Month: July 2024

ပေါ်တူဂီ-ပြင်သစ် အချိန်ပိုမှာ မိမိကိုလူစားလဲပေးဖို့ နည်းပြ ဒေးရွှမ့်ကို တောင်းဆိုခဲ့တယ်လို့ ဘာပေ ဆို

မနေ့က ပေါ်တူဂီ(ဝ-ဝ)ပြင်သစ် (AET) ပယ်နယ်တီ(၃-၅) ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေက သူဟာ ဒီပွဲစဉ်ရဲ့အချိန်ပိုဒုတိယပိုင်းမစတင်ခင်မှာ လူစားလဲပေးဖို့ နည်းပြ ဒေးရွှမ့်ကို တောင်းဆိုခဲ့တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ ဘာပေဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ နှာခေါင်းရိုးကျိုးခဲ့တာကြောင့် မျက်နှာဖုံးတပ်ဆင်ပြီး...

ဘယ်လင်ဂမ်က ပွဲပယ်မခံရပေမယ့် ဒီမီရယ်က ဘာကြောင့် (၂)ပွဲပယ်ခံခဲ့ရတာလဲ

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ အင်္ဂလန်အသင်းက ဆလိုဗက်ကီးယားအသင်းကို အချိန်ပိုမှာ အနိုင်ရရှိခဲ့တဲ့ Round of 16 ပွဲစဉ်မှာ ညစ်ညမ်းတဲ့အမူအရာပြုလုပ်ခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ယူရို(၃)သောင်းဒဏ်ကြေးငွေ ချမှတ်ခဲ့ပါတယ်။ ဘယ်လင်ဂမ်ဟာ ဒီပွဲစဉ်ရဲ့ထပ်ဆောင်းအချိန်ပိုမှာ အင်္ဂလန်အသင်းအတွက် ချေပဂိုးသွင်းယူအပြီး ဆလိုဗက်ကီးယားအသင်းအရန်ခုံတန်းရှေ့မှာ သူ့ရဲ့ခွကြားကို...

ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ် စပိန်(၂-၁)ဂျာမနီပွဲ Highlight Video

■ Video - ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ် စပိန်(၂-၁)ဂျာမနီပွဲမှာ ယာမားလ်ရဲ့ပေးပို့မှုကနေ စပိန်အသင်းအတွက်အော်လ်မိုသွင်းခဲ့တဲ့ ဦးဆောင်ဂိုး(၅၁ မိနစ်)၊ ဂျာမနီအသင်းအတွက် ဖလော်ရီယန်ဗစ်ဇ်သွင်းယူခဲ့တဲ့ ချေပဂိုး(၈၉ မိနစ်)နဲ့ အချိန်ပိုပွဲချိန်(၁၁၉)မိနစ်မှာ လူစားဝင်ကစားသမား မာရီနိုခေါင်းတိုက်သွင်းယူခဲ့တဲ့ အနိုင်ဂိုး၊ အချိန်ပို နောက်ဆုံးမိနစ်...

အချိန်ပိုသွင်းဂိုးနဲ့ အိမ်ရှင်ဂျာမနီကို အနိုင်ယူခဲ့တဲ့ စပိန်အသင်း ပေါ်တူဂီကိုပယ်နယ်တီမှာ ကျော်ဖြတ်ခဲ့တဲ့ ပြင်သစ်

စပိန်(၂−၁)ဂျာမနီ (AET)ပေါ်တူဂီ(ဝ-၀)ပြင်သစ် (AET)(ပြင်သစ် ပယ်နယ်တီ ၅-၃ နဲ့နိုင်) ယူရို-၂၀၂၄ ကွာတားဖိုင်နယ် ကိုပါအမေရိကွာတားဖိုင်နယ်မှာ အချိန်ပိုမကြည့်ရပေမယ့် ယူရိုကွာတားဖိုင်နယ်(၂)ပွဲကတော့ အချိန်ပိုတွေနဲ့အတူ ရင်ခုန်စရာရသတွေကို ပေးခဲ့ပါတယ်။ နှစ်ပွဲစလုံး ပုံမှန်ပွဲချိန်အတွင်း ဂိုးနည်းခဲ့ပေမယ့် တစ်ဖက်ဂိုးပေါက်ကို တစ်ဖက် အပြန်အလှန်ခြိမ်းခြောက်မှုတွေ...

ကိုပါအမေရိကဖလားပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် နည်းပြ ဖီလစ်ဆန်းချက်ဇ်ကို အီကွေဒေါ ထုတ်ပယ်

ဒီမနက်ကစားခဲ့တဲ့ အာဂျင်တီးနား(၁-၁)အီကွေဒေါ ပယ်နယ်တီ(၄-၂) ကိုပါအမေရိကဖလားပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ အီကွေဒေါဘောလုံးအဖွဲ့ချုပ်(FEF)ဟာ နည်းပြဖြစ်သူ ဖီလစ်ဆန်းချက်ဇ်ကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ ကာတာအသင်းကို ၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူပေးနိုင်ခဲ့တဲ့ စပိန်လူမျိုးနည်းပြ ဖီလစ်ဆန်းချက်ဇ်ဟာ အီကွေဒေါအသင်းကို ပြီးခဲ့တဲ့နှစ် မတ်က စတင်ကိုင်တွယ်ခဲ့ပြီး (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့ပေမယ့်...

