းဆောင် ရှာကာဟာ အင်္ဂလန်အသင်းနဲ့ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် သူ့ရဲ့ဒဏ်ရာအခြေအနေကို စကန်ဖတ်စစ်ဆေးမှုခံယူခဲ့ပါတယ်။ ရှာကာဟာ ကြွက်သားဒဏ်ရာခံစားနေရပြီး အီတလီအသင်းကို (ဝ-၂)ဂိုးနဲ့ ဆွစ်ဇာလန်အသင်းအနိုင်ရခဲ့တဲ့ Round of 16 ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့်...

ကိုပါအမေရိကပြိုင်ပွဲမှာ စည်းကြပ်ဒိုင်တစ်ဦး အပူချိန်ကြောင့် ကွင်းထဲလဲကျ

ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ် ပီရူး(ဝ-၁)ကနေဒါပွဲ ပထမပိုင်းအပြီး ထပ်ဆောင်းအချိန်ပိုမှာ စည်းကြပ်ဒိုင်လူကြီးတစ်ဦးဟာ ကွင်းထဲလဲကျပြီး ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ကွင်းထဲကို ဆေးအဖွဲ့အမြန်ဆုံးရောက်ရှိလာပြီး ဂွါတီမာလာစည်းကြပ်ဒိုင် ဟမ်ဘာတိုကို ထမ်းစင်နဲ့ ကွင်းအတွင်းကနေ သယ်ထုတ်သွားခဲ့ရပါတယ်။ ဟမ်ဘာတိုရဲ့အခြေအနေအပေါ် ကစားသမားတွေနဲ့ ပရိသတ်တွေက စိုးရိမ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာသူဟာ ပြန်လည်မတ်တတ်ရပ်နိုင်ခဲ့တယ်လို့...