Trending

နယူးကာဆယ်နဲ့ပွဲက ဘုန်းမောက်ရဲ့အနိုင်ဂိုးကို ငြင်းပယ်ခဲ့တဲ့ VAR ဆုံးဖြတ်ချက်ကို အီရာအိုလာ ဝေဖန်

မနေ့က ဘုန်းမောက်(၁-၁)နယူးကာဆယ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသွင်းအတွက်အနိုင်ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဒန်ဂိုရဲ့ထပ်ဆောင်းအချိန်ပိုမှာသွင်းယူတဲ့ ဂိုးကို ခွင့်မပြုခဲ့တဲ့ VAR ရဲ့ဆုံးဖြတ်ချက်ကို ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာက ဝေဖန်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်က ဒန်ဂိုဟာ ဘောလုံးကိုလက်နဲ့ထိခဲ့တယ်လို့ ပြောခဲ့ပေမယ့် အီရာအိုလာကတော့ ဘောလုံးကိုပခုံးနဲ့ ထိခဲ့တယ်လို့...

အသက်(၂၃)နှစ်မပြည့်ခင် ပရီးမီးယားလိဂ်မှာ နိုင်ပွဲ(၁၀၀)ပြည့်တဲ့ စတုတ္ထမြောက် ကစားသမား ဆာကာ

မနေ့က ပရီးမီးယားလိဂ်ပွဲစဉ်(၂) အက်စတွန်ဗီလာ(ဝ-၂)အာဆင်နယ်ပွဲမှာ အာဆင်နယ်အသင်းအနိုင်ရခဲ့ပြီးနောက် အာဆင်နယ်အသင်းရဲ့အင်္ဂလန်တောင်ပံကစားသမားဆာကာဟာ ပရီးမီးယားလိဂ်မှာနိုင်ပွဲ(၁၀၀)ပြည့်ခဲ့ပါတယ်။ အသက်(၂၂) နှစ်၊ (၁၁)လအရွယ်ရှိတဲ့ ဆာကာအနေနဲ့ အသက်(၂၃)နှစ်မပြည့်ခင်မှာ ဒီမှတ်တမ်းကိုရရှိတဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာပါတယ်။ ဆာကာဟာ ၂၀၁၈-၁၉ ရာသီက စပြီး ပရီးမီးယားလိဂ်မှာ ပွဲဦးထွက်ကစားခွင့်ရခဲ့ပြီး (၇)ရာသီအတွင်း...

မန်စီးတီးမှာ (၂)နှစ်အတွင်း ပရီးမီးယားလိဂ်ဟက်ထရစ် (၇)ဂိုးသွင်းပြီး ရွန်နီရဲ့ မှတ်တမ်းကိုမီခဲ့တဲ့ ဟာလန်း

ပရီးမီးယားလိဂ်ပွဲစဉ်(၂) မန်စီးတီး(၄-၁)အစ်ဝစ်ချ်ပွဲမှာ ဟက်ထရစ်သွင်းခဲ့ပြီးနောက် မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းအနေနဲ့ ဒီအသင်းအတွက် ပြိုင်ပွဲစုံမှာသွင်းတဲ့ ဟက်ထရစ် စုစုပေါင်း(၁၀)ကြိမ်အထိ ရှိလာခဲ့ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၇)ကြိမ်မြောက် ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ဟက်ထရစ်အများဆုံးသွင်းယူသူစာရင်းမှာ မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီရဲ့အကြိမ်အရေအတွက်ကိုပါ လိုက်မီခဲ့ပါတယ်။ ၂၀၂၂ သြဂုတ်လမှာ မန်စီးတီးအသင်းအတွက်...

အသင်းဟောင်း မန်ယူနိုက်တက်ဘက်ကို သွင်းယူတဲ့ ဂိုးနဲ့ ကစားသမားဘဝဂိုး(၁၀၀၀)ပြည့်ခဲ့တဲ့ ဝဲလ်ဘက်

ဘရိုက်တန်အသင်းရဲ့အင်္ဂလန်ဝါရင့်တိုက်စစ်မှူးဒန်နီဝဲလ်ဘတ်ဟာ ဒီနေ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) ဘရိုက်တန်(၂-၁)မန်ယူနိုက်တက်ပွဲမှာ မန်ယူနိုက်တက်အသင်းဘက်ကို ပွဲချိန်(၃၂)မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒီဂိုးက သူ့ရဲ့ကစားသမားဘ၀ ပြိုင်ပွဲစုံဂိုး(၁၀၀)ပြည်ဂိုးဖြစ်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းအတွက် ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ်(၆)ပွဲမှာ (၅)ပွဲမြောက် ရှုံးနိမ့်တာဖြစ်သလို အသင်းရဲ့လူငယ်စီမံကိန်းက ထွက်​ပေါ်ခဲ့တဲ့ ကစားသမားဟောင်းရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတာလည်း...

