Month: July 2024

နိုင်ငံတကာဂိုးအများဆုံးကစားသမားစာရင်းမှာ အလီဒါယိုကို ကျော်ဖြတ်ပြီး ဒုတိယနေရာရောက်လာတဲ့ မက်ဆီ

၂၀၂၄ ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ် အာဂျင်တီးနား(၂-ဝ)ကနေဒါပွဲမှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီရဲ့နိုင်ငံတကာသွင်းဂိုးအရေအတွက်က (၁၀၉)ဂိုးအထိရှိလာပါတယ်။ မက်ဆီအနေနဲ့ နိုင်ငံတကာဂိုးအများဆုံးကစားသမားစာရင်းမှာ အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီကို ကျော်ဖြတ်ပြီး ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုရဲ့နောက် ဒုတိယနေရာကို ရောက်လာပါတယ်။ မက်ဆီနဲ့ အလီဒါယီတို့ဟာ ဒီပွဲမတိုင်ခင် နိုင်ငံတကာဂိုး(၁၀၈)ဂိုးနဲ့...

ဆီမီးဖိုင်နယ်မှာ နယ်သာလန်ကို နောက်ကျဂိုးနဲ့ အနိုင်ယူပြီး ယူရိုဗိုလ်လုပွဲမှာ စပိန်တွေ့မယ့် အင်္ဂလန်အသင်း

နယ်သာလန်(၁-၂)အင်္ဂလန် (ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်) ပြိုင်ပွဲမတိုင်ခင်ကတည်းက ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်း ဘာကြောင့် ဖြစ်နေရတာလဲဆိုတာကို အင်္ဂလန်အသင်းက တဖြည်းဖြည်းတိုးတက်လာတဲ့ခြေစွမ်းနဲ့အတူ ဆီမီးဖိုင်နယ်အဆင့်ကို ဖြတ်ကျော်ခြင်းနဲ့ ပြသခဲ့တယ်။ တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းသူတွေ အများအပြားပိုင်ဆိုင်ထားတဲ့အသင်းအနေနဲ့ ရှေ့ပွဲတွေမှာ ခြေစွမ်းကျဆင်းနေဦးတော့ .. ကြောင်ကြာကြာရေမငုပ်ဘူးဆိုတာ ပြခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့...

ဇူလိုင်လ ၁၁ ရက်နေ့ရဲ့ အကြိုက်ဆုံးပွဲများကြိုတင်ရင်ခုန်သံ

ယူရို-၂၀၂၄ ဆီမီးဖိုင်နယ် နယ်သာလန် - အင်္ဂလန်(11 July 2024 / 1:30 am) နယ်သာလန်က အုပ်စုအဆင့်မှာတုန်းက သြစတြီးယား၊ ပြင်သစ်တို့နောက် အကောင်းဆုံးတတိယနေရာရအသင်းအဖြစ် နောက်တစ်ဆင့်ကို တက်လာတဲ့အသင်းဖြစ်တယ်။ Round of 16...

ကနေဒါကို အနိုင်လောင်းပြီး ဒေါ်လာ(၃)သိန်း ဆုံးရှုံးခဲ့ရတဲ့ Drake ကို အာဂျင်တီးနားအသင်း လှောင်ပြောင်

ဒီမနက်က အာဂျင်တီးနား(၂-ဝ)ကနေဒါ ကိုပါအမေရိကဖလားဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ ကနေဒါအသင်းအနိုင်လောင်းပြီး ဒေါ်လာ(၃)သိန်းဆုံးရှုံးသွားခဲ့တဲ့ ကနေဒါရက်ပ်အဆိုတော် Darke ကို အာဂျင်တီးနားအသင်းဟာ သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ လှောင်ပြောင်မှုပြုလုပ်သွားခဲ့ပါတယ်။ ဒီပွဲမှာသာ ကနေဒါအသင်းအနိုင်ရခဲ့ရင် Darke ဟာ ဒေါ်လာ(၂.၈)သန်းကို သူ့ရဲ့အိတ်ကပ်ထဲထည့်သွင်းလို့ရမှာဖြစ်ပေမယ့် အခုတော့ ဒေါ်လာ(၃)သိန်းဆုံးရှုံးသွားခဲ့ရတာပါ။ အာဂျင်တီးနားအသင်းဟာ...

နယ်သာလန်- အင်္ဂလန် ယူရိုဆီမီးဖိုင်နယ်ပွဲစဉ်မှာ လုပ်ခ်ရှော အရန်ခုံ ထိုင်ရဖွယ်ရှိ

ဒီနေ့ကစားမယ့် နယ်သာလန်-အင်္ဂလန် ယူရို-၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းဘယ်နောက်ခံလူ လုပ်ခ်ရှောဟာ အင်္ဂလန်အသင်းရဲ့အရန်ခုံမှာ ထိုင်ရဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါနေပါတယ်။ လုပ်ခ်ရှောက သူဟာနယ်သာလန်အသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက်လူစာရင်းပါဝင်နိုင်ဖို့အတွက် ကြံ့ခိုင်မှုအပြည့်ရှိနေပြီလို့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာပါ။ လုပ်ခ်ရှောဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းနဲ့...

