Month: July 2024

ပြင်သစ် – ဘယ်လ်ဂျီယံ ပွဲစဉ်အပြီး သတင်းထောက်တစ်ဦးရဲ့မေးမြန်းမှုကို ဒီဘရိုင်းနား ဒေါသထွက်

မနေ့က ပြင်သစ်(၁-ဝ)ဘယ်လ်ဂျီယံ ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်အပြီးမှာ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းနားဟာ သတင်းထောက်တစ်ဦးရဲ့မေးခွန်းမေးမြန်းမှုကို ဒေါသထွက်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ပြင်သစ်အသင်းကို နောက်ကျ Own Goal နဲ့ အရေးနိမ့်ပြီး ယူရို-၂၀၂၄...

ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်အနားမှာ ဘာပေ ပြေးလွှားအောင်ပွဲခံ

ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ် ပြင်သစ်(၁-ဝ)ဘယ်လ်ဂျီယံပွဲမှာ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ ဒီပွဲရဲ့အဆုံးဖြတ်ဖြစ်စေမယ့်ဂိုးကို Own Goal သွင်းယူမိခဲ့တဲ့ ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်ရဲ့အနားမှာ ​ပြေးလွှားပြီးအောင်ပွဲခံခဲ့ပါတယ်။ ဒီပွဲရဲ့ပွဲချိန်မိနစ်(၉၀)ပြည့်ဖို့ (၅)မိနစ်အလိုမှာ ပြင်သစ်တိုက်စစ်မှူး မူအာနီရဲ့ကန်ချက်ဟာ...

ယူရို-၂၀၂၄ Round of 16 အဆင့်ပွဲစဉ် ပေါ်တူဂီ(ဝ-၀)ဆလိုဗေးနီးယားပွဲရဲ့ အချိန်ပို(၁၀၅)မိနစ်မှာ စီရော်နယ်ဒိုလွဲချော်ခဲ့တဲ့ ပယ်နယ်တီနဲ့ ပွဲအပြီး ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းမှု

ဆလိုဗေးနီးယား အီလီဆစ် ❌ဘယ်လ်ကိုဗက် ❌ဗာဘစ် ❌ ပေါ်တူဂီ စီရော်နယ်ဒို ⚽ဘရူနိုဖာနန်ဒက်စ် ⚽ဘာနာဒိုဆေးလ်ဗား ⚽

ယူရို ၂၀၂၄ Round of 16 ပြင်သစ်(၁-၀)ဘယ်လ်ဂျီယံပွဲ Highlight Video

Video - ယူရို ၂၀၂၄ Round of 16 ပြင်သစ်(၁-၀)ဘယ်လ်ဂျီယံပွဲမှာ ပြင်သစ်တိုက်စစ်မှူး မူအာနီရဲ့ ကန်ချက် ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်နဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးထဲဝင်သွားခဲ့တဲ့ဂိုး(၈၅ မိနစ်)

ဘယ်လ်ဂျီယံကို Own Goal နဲ့အနိုင်ရတဲ့ ပြင်သစ် ပယ်နယ်တီအစွမ်းပြပြီး ကွာတားတက်တဲ့ ပေါ်တူဂီ

ပြင်သစ်(၁-ဝ)ဘယ်လ်ဂျီယံပေါ်တူဂီ(ဝ-၀)ဆလိုဗေးနီးယား (AET)(ပယ်နယ်တီ ၃-၀ ဂိုးနဲ့ ပေါ်တူဂီနိုင်) (ယူရို-၂၀၂၄ Round of 16) ယူရို-၂၀၂၄ ပြိုင်ပွဲအဖွင့်ပွဲမှာ တစ်ပွဲတည်း(၆)ဂိုးကို တွေ့မြင်ခဲ့ရပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ဒီပြိုင်ပွဲက ဂိုးတွေ တဖြည်းဖြည်းခမ်းခြောက်လာပါတယ်။ Round of 16...

အင်္ဂလန်အတွက် နောက်အကျဆုံးဂိုးသွင်းတဲ့ ဘယ်လင်ဂမ်နဲ့ ယူရိုရဲ့ အချိန်ပိုမှာ အမြန်ဆုံးဂိုးသွင်းတဲ့ ဟာရီကိန်း

ယူရို-၂၀၂၄ Round of 16 အဆင့်ပွဲစဉ် အင်္ဂလန်(၂-၁)ဆလိုဗက်ကီးယားပွဲမှာ အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ ဘယ်လင်ဂမ်၊ ဟာရီကိန်းတို့က ထူးခြားတဲ့မှတ်တမ်းတွေ ရရှိခဲ့ကြပါတယ်။ ဒီပွဲရဲ့ ပွဲပြီးခါနီး ပွဲချိန်(၉၄)မိနစ်၊ (၃၄)စက္ကန့်မှာ အင်္ဂလန်ကွင်းလယ်လူဘယ်လင်ဂမ်သွင်းယူခဲ့တဲ့ ချေပဂိုးဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက် (ပုံမှန်ပွဲကစားချိန်အတွင်း) အင်္ဂလန်အသင်းရဲ့နောက်အကျဆုံးဂိုးအဖြစ်...

ဒန်အက်ရှ်ဝေါ့ကို အားကစားဒါရိုက်တာအသစ်အဖြစ် ခန့်အပ်ဖို့ မန်ယူနိုက်တက် သဘောတူညီမှုရရှိ

မန်ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ လျော်ကြေးငွေဆွေးနွေးအပြီးမှာ ဒန်အက်ရှ်ဝေါ့ကို အားကစားဒါရိုက်တာအသစ်အဖြစ်ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ဒန်အက်ရှ်ဝေါ့ဟာ မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ချင်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ပြောခဲ့တာကြောင့် နယူးကာဆယ်အသင်းဟာ သူ့ကို ပြီးခဲ့တဲ့(၄)လကတည်းက ရာထူးကနေ အနားပေးထားတာပါ။ ဒန်အက်ရှ်ဝေါ့ဟာ...

ဆလိုဗက်ကီးယား အရန်ခုံတန်းဘက်ကို ညစ်ညမ်းတဲ့အမူအရာ လုပ်ပြခဲ့တယ်ဆိုတာကို ဘယ်လင်ဂမ် ငြင်းဆို

မနေ့က အင်္ဂလန်(၂-၁)ဆလိုဗက်ကီးယား(AET) ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်မှာ အင်္ဂလန်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်က သူဟာ ဆလိုဗက်ကီးယားအသင်းအရန်ခုံတန်းဘက်ကို ညစ်ညမ်းတဲ့အမူအရာ ပြုလုပ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဘယ်လင်ဂမ်ဟာ ဒီပွဲစဉ်မှာ အင်္ဂလန်အသင်း ကွာတားဖိုင်နယ်တက်နိုင်မယ့် အရေးပါတဲ့...