လူကာကူအတွက် ချယ်လ်ဆီးနဲ့နာပိုလီအသင်း ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိ

ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့ဟာ သောကြာနေ့က အပြုသဘောဆောင်တဲ့ဆွေးနွေးမှုပြုလုပ်အပြီးမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို ရောင်းချဖို့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့ဟာ ဒီအပတ်ထဲမှာ လူကာကူရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ကြတာဖြစ်ပြီး လူကာကူဟာ အင်တာမီလန်အသင်းမှာ အတူလက်တွဲခဲ့တဲ့ နည်းပြဟောင်း ကွန်တီနဲ့ နာပိုလီအသင်းမှာ ပြန်လည်လက်တွဲအလုပ်လုပ်ရတော့မှာပါ။...

(၂)နှစ်အရွယ် မယားပါသမီးကို ရက်ရက်စက်စက်လုပ်ခဲ့လို့ ထောင်နန်းစံရတော့မယ့် ဟုချ်မေဆန်

ချန်ပီယံရှစ်ကလပ် မီလ်ဝေါလ်အသင်းမှာ နှစ်ကြိမ်တိုင်ကစားခဲ့ဖူးတဲ့ ကီယာနန်ဟုချ်-မေဆန်(၃၂ နှစ်)ဟာ အသက်(၂)နှစ်သာရှိသေးတဲ့ ကလေးငယ်ကို သေလုမျောပါး အပြင်းအထန်ဒဏ်ရာရအောင် ရိုက်နှက်ခဲ့တာကြောင့် ထောင်ဒဏ်ကျခံရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ လန်ဒန်ကလပ် အာဆင်နယ်နဲ့ စပါးအသင်းတို့မှာ လူငယ်ကစားသမားတစ်ဦးအဖြစ် ကစားခဲ့ဖူးသူဟုချ်-မေဆန်ဟာ သူ့ရဲ့မယားပါသမီးကို ရက်ရက်စက်စက်လူမဆန်စွာ...

ဂျာမနီလက်ရွေးစင်အသင်းက အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ ဝါရင့်ဂိုးသမား နော်ယာ

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာဘောလုံးလောကက အနားယူသွားတဲ့ကစားသမားတွေ များပြားနေစဉ်မှာပဲ နောက်ထပ်နာမည်ကျော်ဂိုးသမားတစ်ဦးကလည်း လက်ရွေးစင်ကစားသမားဘဝကို စွန့်လွှတ်ကြောင်း ကြေညာလိုက်ပါတယ်။ သူကတော့ အသက်(၃၈)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဝါရင့်ဂိုးသမားနော်ယာဖြစ်ပြီး သြဂုတ်(၂၁)ရက်နေ့မှာ သူ့ဆုံးဖြတ်ချက်ကို ကြေညာလိုက်တာပါ။ နော်ယာက "ဒီနေ့ဟာ ကျွန်တော့်ရဲ့လက်ရွေးစင်ကစားသမားဘဝအဆုံးသတ်တဲ့နေပါ"လို့ သူ့ရဲ့Instagram မှာ...

Subscriber တွေ တဟုန်ထိုးတိုးနေတဲ့ စီရော်နယ်ဒိုရဲ့ UR.Cristiano YouTube Channel

ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုအနေနဲ့ YouTube မှာ Channel အသစ် စတင်ချင်းမှာပဲ စံချိန်တင်ကိန်းဂဏန်းတွေကို ရောက်ရှိခဲ့ပါတယ်။ Channel စတင်ပြီး မိနစ်(၉၀)အကြာမှာ Subscribers (၁)သန်းပြည့်သွားခဲ့ပြီး အရင် Subscribers တစ်သန်းပြည့်စံချိန်ထက် နာရီပေါင်းများစွာ ကျော်ဖြတ်ကာ စံချိန်သစ်တင်ခဲ့ပါတယ်။...

PFA အကောင်းဆုံးဆုကို လူကြီးဆုရော၊ လူငယ်ဆုပါ ဆွတ်ခူးနိုင်ခဲ့တဲ့ (၆)ဦး မြောက် ကစားသမား ဖိုဒန်

အင်္ဂလန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(PFA)က ချီးမြှင့်တဲ့ဆုတွေထဲမှာ အဓိကကျတဲ့ဆုနှစ်ခုဖြစ်တဲ့ PFA အကောင်းဆုံးကစားသမားဆု (Men's Player of the Year)နဲ့ PFA အကောင်းဆုံးလူငယ်ကစားသမားဆု (Men's Young Player of the Year)ကို နှစ်ဆုလုံးရဖူးသူစာရင်းမှာ မန်စီးတီးတောင်ပံကစားသမားဖီးလ်ဖိုဒန်...