ယူရိုဆီမီးဖိုင်နယ်ပွဲ မတိုင်ခင် လေကျယ်ခဲ့တဲ့ ရာဘီယူကို ပွဲအပြီးမှာ ယာမားလ် တုံ့ပြန်

မနေ့က စပိန်(၂-၁)ပြင်သစ် ယူရို-၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲအပြီးမှာ စပိန်အသင်းလူငယ်ကြယ်ပွင့် ယာမားလ်က ဒီပွဲစဉ်မတိုင်ခင် သူ့ကိုမှတ်ချက်ပေးခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူ ရာဘီယူကို ပြန်ပြီးတုံ့ပြန်သွားခဲ့ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြသနေတဲ့ ယာမားလ်ဟာ ပြင်သစ်အသင်းနဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြပြီး (၁)ဂိုးသွင်းယူခဲ့ကာ ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆု(MOTM)ကိုရရှိခဲ့ပါတယ်။ ယာမားလ်ဟာ...

ကိုပါအမေရိကဆီမီးဖိုင်နယ်ပွဲစဉ် အာဂျင်တီးနား(၂-ဝ)ကနေဒါပွဲ Highlight Video

■ Video - ကိုပါအမေရိကဆီမီးဖိုင်နယ်ပွဲစဉ် အာဂျင်တီးနား(၂-ဝ)ကနေဒါပွဲမှာ အာဂျင်တီးနားအသင်းအတွက် တိုက်စစ်မှူးအယ်လ်ဗာရက်ဇ်သွင်းယူခဲ့တဲ့ဂိုး(၂၂ မိနစ်)နဲ့ အသင်းခေါင်းဆောင်မက်ဆီသွင်းယူခဲ့တဲ့ဂိုး(၅၁ မိနစ်)

ပြင်သစ်ကို အနိုင်ရတဲ့ပွဲအပြီး အောင်ပွဲခံနေချိန် လုံခြုံရေးဝန်ထမ်းကြောင့် မိုရာတာ ဒဏ်ရာရရှိ

မနေ့က စပိန်(၂-၁)ပြင်သစ် ယူရို-၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ စပိန်အသင်းသားတွေဟာ ပရိသတ်တွေအရှေ့မှာ အောင်ပွဲခံချိန် အသင်းခေါင်းဆောင် မိုရာတာဟာ လုံခြုံရေးဝန်ထမ်းတစ်ဦးကြောင့် ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အဆိုပါလုံခြုံရေးဝန်ထမ်းဟာ ကွင်းထဲကိုဝင်ရောက်လာတဲ့ ပရိသတ်ကို ဖမ်းဖို့ကြိုးစားခဲ့ရာမှာ ချော်လဲပြီး မိုရာတာရဲ့ဒူးကို ထိခိုက်မိသွားတာပါ။ မိုရာတာဟာ ထိခိုက်မှုကြောင့်...

ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ် စပိန်(၂-၁)ပြင်သစ်ပွဲ Highlight Video

■ Video - ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ် စပိန်(၂-၁)ပြင်သစ်ပွဲမှာ ပြင်သစ်အသင်းအတွက် တိုက်စစ်မှူးမူအာနီ ခေါင်းတိုက်သွင်းယူခဲ့တဲ့ဂိုး(၈ မိနစ်)၊ စပိန်အသင်းအတွက် တောင်ပံကစားသမားလာမင်းယာမားလ်ရဲ့ချေပဂိုး(၂၁ မိနစ်)နဲ့ တိုက်စစ်မှူးအော်လ်မိုရဲ့အနိုင်ဂိုး(၂၅ မိနစ်)

မက်ဆီ ဂိုးသွင်းပြီး အကောင်းဆုံးကစားသမားဆုပါရခဲ့တဲ့ ကိုပါအမေရိကဖလားဆီမီးဖိုင်နယ်

(ကိုပါအမေရိက ဆီမီးဖိုင်နယ်) အာဂျင်တီးနား(၂-ဝ)ကနေဒါ ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းက ကနေဒါအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းအတွက် ကနေဒါက ခက်ခဲတဲ့ပြိုင်ဘက်မဖြစ်ခဲ့ဘဲ အုပ်စုအဆင့်တုန်းက ရရှိခဲ့တဲ့ရလဒ်အတိုင်း ပြန်ပြီး အနိုင်ယူခဲ့တာပါ။ ပွဲချိန်(၂၂)မိနစ်မှာ...