Panenka ပုံစံနဲ့ မိမိပယ်နယ်တီ သွင်းနိုင်မယ်လို့ ယုံကြည်ခဲ့တဲ့အတွက် ဒေါသထွက်မိတယ်လို့ မက်ဆီ ဆို

ဒီမနက် ကိုပါအမေရိကဖလားကွာတားဖိုင်နယ်ပွဲစဉ် အာဂျင်တီးနား(၁-၁)အီကွေဒေါ (ပယ်နယ်တီ ၄-၂) ပွဲအပြီးမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက Panenka ပုံစံနဲ့ မိမိပယ်နယ်တီသွင်းယူနိုင်မယ်လို့ ယုံကြည်ခဲ့တဲ့အတွက် ဒေါသထွက်မိတယ်လို့ ပွဲအပြီးမီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ပြောခဲ့ပါတယ်။ မက်ဆီဟာ ပယ်နယ်တီအဆုံးအဖြတ်မှာ အာဂျင်တီးနားအသင်းအတွက် ပထမဆုံးကန်သွင်းသူအဖြစ်တာဝန်ယူခဲ့ပေမယ့် သူ့ရဲ့ကန်သွင်းချက်ဟာ...

ကိုပါအမေရိက ကွာတားဖိုင်နယ် အာဂျင်တီးနား(၁-၁)အီကွေဒေါပွဲ Highlight Video

■ Video - ကိုပါအမေရိက ကွာတားဖိုင်နယ် အာဂျင်တီးနား(၁-၁)အီကွေဒေါပွဲက အာဂျင်တီးနားအသင်းအတွက် လော်တာရိုမာတီနက်ဇ်ရဲ့ ခေါင်းတိုက်ဂိုး(၃၅ မိနစ်)၊ အီကွေဒေါအသင်းအတွက် ရိုဒရီဂွက်ဇ်ရဲ့ချေပဂိုး(၉၀+၁ မိနစ်) ■ ပုံမှန်ပွဲချိန်အပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ မက်ဆီ မဝင်ခဲ့တဲ့ ပယ်နယ်တီ၊ အာဂျင်တီးနားဂိုးသမား...

စပိန်နဲ့ပွဲမတိုင်ခင် နည်းဗျူဟာ အစီအစဉ်တွေ မပေါက်ကြားစေဖို့ ဂျာမနီ လုပ်ဆောင်

ဒီနေ့ကစားမယ့် စပိန်-ဂျာမနီ ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် အိမ်ရှင်ဂျာမနီအသင်းဟာ သူတို့ရဲ့နည်းဗျူဟာအစီအစီအစဉ်တွေ မပေါက်ကြားစေဖို့ ပြင်းထန်တဲ့အစီအမံတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဂျာမနီသတင်းစာ Bild က ဂျာမနီအသင်းနည်းပြ နာဂယ်လ်စမန်းဟာ သူ့ရဲ့ထိပ်တန်းပွဲစဉ်လျှို့ဝှက်အစီအစဉ်တွေကို လေ့ကျင့်ရေးစခန်းအတွင်းမှာ သူလျှိုလုပ်မှာကို စိုးရိမ်‌ပြီး အထူးလုံခြုံရေးအစီအမံတွေ ထားရှိထားတယ်လို့...

ယူရို-၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ် မတိုင်ခင် ဒဏ်ရာအခြေအနေကို ရှာကာ စကန်ဖတ်စစ်ဆေးမှုခံယူ

ဆွစ်ဇာလန်အသင်းခေါင်းဆောင် ရှာကာဟာ အင်္ဂလန်အသင်းနဲ့ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် သူ့ရဲ့ဒဏ်ရာအခြေအနေကို စကန်ဖတ်စစ်ဆေးမှုခံယူခဲ့ပါတယ်။ ရှာကာဟာ ကြွက်သားဒဏ်ရာခံစားနေရပြီး အီတလီအသင်းကို (ဝ-၂)ဂိုးနဲ့ ဆွစ်ဇာလန်အသင်းအနိုင်ရခဲ့တဲ့ Round of 16 ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့်...

မက်ဆီ ပယ်နယ်တီလွဲခဲ့ပေမယ့် ကိုပါအမေရိကဆီမီးဖိုင်နယ်တက်တဲ့ အာဂျင်တီးနား

အာဂျင်တီးနား(၁-၁)အီကွေဒေါ(ပယ်နယ်တီ ၄-၂နဲ့ အာဂျင်တီးနားနိုင်) ကိုပါအမေရိက ကွာတားဖိုင်နယ် ကိုပါအမေရိက ကွာတားဖိုင်နယ် ပထမဆုံးပွဲမှာ ချန်ပီယံအာဂျင်တီးနားက အီကွေဒေါအသင်းကို နောက်ကျချေပဂိုးပြန်ပေးခဲ့ရတာကြောင့် ပုံမှန်ပွဲချိန်အတွင်း (၁-၁)ဂိုးနဲ့ သရေကျခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။ ပယ်နယ်တီမှာ မက်ဆီက ပထမဆုံးကန်တဲ့အလုံးကို မဝင်ခဲ့ပေမယ့် ကျန်တဲ့...